ပျော်ရွှင်ဖို့ အတွက် လိုက်ခ်တွေ၊ရှယ်ယာတွေ ရရှိမှုပေါ်မှီခိုနေရတယ်ဆိုရင်တော့ ဒီလိုအလေ့အကျင့်ဟာ ဖြတ်ဖို့ခက်ပါတယ်။ လိုက်ခ်တွေရမှ ပျော်ရွှင်တယ်ဆိုတာ လူအများရဲ့အသိအမှတ်ပြုမှုကို လိုချင်တာထက် ကိုယ့်ကိုယ်ကိုယ် လေးစားမှု လျော့ကျတာ ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို မြှင့်တင်နိုင်မယ်ဆိုရင်တော့ လိုက်ခ်စွဲလန်းမှုကို လျှော့ချနိုင်ပါတယ်။

၁ - ကိုယ့်ကိုယ်ကိုယ်လေးစားမှု

ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိဖို့ ခိုင်မာပြင်းထန်တဲ့ ဘဝရည်မှန်းချက်မျိုး ရှိဖို့လိုပါတယ်။ ဒီလို ရည်မှန်းချက်မျိုးရှိတဲ့အခါ အများကို ဂရုစိုက်တာထက် ကိုယ့်ကိုယ်ကိုယ်ပိုဂရုစိုက်တတ်လာပါတယ်။ အများရဲ့ လိုက်ခ်လေးတစ်ချက်ဆိုတာထက် ဒီ့ထက်ကြီးမားတဲ့ အကြောင်းအရာတွေ ခေါင်းထဲမှာ ပြည့်နေတတ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - ပိုနေတဲ့အစားအသောက်တွေကို ရေခဲသေတ္တာထဲမှာ ဒီလိုသိမ်း)

 

၂ - ပြည့်စုံမှု

အရာရာအားလုံးပြီးပြည့်စုံတဲ့ အခြေအနေဆိုတာကို မမျှော်လင့်ပါနဲ့။ တစ်ခါတစ်လေတော့ စိတ်ပျက်ရပြီး တစ်ခါတစ်လေတော့လည်း ထင်တာထက်တောင် ပိုကောင်းသွားတဲ့ အခြေအနေတွေရှိပါတယ်။ မြင့်မြင့်တော့မှန်းပါ။ ဒါပေမယ့် အားလုံးပြီးပြည့်စုံရမယ်ဆိုတဲ့ ထောက်ချောက်ထဲတော့ အရောက်မခံပါနဲ့။ ပြီးပြည့်စုံရမယ်လို့ မှန်းထားပြီး မဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ချက်တွေများပြီး ယုံကြည်မှု အမြဲလျော့ကျနေပါလိမ့်မယ်။

၃ - ပရဟိတ

လူအဖွဲ့အစည်းကို အကျိုးပြုမယ့် အလုပ်ကိစ္စတွေကို ကိုယ်ကျိုးမငဲ့ဘဲ လုပ်ပေးတာမျိုး ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေကို လုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကျေနပ်ပြီး စိတ်ကလည်း သိမ်မွေ့လေးနက်ပါတယ်။ ဘေးပတ်ဝန်းကျင်က ဝင်လာမှာတွေထက် ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ကာကွယ်ပြီးသား ဖြစ်ပါတယ်။ တစ်ကိုယ်တော်ပဲ လုပ်လုပ်၊ အဖွဲ့အစည်းနဲ့ပဲလုပ်လုပ် စိတ်ပိုင်းဆိုင်ရာအရ သင့်အတွက် သိသာတဲ့အကျိုးကျေးဇူးတွေရမှာပါ။ အများကို မကူညီနိုင်ရင်တောင် သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက လိုအပ်တာတွေကိုကူညီပေးလို့လည်း ရတယ်ဆိုတာ မမေ့ပါနဲ့။

 

၄ - ကျန်းမာရေး

ကျန်းမာရေးမကောင်းတာဟာ စိတ်ပိုင်းဆိုင်ရာအရထိခိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်မကျေနပ်မှုတွေ ဖြစ်လာပါတယ်။ ဆိုရှယ်မီဒီယာမှာ ကိုယ်ဖြစ်ချင်တဲ့ပုံရိပ်ကို တည်ဆောက်ရင်း လိုက်ခ်စွဲလန်းတာတွေ ဖြစ်လာပါတယ်။ ကျန်းမာရေးမကောင်းမှုဟာ အထီးကျန်ဆန်မှုကိုဖြစ်ပေါ်စေတာကြောင့်လည်း ပါပါတယ်။ ကျန်းမာရေးကတော့ သင်ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အဓိက ကျတဲ့အရာလည်း ဖြစ်ပါတယ်။

၅ - လိုက်မကြည့်နဲ့

ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ သင့်ထက်သာတဲ့ သူတွေကိုပဲ မြင်နေပါလိမ့်မယ်။ စကြည့်ကတည်းက ငါထက်ဘယ်သူသာနေလဲဆိုတဲ့ အမြင်နဲ့ကြည့်လို့ ဖြစ်ပါတယ်။ ဒီလိုအမြဲနှိုင်းယှဉ်နေရင် ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်လာပြီး နိမ့်ကျမှုကို ပိုမိုခံစားလာရမှာ ဖြစ်ပါတယ်။ 

 

၆ - ကိုယ်လုပ်တာကို ကိုယ်သဘောကျဖို့လို

ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်သဘောကျနေဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ခြင်းတွေဟာ သေချဆန်းစစ်ကြည့်ရင် နေ့စဉ်လုပ်နေရတဲ့အလုပ်ပေါ် နှစ်သက်ခြင်းမရှိတာလည်း ပါဝင်ပါတယ်။ ဒါကို ဖြေရှင်းဖို့ အတွက် ရည်မှန်းချက် တစ်ခု မဖြစ်မနေ ချမှတ်ထားရမှာ ဖြစ်ပါတယ်။ မကြိုက်တာကို လုပ်နေရတယ်ဆိုရင်တောင်မှ ကိုယ့်မှာ ရည်မှန်းချက်ရှိတာကြောင့် တခြားအရာတွေပေါ် စိတ်ရောက်လေ့မရှိပါဘူး။

Photos & Source: Lifehack

Share

Loading Next Article...
က္က