ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်တော့ အထောက်အကူမဖြစ်စေပါဘူး။

ဝိတ်ချဖို့အတွက် တိုက်ပွဲဝင်နေကြသူတွေဟာ ဆိုဒါပါတဲ့ အအေးတစ်မျိုးမျိုးကို သောက်ချင်လာတိုင်း ဒိုင်းယက်စာတမ်းပါတဲ့ အအေးဘူးတွေကို ရွေးချယ်ကြပါတယ်။ Diet Soda တွေမှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် ဝိတ်မတက်ဘူးလို့ ထင်ကြပေမဲ့ တကယ်တမ်းမှာ စိတ်ဖောက်ပြန်နဲ့မှု လေဖြတ်မှုတို့ကို ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဆိုလိုက်ပါတယ်။

 

Diet Soda တွေဟာ သကြားအတုကို ထည့်သွင်းဖော်စပ်ထားတာဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ဘူးနဲ့အောက်သောက်သူတွေနဲ့ ပိုသောက်တဲ့လူတွေကို ယှဉ်ကြည့်တဲ့အခါ စိတ်ဖောက်ပြန်မှုနဲ့လေဖြတ်မှု ဖြစ်နိုင်ခြေ သုံးဆထက်မနည်း ရှိနေကြောင်း သုတေသီတွေက ဆိုပါတယ်။ လေ့လာမှုမှာ ပါဝင်ခဲ့သူတွေအနက် လူအနည်းငယ်ကသာ diet soda ကြောင့် လေဖြတ်မှု သို့မဟုတ် စိတ်ဖောက်ပြန်မှုဖြစ်နိုင်ခြေ မြင့်တက်လာတာကိုသာ တွေ့ရပါသေးတယ်။

 

" ဖြစ်လာတဲ့အကြောင်းတရားနဲ့ သက်ရောက်မှုတွေကိုတော့ အခိုင်အမာပြောလို့မရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့လေ့လာတွေ့ရှိမှုရလဒ်အရ ပြောရရင်တော့ ကျွန်တော်တို့ဟာ သကြားအတုပါဝင်တဲ့အဖျော်ယမကာတွေရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့ အဲ့ဒီသက်ရောက်မှုတွေဟာ မတူညီတဲ့ရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာကို ပိုပြီးနီးနီးကပ်ကပ်ရပါတော့မယ်" လို့ လေ့လာမှုကိုဦးဆောင်သူဖြစ်တဲ့ ဘော့စတွန်တက္ကသိုလ် ဆေးကျောင်းရှိ အာရုံကြောဌာနမှ မတ်သရူးပေ့စ်က ပြောပါတယ်။

" သကြားအတုနဲ့ ဖော်စပ်ထားတဲ့ အဖျော်ယမကာတွေကိုမသောက်ပါနဲ့လို့ လူတွေကို ပြောဖို့အတွက် အထောက်အထားခိုင်ခိုင်လုံလုံတော့ မရှိပါဘူး။ ဒါပေမဲ့ အဲ့တာတွေကိုသောက်ရင် ဦးနှောက်အတွက် ပိုကောင်းလာလိမ့်မယ်လို့လည်း မထင်ပါဘူး" လို့တော့ မိုင်ယာမီတက္ကသိုလ်၊ Miller School of Medicine ၊ အာရုံကြောဌာနရဲ့လက်ထောက်သိပ္ပံပညာရှင် ဟန်နာဂါဒန်နာကလည်း ပြောဖူးပါတယ်။

 

မက်သရူးပေ့စ် ဦးဆောင်တဲ့ လေ့လာမှုမှာ လေဖြတ်ခြင်းနဲ့ဆိုင်တဲ့အပိုင်းအတွက်တော့ Framingham Heart Study မှာ ပါဝင်ခဲ့ကြတဲ့ အသက် ၄၅ နှစ်ကျော်အရွယ်ရှိ အမျိုးသား၊ အမျိုးသမီး ၂၉၀၀၀ နီးပါးထံက အချက်အလက်တွေကို ရယူကာ လေ့လာခဲ့ကြတာဖြစ်ပါတယ်။ စိတ်ဖောက်ပြန်မှုနဲ့ သက်ဆိုင်တဲ့အပိုင်းကို လေ့လာရာမှာတော့ အသက် ၆၀ ကျော်အရွယ်ရှိ လူပေါင်း ၁၅၀၀ နီးပါးထံက အချက်အလက်တွေကို အခြေခံသုံးသပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Source : HealthDay, Webmd

Share

Loading Next Article...
က္က