အကောင်းဆုံးကတော့ တုပ်ကွေးရာသီမှာ တုုပ်ကွေးမမိအောင် နေဖို့နဲ့ ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့က အရေးကြီးပါတယ်။
 

ခုတလော H1N1 ဗိုင်းရပ်စ်ပိုးတွေ့တယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ ၂၀၀၉ ခုနှစ် ဧပြီလတုံးက "Swine Flu" လို့လူသိများတဲ့ H1N1 တုပ်ကွေး (ဝက်တုပ်ကွေး) ဗိုင်းရပ်စ်ပိုးဟာ အမေရိကန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဇွန်လမှာတော့ WHO အဖွဲ့ကြီးက H1N1 ဗိုင်းရပ်စ်ပိုးဟာ ပျံ့ပွားနေပြီလို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ H1N1 ဗိုင်းရပ်စ်ပိုးက အစကတော့ ဝက်တွေဆီကလာတယ်လို့ ယူဆရပေမယ့် အခုအချိန်မှာတော့ ဝက်တွေမှာသာမက လူတွေနဲ့ ငှက်တွေမှာပါ ကူးစက်နိုင်ကြောင်း သိရပါတယ်။

ဝက်တုပ်ကွေးဟာ ၁၉၁၈ ခုနှစ် ( (၂၀) ရာစုအစောပိုင်းတုံးက) တစ်ကြိမ်ဖြစ်ပွားဖူးပြီး (၂၁) ရာစုမှာတော့ (၂၀၀၉-၂၀၁၀) တစ်ကြိမ်ပဲဖြစ်ပွားဖူးပါသေးတယ်။ နောက်တစ်ကြိမ်ရောဂါပျံ့ပွားရင် တုပ်ကွေးရောဂါ အကြီးအကျယ်ဖြစ်လာနိုပါတယ်။ ဒါကြောင့် H1N1 ရောဂါနောက်တစ်ကြိမ်မဖြစ်ပွားအောင် ကာကွယ်မှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ တုပ်ကွေးရာသီမှာ တုုပ်ကွေးမမိအောင် နေဖို့နဲ့ ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့က အရေးကြီးပါတယ်။

H1N1 ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကောင်းကောင်းအနားယူပါ

sleep-pic.jpg 

ကျန်းမာရေးကောင်းဖို့နဲ့ ခန္ဓာကိုယ်အားရှိဖို့က ဒီအချိန်မှာ အရေးအကြီးဆုံးပါပဲ။ ဒီတော့ အိပ်ရေးဝအောင်သာအိပ်ပါ။ အိပ်ရေးဝဖို့နဲ့ အိပ်ချိန်များဖို့က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အိပ်စက်ခြင်းက ခန္ဓာကိုယ်ကို အားအင်ပြည့်ဝစေသလို အိပ်ရေးပျက်ခြင်းကလည်း ကိုယ်ခံအားစနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့အတွက် သတိထားသင့်ပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ

aerobica2.jpg 

အေရိုးဗစ်ကစားခြင်းကို တစ်ပတ်မှာ (၃) ကြိမ်၊ တစ်ကြိမ်မှာ မိနစ် (၃၀) လောက် ကစားပေးဖို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းက နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပြီး ကိုယ်ခံအားကောင်းမွန်ရေးနဲ့လည်း ဆက်နွယ်နေပါတယ်။ ကိုယ်ခံအားကောင်းတဲ့လူကိုတော့ ဗိုင်းရပ်စ်လွယ်လွယ် မကူးစက်နိုင်ပါဘူး။

၃။ အာဟာရပြည့်ဝအောင်စားပါ

Eat-Well-Menu-for-Kids-The-Westin-Excelsior-Florence-1.jpg 

H1N1 ဗိုင်းရပ်စ်ပိုးကို အသားနဲ့ဆက်စပ်နေတယ်ဆိုပြီး လူအများကစိုးရိမ်ကြပါတယ်။ ဆက်စပ်မှုရှိနေနိုင်တဲ့ အသားတွေကို ရှောင်ထားတာတော့ မမှားပေမယ့် အာဟာရပြည့်ဝအောင် စားဖို့လည်း အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အာဟာရဓာတ်တွေ စုံလင်စေဖို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုလည်း စုံလင်အောင်စားပေးပါ။ အကောင်းဆုံးကတော့ ဗိုင်းရပ်စ်ပိုးမွှားကူးစက်ခြင်းနဲ့ တုပ်ကွေးရောဂါကိုကာကွယ်နိုင်တဲ့ ဗိုက်တာမင် အေ၊ စီနဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်မျိုးပေါ့။

၄။ ကိုယ်အလေးချိန်ထိန်းသိမ်းပါ

636053561596204535-1242794552_weight-gain (1).jpg 

ပိန်တာ၊ ဝတာ ဆိုတာထက် ကျန်းမာရေးတဲ့ကိုယ်အလေးချိန် ရှိနေသင့်ပါတယ်။ အဝလွန်ခြင်းဟာလည်း H1N1 ဗိုင်းရပ်စ်ကိုဖိတ်ခေါ်နိုင်တဲ့ အန္တရာယ်ရှိတဲ့အချက်ထဲမှာ တစ်ချက်အပါအဝင်ပါပဲ။ ဒါကြောင့် ဗိုင်းရပ်စ်ပိုးမွှားမကူးစက်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ ကိုယ်အလေးချိန်ထိန်းသိမ်းရေး ဆောင်ရွက်ချက်တွေကို အခုပဲ စလုပ်ဖို့ ကြိုးစားပါတော့။

၅။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ

send-superbugs-down-the-drain-with-good-personal-hygiene-web.jpg 

လက်ကိုင်ပုဝါတစ်ထည် အမြဲဆောင်ထားပါ။ တစ်ခါသုံး Mask လေးတွေတပ်ထားပါ။ နှာချေရင် လက်ကိုင်ပုဝါသုံးပြီး အုပ်ဖို့ မမေ့ပါနဲ့။ ဘာကိုပဲ ကိုင်ကိုင် ဆပ်ပြာနဲ့လက်ကိုစင်အောင်ဆေးပါ။ ဖြစ်နိုင်ရင် သွားရေရာ ဆောင်ထားလို့ရတဲ့ လက်ဆေးဂျယ်လ်ဘူးလေးတွေဆောင်ထားပါ။ အများပြည်သူသုံး အိမ်သာအသုံးပြုခြင်းကို ဖြစ်နိုင်ရင်ရှောင်ကြဉ်ပါ။ လူထုထပ်တဲ့နေရာတွေကိုလည်း ဖြစ်နိုင်ရင် မသွားပါနဲ့။

Source: Wikihow

Share

Loading Next Article...
က္က