Health: LED မီးအလင်းရောင်က သင့်ကျန်းမာရေးကို ထိခိုက်လား

လမ်းမီးလိုပုံစံမျိုး သုံးတဲ့အခါ လူ့ကျန်းမာရေး ထိခိုက်မှုရှိပါတယ်။

play

 

ပြင်းထန်တဲ့ LED မီးအလင်းရောင်ဟာ လူတစ်ယောက်ရဲ့ အမြင်ပိုင်းဆိုင်ရာ နဲ့ အိပ်စက်မှုကို သက်ရောက်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးလိုက်ကြောင်း Daily Mail က ဖော်ပြပါတယ်။

အဖြူရောင် LED မီးဟာ အလွန်တောက်ပတဲ့ အပြာရောင်အလင်းကိုထုတ်လွှင့်ပြီး လူရဲ့ကျန်းမာရေးကို ထိခိုက်စေတာ ဖြစ်တယ်လို့ သိရပါတယ်။ စွမ်းအင်ချွေတာမှုမှာ ထိရောက်ပေမဲ့ လမ်းမီးလိုပုံစံမျိုး သုံးတဲ့အခါ လူ့ကျန်းမာရေး ထိခိုက်မှုရှိတယ်လို့ အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင် ဒေါက်တာမာယာဘာဘူက ပြောကြားထားပါတယ်။

play

 

 အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့ AMA ဟာ မသင့်လျော်တဲ့ LED အလင်းရောင် ထိတွေ့ခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်မှုကို လျော့ချဖို့ ကြိုးစားနေပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ