AD
AD
AD

အီလက်ထရောနစ်စီးကရက်တွေကို အသုံးပြုတဲ့ ဆယ်ကျော်သက်တွေဟာ ပုံမှန် ဆေးလိပ်သောက်သူတွေထက် နှစ်ဆနီးပါး ပိုပြီး သုံးစွဲနေကြကြောင်း သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ ကနေဒါနိုင်ငံက  ကျောင်းတက်နေဆဲ လူငယ် ၄၄,၀၀၀ ကို လေ့လာမှုပြုချက်အရ vaping အလေ့အကျင့်ဟာ ဆေးလိပ်သောက်ဖို့အတွက် ပင်မတံခါးပေါက်ကြီးဖြစ်လာနိုင်တာကို တွေ့ခဲ့ရပါတယ်။

play

 

ဆေးလိပ်ဖြတ်ဖို့အတွက် အီး-စီးကရက်တွေကို အသုံးပြုခြင်းဟာ ထိရောက်ဖို့ မလွယ်ကြောင်းနဲ့ အီး - စီးကရက်ကြောင့် အရင်လို ဆေးလိပ်ပုံမှန်သောက်တဲ့ အလေ့အကျင့် ဖြစ်လာနိုင်ကြောင်း လေ့လာသူတွေက သတိပေးဖူးပါတယ်။ အီး - စီးကရက်သောက်ရင်း နီကိုတင်း သုံးစွဲပမာဏက ပိုမြင့်တက်လာနိုင်လို့ပါ။ ဗြိတိန်ကျန်းမာရေးပညာရှင်တွေကတော့ အီး - စီးကရက်ဟာ ဆေးလိပ်နဲ့ဆေးရွက်ကြီးကို ဆန့်ကျင်ဖို့အတွက် မရှိမဖြစ်အရေးပါလှတဲ့ ကိရိယာတစ်ခုအဖြစ် မြင်ကြပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း အင်္ဂလန်ပြည်သူ့ကျန်းမာရေးအဖွဲ့က Stoptober campaign (၂၈ ရက် ဆေးလိပ်မသောက်ရေး လှုပ်ရှားမှု)အတွက် အီး - စီးကရက်တွေကို ထောက်ခံခဲ့သေးတယ်။ ဒါပေမဲ့ အီး - စီးကရက် သောက်သုံးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်မှုမရှိတဲ့အပြင် အခြားသော ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်ကြောင်း အခြားပညာရှင်တွေက သတိပေးခဲ့ကြပါတယ်။ လူငယ်တွေအနေနဲ့လည်း အီး - စီးကရက်စွဲလမ်းလာပြီး နီကိုတင်းကို ပိုမိုသုံးစွဲလာနိုင်ခြေ မြင့်တက်လာနိုင်ပါသေးတယ်။

 

ဗြိတိန်က အသက် ၁၅ နှစ်အရွယ် ကျောင်းသား ၃ ဦးလျှင် ၁ ဦးနှုန်းက အီး - စီးကရက်တွေကို စမ်းသပ်သုံးစွဲခဲ့ပြီးနေကြပါပြီ။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတည်းက အသက် ၁၈ နှစ်အောက်တွေကို အီး - စီးကရက်ရောင်းချဖို့ တားမြစ်ပိတ်ပင်ခဲ့တာတောင်မှ ဒီနှုန်းလောက် ရှိနေခဲ့တာပါ။ ကျွမ်းကျင်သူတွေကတော့ လူငယ်တွေဟာ အီး - စီးကရက်ကို ပုံမှန်သုံးနေကြတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံမတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒါဟာ စမ်းသပ်လေ့လာမှု တစ်ခုသာ ရှိသေးတယ်လို့ ဆိုပေမဲ့ လူငယ်တွေကြား အီး - စီးကရက် သောက်သုံးမှုကတော့ မြင့်တက်လာနေဆဲပါ။

play

 

ကနေဒါနိုင်ငံက သုတေသီတွေဟာ Ontario နဲ့ Alberta ဒေသရှိ ကျောင်းပေါင်း ၈၉ ခုမှ  အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြား လူငယ်ပေါင်း ၄၄,၁၆၃ ဦးကို ခြေရာခံ မေးမြန်းပြီး သုတေသန လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၃/၁၄ ခုနှစ်နဲ့ နောက်ထပ်တစ်နှစ်အကြာ ၂၀၁၄/၁၅ တို့မှာ မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။ မေးမြန်းမှုရလဒ်တွေအရ ဆယ်ကျော်သက်တွေဟာ သူတို့ကိုပထမဆုံးအကြိမ် အင်တာဗျူးမလုပ်မီ ရက် ၃၀ အတွင်းမှာ အီး - စီးကရက် အသုံးပြုခဲ့သူဟာ ၁၂၂ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။ အီး - စီးကရက်မသုံးတဲ့ လူငယ်တွေကျပြန်တော့ နောက်တစ်နှစ် မေးမြန်းမှုမှာ ဆေးလိပ်သောက်ဖူးပြီးပြီလို့ ဖြေကြပါတယ်။

play

 

လေ့လာမှုကိုတော့ Waterloo တက္ကသိုလ်က သုတေသီတွေက ပြုလုပ်ခဲ့တာဖြစ်ပြီး ရလဒ်ကိုတော့ ကနေဒါ ဆေးပညာဆိုင်ရာအဖွဲ့အစည်း ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ အီး - စီးကရက် သုံးစွဲမှုဟာ ဆေးလိပ်သောက်တဲ့ အလေ့အကျင့်နဲ့ ခိုင်မာစွာ ဆက်နွှယ်နေတယ်လို့ ရေးသားခဲ့ပါတယ်။ ငယ်ရွယ်စဉ်မှာ အီး - စီးကရက် သုံးစွဲမှုကြောင့် နီကိုတင်းကို စွဲလမ်းလာပြီး ဆေးလိပ်သောက်တဲ့အကျင့် ဖြစ်ပေါ်လာစေတယ်လို့ သုတေသီတွေက သတိပေးခဲ့ပါတယ်။

Source : Daily Mail

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD