AD
AD
AD

ကျွန်တော်တို့တွေ ကာယလေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် လန်းဆန်းတက်ကြွသွားသလို ခံစားရပါတယ်။ ဒါပေမယ့် ကိုယ်မှန်းထားတဲ့ ရည်မှန်းချက် (ဝိတ်ကျချင်တာတို့၊ ဘော်ဒီတောင့်ချင်တာတို့) ကို မရောက်ဘူးဖြစ်နေတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။

play

 

အကြောင်းရင်းကတော့ လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းမှားယွင်းနေလို့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ပြီးချိန်နဲ့ မလုပ်ခင်မှာ ပြုလုပ်မိတတ်တဲ့ အပြုအမူတွေ မှားယွင်းနေတာပါ။ အဲဒါတွေကတော့...

၁။ ကာဘိုဟိုက်ဒြိတ်တွေ အစားများခြင်း

play
 

ကာယလေ့ကျင့်ခန်းတွေ အသေအကြေလုပ်တယ်။ ဒါပေမယ့် ပြီးတာနဲ့ ကာဘိုဟိုက်ဒြိတ်တွေ (ပီဇာ၊ ဒိုးနတ်၊ ကွတ်ကီး၊ ကိတ် စတဲ့ ကစီဓာတ်များတာတွေ) ကို အားပါးတရထိုင်စားတယ်။ ဒါဟာ ဘယ်လိုလုပ် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အိုင်ဒီယာဖြစ်နိုင်မလဲ။ သေချာပေါက်မှားယွင်းတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။

ကာဘိုဟိုက်ဒရိတ်တွေက ကျန်းမာရေးအတွက် မကောင်းပါဘူး။ အဲဒီအစား ကြက်ဥ၊ တို့ဟူးနဲ့ ငါးတို့လိုမျိုး အစားအသောက်တွေဆီက ပရိုတိန်းဓာတ်ကိုလည်း ရယူဖို့ ကြိုးစားကြည့်ပါ။ ဒါတွေက ကြွက်သားတည်ဆောက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။

၂။ Cardio အဆော့များခြင်း

play
 

Cardio လေ့ကျင့်ခန်းတွေဆိုတာ စစချင်းမှာ မိနစ် (၂၀) ထက် မပိုသင့်သလို အောက်ပိုင်းထိုင်ပြီရင်လည်း မဆော့သင့်ပါဘူး။ ဝိတ်ကျချင်ဇောနဲ့ Cardio တွေ စွတ်ဆော့တာကလည်း workout အမှားတစ်ခုပါပဲ။

၃။ အစာစားချိန် မှားယွင်းမှု

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပြီးတိုင်း (Gym ဆော့ပြီးတိုင်း) အနည်းဆုံး (၄၅) မိနစ်ကျော်မှ အစားစားဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမယ့် အဲဒီထက်လည်း နောက်မကျသင့်ပါဘူး။ ခန္ဓာကိုယ်ကို ခိုင်းစားပြီးချိန်မှာ လောင်စာလေးတော့ ပြန်ဖြည့်ပေးရမယ်လေ။ လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အစာစားချိန်ကြားမှာ အချိန်အကြာကြီး ခြားထားခြင်းမျိုးကို ရှောင်ရှားပါ။

 

၎။ အကြောပြန်လျှော့ဖို့ မေ့လျော့ခြင်း

play
 

Cardio လေ့ကျင့်ခန်းကို မိနစ် (၂၀) လုပ်ပြီးတိုင်း အကြောပြန်လျှော့ပေးရမှာဖြစ်ပေမဲ့ အမြဲလိုလိုမေ့လျော့နေတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။

၅။ အားဖြည့်အချိုရည်တွေသောက်ပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်း

Gym ဆော့တဲ့လူတစ်ယောက်အတွက်တော့ အားဖြည့်အချိုရည်တွေသောက်ပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းက ဘယ်တော့မှ အကြံကောင်းတစ်ခုဖြစ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိုရည်တွေဟာ အချိုဓာတ်အရမ်းများပြီး ကျန်းမာရေးနဲ့ မညီညွှတ်လို့ပါပဲ။ ဒါကြောင့် နောက်တစ်ခါ gym ဆော့မယ်ဆိုရင် gym မဆော့ခင်မှာပဲဖြစ်ဖြစ်၊ gym ဆော့ပြီးပဲဖြစ်ဖြစ် အားဖြည့်အချိုရည်တွေ သောက်ခြင်းကို ရှောင်ရှားပါ။

၆။ Gym ဆော့နေချိန်မှာ ကယ်လိုရီလောင်ကျွမ်းနှုန်းကို ပိုတွက်မိတယ်

play
 

ဒါဟာလည်း လူတိုင်းလုပ်မိတတ်တဲ့ အမှားတစ်ခုဖြစ်နေနိုင်ပါတယ်။ ကိုယ်ဆော့လိုက်လို့ လောင်သွားတဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်းကို ပိုတွက်မိပြီး နောက်ပိုင်းမှာ ကာဘိုဟိုက်ဒရိတ်တွေ၊ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ သရေစာတွေအများကြီး စားမိတတ်ပါတယ်။ ဒီလိုနဲ့ ဝိတ်မကျနိုင်တော့ပါဘူး။

၇။ ဖြည့်စွက်စာတွေကိုပဲ အားကိုးတယ်

လူတော်တော်များများဟာ စွမ်းအင်နဲ့ ခန္ဓာကိုယ်လိုအပ်ချက်တွေအတွက် ဖြည့်စွက်စာတွေကိုပဲ မျိုချမိတတ်ကြပြီး တကယ်အာဟာရဖြစ်မယ့် အစားအစာတွေကိုတော့ စားသုံးဖို့ မေ့လျော့နေတတ်ကြပါတယ်။ နောက်ပြီး အော်ဂဲနစ်အစားအသောက်တွေထက် ပြန်လည်ပြုပြင်ထားတဲ့ အချိုမုန့်တွေကို ပိုမက်မောကြပါတယ်။ ဒါဟာလည်း gym ဆော့ပြီးချိန်မှာ လုပ်မိတတ်တဲ့ အမှားတစ်ခုဖြစ်ပါတယ်။

Source: youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD