လူသားမျိုးဆက် ဆက်လက်တည်တံ့နေဖို့အတွက် သီးချိန်တန်ရင်သီး၊ ပွင့်ချိန်တန်ရင်ပွင့်ကြရတာ ဓမ္မတာပါပဲ။

ကမ္ဘာသူ ကမ္ဘာသားတွေမှာ ကမ္ဘာဦးကတည်းက မျိုးဆက်အလိုက် သယ်ပိုးဆောင်ရွက်လာတဲ့ သမိုင်းပေးတာဝန်တစ်ခု ရှိပါတယ်။ အဲဒါကတော့ မျိုးဆက်ပွားခြင်းပါပဲ။ လူသားမျိုးဆက် ဆက်လက်တည်တံ့နေဖို့အတွက် သီးချိန်တန်ရင်သီး၊ ပွင့်ချိန်တန်ရင်ပွင့်ကြရတာ ဓမ္မတာပါပဲ။ ဒါတင်မကသေးပါဘူး။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အိမ်ထောင်သည်တွေဟာ လူပျို၊ အပျိုတွေထက်စာရင် ကျန်းမာရေးပိုကောင်းနိုင်တဲ့ အချက်တွေ အများကြီးရှိပါတယ်။



၁။ ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်

01_Dementia_Little-Known-Ways-Marriage-Affects-Your-Health_678933706_DGLimages-760x506.jpg 

ကမ္ဘာ့အယ်လ်ဇိုင်းမား ရောဂါကာကွယ်ရေး အဖွဲ့ကြီးရဲ့ အဆိုအရ အယ်လ်ဇိုင်းမားရောဂါ အန္တရာယ်ကို လျော့ကျစေနိုင်တဲ့ နေ့စဉ်အလေ့အထလေးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ အိမ်ထောင်ပြုလိုက်ပြီး မိမိဦးနှောက်ကို ကာကွယ်တာပါပဲတဲ့။ သုတေသနတစ်ခုအရဆိုရင် အိမ်ထောင်ရှင် အမျိုးသား၊ အမျိုးသမီးတွေဟာ အရွယ်ရလာချိန်မှာ ဦးနှောက်ထိခိုက်မှု ဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ (၄၃) ရာခိုင်နှုန်း ပိုမိုလျော့ကျစေပါတယ်တဲ့။

အိမ်ထောင်သည်ဘဝ ကတောက်ကဆဖြစ်နေရတာလေးတွေ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လုပ်နေရတာလေးတွေကိုက ဦးနှောက်ကို တက်ကြွနေစေလားတော့ မသိပါဘူး။

၂။ သွေးဖိအား လျော့ကျစေတယ်

နှလုံးရောဂါဟာ တစ်ကမ္ဘာလုံးကို ချိန်းခြောက်နေတဲ့ သေနှုန်းမြင့်ရောဂါတစ်မျိုး ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရှိမယ်ဆိုရင်တော့ နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ သွေးဖိအား အလွန်အကျွံတက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ Brigham Young တက္ကသိုလ်မှာ ပြုလုပ်တဲ့ သုတေသနတစ်ခုအရ ပျော်ရွှင်တဲ့အိမ်ထောင်သည်တွေမှာ သွေးဖိအားလျော့နည်းပြီး နှလုံးအန္တရာယ်ကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

၃။ စိတ်ဖိစီးမှုကို လျော့နည်းစေတယ်

04_Stressed_Little-Known-Ways-Marriage-Affects-Your-Health_582966361_Rawpixel.com_-760x506.jpg

စိတ်ဖိစီးမှုက ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အစရှိတဲ့ ကြောက်မက်ဖွယ် ကျန်းမာရေးပြဿနာတွေနဲ့ ဆက်နွယ်နေပါတယ်။ ဒါပေမဲ့ အိမ်ထောင်သည်တွေမှာတော့ စိတ်ဖိစီးမှုကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ပြီး စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ကင်းဝေးတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါပေမဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခု ဖြစ်ဖို့တော့လိုတာပေါ့။ မပျော်ရွှင်တဲ့ အိမ်ထောင်ရေးကတော့ စိတ်ဖိစီးမှုကို ပိုမိုဆိုးရွားစေမှာပါ။ ဘဝမှာအဆင်မပြေမှုလေးတွေ ရှိလာတဲ့အခါ ဘေးနားမှာအားပေးမဲ့ အဖော်မွန်လေး ရှိနေတာက စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံးဆေးပါပဲ။

၄။ အဆုတ်လုပ်ဆောင်မှု ပိုမိုကောင်းမွန်မယ်

05_Lung_Little-Known-Ways-Marriage-Affects-Your-Health_526175119_Halfpoint-760x506.jpg

အသက်ရှူလိုက်တိုင်းမှာ လတ်ဆတ်တဲ့လေထုရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်တဲ့ဖီးလ်ကို မလိုချင်တဲ့သူ ဘယ်သူရှိမလဲ။ ဒါပေမဲ့ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အဆုတ်ကျန်းမာရေးရဲ့ အရေးပါပုံကို ပိုမိုသိရှိလာမှာပါ။ Health Psychology ဂျာနယ်မှာဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရဆိုရင် အိမ်ထောင်သည်တွေရဲ့ အဆုတ်လုပ်ဆောင်မှုက ပိုမိုကောင်းမွန်ပါတယ်တဲ့။ အချစ်နဲ့ လွှမ်းခြုံထားတဲ့ လေထုလေးက အဆုတ်ကျန်းမာရေးကို ပိုမိုအားကောင်းစေပုံပါပဲ။

၅။ အမျိုးသားတွေ အသက်ပိုရှည်နိုင်တယ်

အိမ်ထောင်သည်အမျိုးသားတွေဟာ လူပျိုကြီးတွေနဲ့ နှိုင်းစာရင် ပျမ်းမျှအသက် (၁၀) နှစ်ခန့် အသက်ရှည်ရှည် ပိုနေနိုင်စွမ်းရှိပါတယ်။ ဒါဟာလည်း လူပျိုကြီးတွေမှာ ရှိတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အထီးကျန်မှုတို့၊ စည်းလွတ်ဝါးလွတ် သောက်စားပျော်ရွှင်တတ်မှုတို့ကြောင့် ကျန်းမာရေးပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေဟာ အိမ်ထောင်သည်တွေပေါ်ကို သက်ရောက်နိုင်စွမ်း မရှိလို့ပါပဲ။

၆။ အမျိုးသမီးတွေ စိတ်ကျန်းမာရေးပိုကောင်းမယ်

09_Women_Little-Known-Ways-Marriage-Affects-Your-Health_514951309_Olena-Yakobchuk-760x506.jpg 

အိမ်ထောင်သည် အမျိုးသားတွေက အသက်ရှည်ရှည်ပိုနေရသလို အိမ်ထောင်သည်အမျိုးသမီးတွေကတော့ နေရတဲ့နေ့ရက်တွေမှာ ပိုမိုပျော်ရွှင်စွာ နေထိုင်နိုင်ကြပါတယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ နေထိုင်တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ စိတ်ဖိစီးမှု၊ စိတ်သောကနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို လျော့ပါးစေပြီး ပိုမိုပျော်ရွှင်စေနိုင်ပါတယ်တဲ့။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က