လေ့ကျင့်ခန်းလုပ်ချိန်တွေ သာယာသွားအောင် ဒါလေးတွေသယ်သွားပါ။

ကာယလေ့ကျင့်ခန်းတွေ လုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို ကျန်းမာလှပစေရုံသာမက စိတ်ကိုလည်း အားဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့လည်း Gym တွေသွားပြီး လေ့ကျင့်ခန်း လုပ်နေကြတာပေါ့။ လေ့ကျင့်ခန်းတွေ လုပ်နေချိန်အတွင်း ပိုပြီးအဆင်ပြေဖို့နဲ့ လေ့ကျင့်ခန်းလုပ်ချိန် ပြီးသွားရင်လည်း ကိုယ်ရောစိတ်ရော မပင်ပန်းရအောင် Gym သွားမယ်ဆို ဒါလေးတွေ ဆောင်သွားဖို့ အကြံပေးလိုက်တယ်နော်။

၁။ သင့်တော်တဲ့ဝတ်စုံ

class.jpg 

ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် ဝတ်စုံကလည်း အရေးကြီးတယ်။ Gym ဆော့ဖို့အတွက် ဝတ်စုံတွေဟာ ဘောင်းဘီအတိုဖြစ်စေ၊ အရှည်ဖြစ်စေ ကြိုက်တာကို ရွေးနိုင်ပေမဲ့ ကျပ်လွန်းတာက အဆင်မပြေဘူး။ အမျိုးသမီးတွေဆိုရင်တော့ sport bra ကောင်းကောင်းလေး ယူသွားဖို့ အရေးကြီးပါတယ်။

၂။ အားကစားဖိနပ်

m-gym-660x439.jpg 

အရေးကြီးတဲ့အရာတစ်ခုကတော့ Gym မှာ ဝတ်မယ့် ဖိနပ်ပါပဲ။ ကိုယ်လုပ်မယ့် လေ့ကျင့်ခန်းအမျိုးအစားပေါ် မူတည်ပြီး ဖိနပ်တွေကို ရွေးချယ်နိုင်ပါတယ်။ ကာယကြံ့ခိုင်ရေးအတွက်လား၊ သက်လုံကောင်းမယ့် Cardio လေ့ကျင့်ခန်းတွေပဲ လုပ်မှာလား စသဖြင့် ကိုယ်ပြုလုပ်မယ့် လေ့ကျင့်ခန်းတွေပေါ် မူတည်ပြီး ဖိနပ်ကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ Gym အတွက် ဖိနပ်ရွေးတဲ့အခါ ခြေထောက်ကို သက်တောင့်သက်သာရှိနေစေဖို့နဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါ အထောက်အကူကောင်းတစ်ခုအနေနဲ့ ဖြစ်နေဖို့ကို ရွေးရပါမယ်။

၃။ ရေဘူး

water-bottles.jpg 

Protein Shake သောက်နေတဲ့လူတွေအတွက်ဆိုရင်တော့ Shaker ဘူးလေးပေါ့။ မသောက်တဲ့လူတွေကလည်း ရေဘူးလိုပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်း မောလာတဲ့အခါ ရေဘူးလေးထုတ်သောက်နိုင်အောင် ကိုယ့်အနားမှာ တစ်ပါတည်း ဆောင်ထားရမှာပေါ့။

၄။ တဘက်

towell1.jpg 

ချွေးထွက်ရင်သုတ်ဖို့ တဘက်လေးတစ်ထည်လည်း သယ်သွားပါဦး။ ချွေးစုပ်နိုင်မယ့် တဘက်လေး ဖြစ်ဖို့လိုတယ်။ နောက်တစ်ခုကတော့ ကိုယ်အသုံးပြုမယ့် စက်ကိရိယာမှာ သူများရဲ့ချွေးတွေ ကျန်နေရင် ဘယ်သူကမှ မသုံးချင်ဘူး။ ဒါတွေကိုလည်း သုတ်ဖို့အတွက် တဘက်လေးတစ်ထည် ယူသွားဖို့လိုပါတယ်။ တစ်ဘက်တွေကိုတော့ တစ်ရက်သုံးပြီးတိုင်း လျှော်ဖွပ်ပါ။ နောက်နေ့ ဆက်မသုံးသင့်ဘူး၊

၅။ ဆံပင်စည်းဖို့

554371169.jpg 

တချို့ယောက်ျားလေးတွေရဲ့ ဆံပင်စတိုင်လ်က နဖူးလေးပေါ် ဝဲကျနေတာမျိုး။ ဒီလိုဆံပင်မျိုးဆိုရင် စည်းရင်စည်း၊ မစည်းရင် နဖူးစည်းလေးနဲ့ ပင့်တင်ထားမှ အဆင်ပြေတယ်။ မိန်းကလေးတွေဆိုလည်း နဖူးစည်းနဲ့ ခေါင်းစည်းကွင်းလေးတွေ ယူသွားဖို့ လိုပါတယ်။

၆။ သီချင်းနားထောင်စရာ

untie-earphone-1894727_960_720.jpg 

နားကြပ်လေးတပ်ပြီး ကိုယ့်အကြိုက်သီချင်းလေးတွေနဲ့ လေ့ကျင့်ခန်းလုပ်ရတာ ပိုပြီးထိရောက်ပါတယ်။ တချို့တွေကတော့ Gym လာရင် စကားများတတ်ကြတော့ သူတို့ရဲ့အသံတွေကိုလည်း မကြားရတော့ဘူးပေါ့။ ကိုယ့်အကြိုက်သီချင်းလေးတွေကိုလည်း Play list တစ်ခု လုပ်ထားပြီး လေ့ကျင့်ခန်းလုပ်ရင်း နားထောင်နိုင်မယ်လေ။ Gym သွားရင် နားကြပ် သို့မဟုတ် mini speaker လေး သယ်သွားသင့်ပါတယ်။

၇။ Fitness Tracker

arki-woman-wrist-press.jpg 

လေ့ကျင့်ခန်းလုပ်နေရင်း ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေတွေကို အသေးစိတ်သိနိုင်ဖို့ Tracker လေး တပ်ထားတာ ပိုမကောင်းဘူးလား။ ဘယ်လောက်ပြေးပြီးပြီ၊ နှလုံးခုန်နှုန်း ဘယ်လောက်ဖြစ်နေပြီဆိုတာကို သိနေ၊ မြင်နေရတဲ့အခါ ချင့်ချိန်လို့ရသွားပါတယ်။

- ယခုဆောင်းပါးအား Training Ground The Premier Fitness Club က ကူညီပံ့ပိုးပေးထားပါသည်

Share

Loading Next Article...
က္က