play

စီပီအာ (CPR) ဆိုတာက လူတစ်ယောက်ရုတ်တရက် အသက်ရှူရပ်သွားတဲ့အခါမှာ အသက်ပြန်ရှူလာစေရန်  လုပ်ပေးသောနည်း ဖြစ်ပါတယ်။ မိုးကြိုးပစ်ခြင်း၊ ဦးခေါင်းကို တစ်ခုခုဖြင့်ထိမှန်ခြင်း၊ ရေနစ်ခြင်း၊ ပန်းနာရင်ကြပ်ခြင်း၊ နှလုံးဖောက်ခြင်း၊ အန်ဖတ်ဆို့ခြင်း၊ မူးယစ်ဆေး အလွန်အကျွံသုံးခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆီးချိုရှိသူများ ဆီးချိုကျလျှင် (သွေးထဲ၌သကြားပါဝင်မှု အလွန်အမင်းကျဆင်းသွားခြင်း) အခါမျိုးမှာလည်း နှလုံးခုန်ရပ်တတ်ပါတယ်။

play

play

အဆင့် (၁) အသက်ရှူ၊ မရှူ ရှေးဦးစွာ စစ်ကြည့်ပါ။ ပထမဦးစွာ သတိမေ့နေသောလူနာကို အသာအယာလှုပ်ကြည့်ပေးပါ။ ရင်ဘတ်ပေါ်မှာ လက်ဖဝါးတင်ပြီး နှလုံးခုန်၊ မခုန် စမ်းသပ်ကြည့်ပါ။ နှာခေါင်းပေါက်နားကို နားနဲ့ ကပ်ပြီး အသက်ရှုနေမနေ နားထောင်ကြည့်ပါ။

အဆင့် (၂) သွေးခုန်နှုန်းစမ်းကြည့်ပါ။ လူနာ၏ လည်ပင်းနံဘေးတွင် အသာဖိပြီး သွေးကြောခုန် မခုန် စမ်းသပ်ကြည့်ပါ။ တလှုပ်လှုပ်နဲ့ သွေးခုန်နေပါက အသက်ရှူမရပ်သေးပါဘူး။ သွေးခုန်နှုန်းကို စမ်းလို့မရဘူးဆိုရင် စီပီအာ (CPR) လုပ်ရပါမယ်။

play

အဆင့် (၃) လူနာကို ကြမ်းပြင်ပေါ် (သို့) ပြင်ညီ မြေမျက်နှာပြင်ပေါ်မှာ ပက်လက်အနေအထားဖြင့် ထားပါ။ အင်္ကျီတင်းကျပ်နေပါက ကြယ်သီးတွေကို ဖြုတ်ပေးထားပါ။ ခေါင်းနောက်ဖက် ဂုတ်ပိုးအောက်မှာ ခံထားစရာ အခုလေးတစ်ခု (သို့မဟုတ်) အဝတ်စကို ခေါက်ပြီး ခုထားပေးပါ။ ပြီးနောက် လူနာဘေးတွင် ဒူးထောက်ထိုင်လိုက်ပါ။ လေပေါက်ပွင့်နေစေရန် ခေါင်းကို နောက်ကို လှန်ထားပေးပါ။ လူနာ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး လျှာကို အရှေ့ကို ဆွဲထုတ်ပေးပါ။

play

အဆင့် (၄) ပါးစပ်နှင့် နှာခေါင်းပေါက်ထဲကို လေမှုတ်သွင်းပေးပါ။ လူနာသည် သွေးလည်းမခုန်၊ အသက်လည်း မရှူဆိုလျှင် လူနာ၏ နှာခေါင်းကို လက်မ၊ လက်ညှိုးတို့နဲ့ ညှပ်ပြီး ပိတ်ထားပါ။ အသက်ပြင်းပြင်းရှူပါ။ ထို့နောက် လူနာ၏ပါးစပ်ကို မိမိ၏ပါးစပ်ဖြင့် အုပ်လျက် လေကို နှစ် စက္ကန့်ကြာမျှ နှစ်ကြိမ် ဖြည်းဖြည်းချင်း မှုတ်သွင်းပါ။ လူနာ၏ ရင်ဘတ် ဖောင်းလာမလာ စောင့်ကြည့်ပါ။ ပါးစပ်ကို ဟနေပါစေ။ လျှာကိုလည်း ဘေးကပ်နေပါစေ။ ဒီအတိုင်း လူနာ၏ရင်ဘတ် ဖောင်းလာတဲ့အထိ ၄ ကြိမ်၊ ၆ ကြိမ် ဆက်လုပ်ပါ။

အဆင့် (၅) တကယ်လို့ လူနာ၏ရင်ဘတ် ဖောင်းလာရင် (သို့မဟုတ်) လူနာကိုယ်တိုင် သူ့ဘာသာသူ အသက်ရှူလာနိုင်ရင် သွေးခုန်နှုန်းထပ်စမ်းကြည့်ပါ။

play

အဆင့် (၆) တကယ်လို့ လူနာအသက်မရှုသေးလျှင် လူနာ၏ ရင်ညွန့်အထက် လက်နှစ်လုံးအကွာ၌ ညာလက်ဖ၀ါးပေါ်၌ ဘယ်လက် ဖ၀ါးထပ်တင်ပြီး ဖိလိုက်ကြွလိုက် အကြိမ်  (၃၀) လုပ်ပေးပါ။ ပါးစပ်မှ ၁  ၂ ၃ ၄ ၅ ရေပြီး နှိပ်ပါ။ လူနာ၏ ပါးစပ်အတွင်းသို့ နှစ်ကြိမ် လေမှုတ်သွင်းပါ။ ထို့နောက် လူနာ အသက်ရှူလာမလာ ကြည့်ပါ။ အသက်မရှူသေးလျှင် အဆင့် (၅) နှင့် (၆) အတိုင်း ၅ ကြိမ်ခန့် ဆက်တိုက်လုပ်ပေးပါ။ လူနာအသက်ပြန်ရှူလာပြီဆိုလျှင် အဆင့် (၄)တွင် ဖော်ပြထားသည့်အတိုင်း လူနာကို တစ်စောင်းအိပ် ထားပေးပါ။

 

သတိပြူရန် - မည်သည့်အခါမှ လူနာကိုပစ်ပြီး ထွက်မသွားပါနှင့်။ လူနာကို ဘာအစားအသောက်မှ မပေးပါနဲ့။ လူနာ၏ဦးခေါင်းကို ငြိမ်သက်စွာထားပါ။ လူနာသတိပြန်ရလာစေရန်ရည်ရွယ်ပြီး လူနာ၏မျက်နှာကိုရိုက်ခြင်း။ ရေဖြင့်လောင်းခြင်း စသည်တို့ မည်သည့်အခါမှ မလုပ်ပါနဲ့။

Source : Healthline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video