AD
AD
AD

ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ ဘာကိုပဲသိချင်၊ သိချင် Google တို့၊ Bing တို့လို search engine တွေကိုပဲ အားကိုးမိတတ်ကြတာ မဆန်းပါဘူး။ အဲဒီလို Search Engine တွေမှာ ပြလာတဲ့ ရလဒ်တွေက SEO လို့ခေါ်တဲ့ Search Engine Optimization (ပိုက်ဆံပေးပြီး Search Engine ပေါ်မှာ ဝက်ဘ်ဆိုက်ကို ရှေ့ဆုံးကပြအောင် ကြော်ငြာနည်း) ကိုသုံးထားတဲ့အတွက် ရာနှုန်းပြည့် ယုံကြည်စိတ်ချရမှာ မဟုတ်ပါဘူး။

play

 

ဒါပေမယ့် တကယ်လို့ သင့်မှာကျန်းမာရေးပြဿနာ ကြီးကြီးမားမားသာရှိရင် Google လိုမျိုး Search Engine တစ်ခုပေါ်မှာ စာရိုက်ရှာပြီး ရလာတဲ့အဖြေတွေနဲ့တင် ကျေနပ်နေမိမှာ မဟုတ်ပါဘူး။ ကျေနပ်တယ်ဆိုရင်လည်း နောက်ဆက်တွဲဆိုးကျိုးတွေကို မရရှိဘူးဆိုရင် သင်ဟာတော်တော်ကံကောင်းတယ်လို့ ဆိုရမှာပါ။

Google ကတော့ တစ်နှစ်တကြိမ် လူတွေအရှာအများဆုံး ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကို ထုတ်ပြန်လေ့ရှိပါတယ်။ ကံကောင်းတာက ၂၀၁၇ ခုနှစ်အတွက် လူတွေမေးကြတဲ့ မေးခွန်းတွေထဲမှာ "ပလိပ်ရောဂါဖြစ်ရင် ဘာလုပ်ရမလဲ" ဆိုတဲ့ မေးခွန်းတော့ မပါပါဘူးတဲ့။ ဒီတော့ ရောဂါကြီးကြီးမားမားဖြစ်ရင် လူတွေ Google ကို အားမကိုးဘဲ ဆေးရုံ၊ ဆေးခန်းကိုပဲ အားကိုးကြမယ်လို့ ယူဆရပါတယ်။ Daily Mail ရဲ့အဆိုအရ ၂၀၁၇ အတွက် Google မှာ လူတွေအရှာအများဆုံး ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကတော့...

၁။ Keto diet (ကာဘိုဟိုက်ဒရိတ်နည်းတဲ့ အစားအစာ) ဆိုတာဘာလဲ။

၂။ CTE (အာရုံကြောယိုယွင်းပျက်ဆီးမှုရောဂါ) ဆိုတာဘာလဲ။

၃။ Opioid addiction (အကိုက်အခဲပျောက်ဆေး စွဲလမ်းမှုဝေဒနာ) ဆိုတာဘာလဲ။

၎။ Lupus (နာတာရှည် ခုခံအားနည်းတဲ့ရောဂါ) ဆိုတာဘာလဲ။

၅။ လူတွေဘာကြောင့် ကြို့ထိုးကြတာလဲ။

၆။ 13 Reasons Why ဆိုတဲ့ neflix ရုပ်သံစီးရီးနဲ့ပတ်သက်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခြင်းနဲ့ပတ်သက်တဲ့ ရှာဖွေမှုများ

၇။ ချောင်းခြောက်ဆိုးခြင်းက ဘာဖြစ်လို့ညဘက်မှာ ပိုဆိုးရတာလဲ။

၈။ စားအုန်းဆီက ကျန်းမာရေးအတွက် ဘာလို့ဆိုးရွားရတာလဲ။

၉။ ပန်းသီးရှာလကာရည် (apple cider vinegar) က ကျန်းမာရေးအတွက် ဘာလို့ကောင်းရတာလဲ။

play

 

Data Analysis tool Google Trends ဆိုတဲ့ အွန်လိုင်းဆော့ဖ်ဝဲတစ်ခုကိုသုံးပြီး ၂၀၁၇ ဇန်နဝါရီလမှ ဒီဇင်ဘာလလည်အထိ ကျန်းမာရေးမေးခွန်းတွေကို ဒေတာတွေ စုဆောင်းခဲ့ပါတယ်။ CNN သတင်းဋ္ဌာနရဲ့ အဆိုအရတော့ ၂၀၁၆ မှာ ခေတ်စားခဲ့ပြီး ၂၀၁၇ ထဲထိ ဆက်ကျန်ရှိနေခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းတွေကတော့ cupping (ဖန်ခွက်ကို အပူပေးပြီး အရေပြားမှာကပ်ပေးတဲ့ တရုတ်ရိုးရာဆေးနည်း)၊ ဇီကာဗိုင်းရပ်စ်နဲ့ traumatic brain injuries (အပြင်းအထန်စိတ်ထိခိုက်မှုကြောင့် ဦးနှောက်မှာဒဏ်ဖြစ်ခြင်း) စတာတွေပဲဖြစ်ပါတယ်။

Source: Reader's Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD