AD
AD
AD
play


ဆေးလိပ်သောက်ခြင်းက HIV ပိုးရှိနေသူတွေကို အဆိုပါပိုးကြောင့် သေဆုံးရမှုထက် ပိုမိုစောစီးစွာ သေဆုံးစေနိုင်ကြောင်း အမေရိကန် သုတေသနတစ်ခုက ပြောကြားပါတယ်။

HIV ပိုးရှိနေသူတစ်ဦးဟာ အဆိုပါပိုးကို တိုက်ဖျက်တဲ့ ဆေးဝါးများ သောက်သုံးပေမဲ့လည်း ဆေးလိပ်သောက်နေပါက ဆေးလိပ်သောက်ခြင်းနဲ့ ဆက်နွယ်တဲ့ရောဂါများ ပိုမိုဖြစ်နိုင်ပြီး HIV ကြောင့် သေဆုံးရခြင်းထက် ဆေးလိပ်ကြောင့် သေဆုံးရနိုင်ခြေ ပိုများကြောင်း ယနေ့ (နိုဝင်ဘာ ၄ ရက်) မှာ ထုတ်ပြန်တဲ့ သုတေသနရလဒ်က ဖော်ပြထားပါတယ်။

play


အဆိုပါ သုတေသနကို မက်ဆာချူးဆက် အထွေထွေကုဆေးရုံနဲ့ ဟားဗတ်ဆေးပညာတက္ကသိုလ်မှ သုတေသီ ခရစ်ရှ်နာရက်ဒီက ပြောပါတယ်။

play


HIV ပိုးရှိနေသူတွေဟာ သက်ဆိုင်ရာ ဆေးဝါးများ သောက်သုံးခြင်းဖြင့် သက်တမ်းရှည်နိုင်ပေမဲ့ ဆေးလိပ်သောက်ပါက နှလုံးရောဂါ၊ ကင်ဆာ၊ ပြင်းထန်တဲ့ အဆုတ်ရောဂါများနဲ့ အခြား ရောဂါပိုးကူးစက်ခံရနိုင်ပြီး သက်တမ်းတိုနိုင်ကြောင်း သုတေသနရလဒ်က ဆိုပါတယ်။

သုတေသနအရ အသက် ၄၀ အရွယ် HIV ပိုးရှိသူတစ်ဦး အနေနဲ့ ဆေးလိပ်သောက်နေပါက ကုသမှုခံယူနေသည့်တိုင် ၎င်းရဲ့သက်တမ်းမှာ ဆေးလိပ်မသောက်တဲ့ HIV ပိုးရှိသူထက် ခြောက်နှစ်ကျော် ပိုမို တိုတောင်းနိုင်ကြောင်း သိရပါတယ်။
Source & Photo: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD