ညကြီးသန်းခေါင် ခြေဆစ်၊ လက်ဆစ်တွေ ကိုက်လို့ အိပ်ယာကနေ လန့်နိုးလာဖူးပါသလား။ ခြေချောင်း၊ လက်ချောင်းတွေ နာကျင်လို့ အရာဝတ္ထုတွေကို ကိုင်တွယ်ဖို့တောင် ခက်ခဲနေပါသလား

ညကြီးသန်းခေါင် ခြေဆစ်၊ လက်ဆစ်တွေ ကိုက်လို့ အိပ်ယာကနေ လန့်နိုးလာဖူးပါသလား။ ခြေချောင်း၊ လက်ချောင်းတွေ နာကျင်လို့ အရာဝတ္ထုတွေကို ကိုင်တွယ်ဖို့တောင် ခက်ခဲနေပါသလား။ ဒါဆိုရင်တော့ သင့်မှာ အဆစ်အမြစ်ရောင်ရောဂါ (gout ရောဂါ) ဖြစ်နေနိုင်ခြေ များနေပါပြီ။ အဆစ်အမြစ်ရောင် ရောဂါဆိုတာ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် (Uric acid) ကြွယ်ဝမှုကြောင့် ဖြစ်ပွားတတ်ပြီး လူကိုဒုက္ခပေးနိုင်တဲ့ ရောဂါတစ်မျိုးပါ။



 

ယူရစ်အက်ဆစ်ဆိုတာ purines လို့ခေါ်တဲ့ ဓာတုပစ္စည်းကထွက်တဲ့ စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် များလာတဲ့အခါ ကျောက်ကပ်လုပ်ဆောင်မှုတွေ ရပ်တန့်သွားသည်အထိ အန္တရာယ်များပါတယ်။ ဒါကြောင့် အဆစ်အမြစ်ရောင် ရောဂါရှင်တွေနဲ့ ကျောက်ကပ်အားနည်းသူတွေ ယူရစ်အက်ဆစ် မတက်အောင် ဆောင်ရန် ရှောင်ရန် အစားအစာလေးတွေကို သိထားသင့်ပါတယ်။

စားသုံးပေးသင့်တဲ့ အစားအစာများ

၁။ ဟင်းသီးဟင်းရွက်များ

vegetables-good.jpg 

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ဟင်းနုနွယ်ရွက်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ ဗီတွတ်မုန်လာဥ၊ ပဲစိမ်းတောင့်၊ အာလူး တို့ပဲ ဖြစ်ပါတယ်။

၂။ အသီးအနှံ

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ သစ်သီးဝလံတွေကတော့ ချယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ သံပုရာသီး၊ သံပရိုသီး၊ ဂရိတ်ဖရုထ်သီး၊ လိမ္မော်သီး၊ နာနတ်သီး၊ ပန်းသစ်တော်သီးနဲ့ ပျားလိမ္မော်သီးတို့ ဖြစ်ပါတယ်။

၃။ ပရိုတိန်းဓာတ်စာ

health-benefits-of-mushrooms-guide-700-350.jpg 

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ပရိုတိန်းဓာတ်စာတွေကတော့ မှို၊ ပဲနောက်စေ့၊ ပဲတောင့်ရှည်တို့ပဲ ဖြစ်ပါတယ်။

၄။ ကာဘိုဟိုက်ဒရိတ်

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေဟာ ပါစတာခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲနဲ့ ပေါင်မုန့်အစရှိတဲ့ ကာဘိုဟိုက်ဒရိတ်တွေကိုလည်း စားသုံးပေးသင့်ပါတယ်။

၅။ သောက်စရာ

cherry-juice.jpg 

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ သောက်သုံးပေးသင့်တဲ့ သောက်စရာတွေကတော့ ရေ၊ သံပုရာရည်၊ ချယ်ရီသီးဖျော်ရည်၊ ထောပတ်နို့၊ လက်ဖက်ရည်နဲ့ ကော်ဖီတို့ပဲ ဖြစ်ပါတယ်။

ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

၁။ ပရိုတိန်းဓာတ်

image_4743_1280px_efc237d4015a4775898a37f68587a05d.jpeg 

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေ ရှောင်ကြဉ်သင့်တဲ့ ပရိုတိန်းဓာတ်စာတွေကတော့ ဆာဒင်းငါး၊ မက်ကရယ်ငါး၊ ငါးပါးနီခြောက်၊ တူနာ၊ ထရောက်ငါး၊ ရေငန်ငါး၊ အမဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်သား၊ ကြက်သား၊ ကလီစာများ၊ ဘဲသား၊ ကြက်ဆင်သား၊ တို့ဟူး၊ ဂဏန်း၊ ပြည်ကြီးငါး၊ ကမာကောင်နဲ့ ပုစွန်တုပ်တို့ပဲ ဖြစ်ပါတယ်။

၂။ သောက်စရာ

သောက်စရာတွေထဲမှာ အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေနဲ့ လုံးဝမတည့်တဲ့ သောက်စရာတွေကတော့ အရက်နဲ့ ရယ်ဒီမိတ် ဘူးသွပ်ဖျော်ရည်ဘူးတွေပဲ ဖြစ်ပါတယ်။

၃။ အဆီဓာတ်နဲ့ အဆီ

Mayonnaise_(1).jpg 

အဆစ်အမြစ်ရောင် ဝေဒနာရှင်တွေဟာ တိရစ္တာန်တွေကရတဲ့ အဆီတွေ၊ မရောနိစ်တွေ၊ ထောပတ်တွေနဲ့လည်း မတည့်ပါဘူး။

၄။ တခြားအစားအစာများ

အဆစ်အမြစ်ရောင် ရောဂါသည်တွေဟာ ဖရူးတို့စ်ပါဝင်မှု များပြားတဲ့ ပြောင်းဖူးစွပ်ပြုတ်၊ ပေါင်မုန့်ချို၊ ကြက်သား၊ ငါး စွပ်ပြုတ်စတာတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က