Health: လူသန်ကြီး Hulk နဲ့တူချင်လို့ ဆီတွေထိုးသွင်းပြီး ဗလပိုကြီးလာတဲ့ အမျိုးသား

အလေးမရုံတင် မဟုတ်ဘဲ ဆီတွေထိုးသွင်းပြီး ကြွက်သားကြီးအောင် လုပ်ပါတယ်။

play

 

ဘရာဇီးမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ကာတွန်း၊ ရုပ်ရှင်ဇာတ်လမ်းတွေထဲက လူသန်ကြီး Hulk ကိုအားကျသူဖြစ်ပါတယ်။ သူဟာ လူသန်ကြီး Hulk လို ဗလကြီးတဲ့ သူတစ်ယောက်ဖြစ်လာအောင် အလေးမရုံသာမက ကြွက်သားဆီတွေ ထိုးသွင်းပြီး လူကောင်ကြီးလာအောင် ပြုလုပ်လျက်ရှိပါတယ်။

play

 

အခုဆိုရင် သူ့ရဲ့လက်မောင်းလုံးပတ်က ၂၃ လက်မအထိ ရှိနေပြီဖြစ်ပါတယ်။ အရင်ကတော့ လက်မောင်းဟာ ၁၂ လက်မလောက်ပဲ ရှိခဲ့ပေမဲ့ အလေးမ၊ ကြွက်သားတိုးတဲ့အဆီတွေ ထိုးသွင်းပြီးနောက်ပိုင်း အခုလို ကြီးထွားလာတာဖြစ်ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဗာဒီယာဟာ ရီယိုမြို့မှာ ဆောက်လုပ်ရေးလုပ်သားတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။

play

 

 " ခင်ဗျားရဲ့ ခန္ဓာကိုယ် ကြီးထွားကြံ့ခိုင်လာတာ မြင်လို့ရှိရင် ဒီထက်ပိုပြီး လိုချင်မှာ ဓမ္မတာပါပဲ" လို့ ဗာဒီယာက ပြောပါတယ်။

play

 

ဆီတွေထိုးလို့ ကြွက်သားတွေတက်လာခဲ့ပေမဲ့ ခွန်အားရှိမှုကိုတော့ ဒါတွေထိုးသွင်းမှုက အထောက်အကူမဖြစ်စေဘူးလို့ ဆိုပါတယ်။ ဆရာဝန်တွေက ဒါမျိုးဆက်မလုပ်ဖို့ ပြောထားပေမဲ့ ဗာဒီယာကတော့ ဆက်လုပ်ဖို့ဆန္ဒရှိနေဆဲပါ။ သူ့ရဲ့ ပန်းတိုင်ဟာ လူစွမ်းကောင်း ဇာတ်လမ်းတွေထဲက Hulk နဲ့တူချင်တာဖြစ်တဲ့အတွက် ဆက်လုပ်ဦးမှာပဲလို့ ဗာဒီယာက ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ