Kalay: ကိုယ်ဝန်ဆောင်ချိန်အတွင်းသားသားမီးမီးတို့က ဘယ်အချိန်စလှုပ်လေ့ရှိလဲ

ယခုဆောင်းပါးကို Duwun နဲ့ www.kalay.com.mm တို့မှပူးပေါင်းတင်ဆက်ထားပါတယ်။

play

 

မေမေတို့ရေ ကိုယ်ဝန် ( ၁၆) ပတ်ကနေ (၂၂) ပတ်ကြားမှာ ကလေးစလှုပ်လေ့ရှိပြီးတော့ ဗိုက်ထဲမှာ အစာမကြေသလိုလို ခံစားရတတ်ပါတယ်။ ကိုယ်ဝန် (၂၃)ပတ်နဲ့ (၃၀ )ပတ် ကြားရောက်လာပြီဆိုရင်တော့ ကလေးလှုပ်တာပိုပြင်းထန်လာပြီး ကလေးလှုပ်ရှားမှုကို မေမေတို့က ကောင်းစွာခံစား သိရှိနိုင်ပါပြီ။ ကလေးကန်တာလား၊ ရွှေ့ တာလားဆိုတာကိုခွဲခြားလာနိုင်ပြီး ဗိုက်ကိုထိလိုက်ရင် ကလေးက တန်ပြန်ထိတွေ့တာကို ခံစားရပါလိမ့်မယ်။ ကလေးတွေလှုပ်ရှား နိုးကြားတဲ့ပုံစံက အချိန်အမျိုးမျိုး ရှိတတ်တာကြောင့် မေမေတွေညဘက်အိပ်ချိန်မှ ကလေးတအားလှုပ်တာမျိုးရှိနိုင်သလို နေ့ဘက်တွေမှာ လုံးဝမလှုပ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ မေမေတို့က လှုပ်တဲ့အချိန်လေးတွေ၊ တစ်နေ့ကို ဘယ်နှစ်ကြိမ် လှုပ်တတ်လဲ ဆိုတဲ့အကြိမ်အရေအတွက်တွေကို မှတ်သားထားဖို့ လိုပါတယ်နော်။ တစ်နေ့ကို ဆယ်ခါနဲ့အထက်လှုပ်ရမယ်လို့ ဆိုပါတယ်။ တစ်နေ့ ဆယ်ခါလောက်မှ မလှုပ်ရှားရင် ဆရာဝန်နဲ့ပြောပြတိုင်ပင်ဖို့လည်း လိုအပ်ပါတယ်။ ကလေးပုံမှန်မလှုပ်ဘူးလို့ သံသယရှိတယ်ဆိုရင် ခဏလောက် ငြိမ်ငြိမ်လေးထိုင်နေပါ။  ဘေးတစောင်းလေးအိပ်ကြည့်ပါ။ ရေခဲရေအေးအေးလေး တစ်ခွက်လောက် သောက်လိုက်ပါ။ လေ့လာချက်အရဆိုရင် အစာချေလမ်းကြောင်းက သားအိမ်ဘေးမှာရှိတဲ့အတွက် ရေအေးက ကလေးလှုပ်ရှားအောင် လှုံ့ဆော်မှုပေးနိုင်ပါတယ်။ ဗိုက်ကလေးကိုပွတ်ပြီး ကလေးလှုပ်ရှားလာအောင် စကားလေးတွေပြောနေတာလည်း မေမေတို့အတွက် အဆင်ပြေဆုံးနည်းလမ်းပါနော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ