ယခုဖြစ်စဉ်မျိုးကို အမျိုးသမီးတွေနဲ့ ဆေးလိပ်မသောက်သူတွေမှာတော့ မတွေ့ရပါဘူး....

ဗီတာမင် B6 နဲ့ B12 ဖြည့်စွက်အားဆေးတို့ကို အမြောက်အများ မှီဝဲသောက်သုံးတဲ့ အမျိုးသားတွေဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ များစွာရှိတယ်လို့ အမေရိကန် ဆေးပညာအဖွဲ့အစည်းတစ်ခုရဲ့ လေ့လာမှုက ဖော်ပြလိုက်ပါတယ်။ လေ့လာမှုရလဒ်ကိုတော့ Journal of Clinical Oncology ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာပါ။

 

အဆိုပါဗီတာမင်ဖြည့်စွက်ဆေးတွေကို အများအပြားသောက်တဲ့ အမျိုးသားတွေဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၃၀% မှ ၄၀% ထိ မြင့်တက်လာပါတယ်။ ဒီလိုမျိုး ဗီတာမင် B ဖြည့်စွက်ဆေးတွေ သောက်သုံးမှုကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေမြင့်တက်ခြင်းဟာလည်း ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေပြန်ပါတယ်။

အိပ်ယာထဲမှာဖုန်းသုံးခြင်းကို ရပ်တန့်သင့်တဲ့အကြောင်းရင်း 

ဆေးလိပ်သောက်သူတွေအနေနဲ့ ဗီတာမင် B6 နဲ့ B12 ဖြည့်စွက်ဆေးတွေ ပိုသောက်ရင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေမြင့်တက်လာတယ်လို့ ယင်းဆောင်းပါးမှာ ရေးသားထားပါတယ်။

သို့ပေမဲ့လည်း အမျိုးသမီးတွေ၊ ဆေးလိပ်မသောက်သူတွေအနေနဲ့ ဗီတာမင် B ဖြည့်စွက်ဆေးသောက်လို့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်လာတာမျိုးကို မတွေ့ရဘူးလို့ သိရပါတယ်။ ဒီလေ့လာမှုဟာ ဝါရှင်တန်ရှိ အသက် ၅၀ မှ ၇၆ နှစ်ကြား လူပေါင်း ၇၇၀၀၀ ခန့်ထံမှာ လေ့လာခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်တွေထဲမှာ အဆုတ်ကင်ဆာရှိသူ ၁၃၉ ဦး ပါဝင်ပြီး ယင်းတို့အနက် လူပေါင်း ၃၂၀၀ ကျော်ကတော့ ဆေးလိပ်သောက်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Source : CNN

Share

Loading Next Article...
က္က