ရေရှည်သုံးစွဲသူတွေဟာ စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ကစဉ့်ကလျားရောဂါတို့လို စိတ်ပိုင်းဆိုင်ရာ ပုံမမှန်ဖြစ်တာတွေ ကြုံရပါတယ်။
 

အသံတိတ်လူသတ်သမားလို့ ခေါ်ကြတဲ့ ရုတ်တရက်နှလုံးရပ်တန့်မှု (Heart Attack) ဟာ အသက်အရွယ်မရွေး ကြုံရနိုင်တဲ့အရာတစ်ခုပါ။ ဒါကြောင့်မို့လို့ နှလုံးကို ကျန်းမာနေအောင် ဂရုတစိုက် နေထိုင်စားသောက်ဖို့ လိုအပ်ပါတယ်။ ဆေးခြောက်သုံးစွဲနေသူဟာ ရုတ်တရက်နှလုံးရပ်တန့်မှု ကြုံတွေ့ရနိုင်ခြေဟာ သာမာန်လူတွေနဲ့ယှဉ်ရင် ၄ ဆကျော် ပိုများနေကြောင်း အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးသုတေသီတွေက ပြောကြားလိုက်ပါတယ်။

 

၅ နှစ်ကြာ အချိန်ယူလေ့လာခဲ့တဲ့ လေ့လာမှုအရ အသက် ၃၀ မတိုင်မီမှာ ဆေးခြောက်ကို ပုံမှန်သုံးစွဲခဲ့သူတွေဟာ ဆေးခြောက်မသုံးသူတွေနဲ့ယှဉ်ရင် နှလုံးကြွက်သားနဲ့ဆက်နွှယ်နေတဲ့ ရောဂါဘယ ဖြစ်နိုင်ခြေ ၄.၆ ဆ ပိုများနေတယ်လို့ သိရပါတယ်။  လေ့လာမှုဟာ ဆေးခြောက်ကို ဆေးလိပ်အဖြစ်နဲ့ သောက်သုံးသူတွေကို ဦးစားပေး လေ့လာခဲ့တာပါ။ အသက် ၂၀ နှောင်းပိုင်းမှာ ဆေးခြောက်သုံးသူတွေကတော့ ရုတ်တရက်နှလုံးရပ်တန့်မှု ဖြစ်နိုင်ခြေ ၃ ဆ ပိုများပါတယ်။

 

ဆေးခြောက်ကို ရေရှည်သုံးစွဲသူတွေဟာ စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ကစဉ့်ကလျားရောဂါတို့လို စိတ်ပိုင်းဆိုင်ရာ ပုံမမှန်ဖြစ်တာတွေ ကြုံရပါတယ်။ ယခုတွေ့ရှိတဲ့ သုတေသန ရလဒ်ကိုတော့ ဝါရှင်တန်မှာ ပြုလုပ်တဲ့ American College of Cardiology နှစ်ပတ်လည်ညီလာခံမှာ ထုတ်ဖော်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ သုတေသနကိုတော့ အိုဟိုင်းယိုးပြည်နယ် Case Western Reserve University က သုတေသီတွေက ဆေးခြောက်အသုံးပြုသူ ၂၁၀,၀၀၀ နဲ့ ဆေးခြောက်အသုံးမပြုသူ ၁၀ သန်းရဲ့ နှလုံးကျန်းမာရေးမှတ်တမ်းတွေကို လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က