မှတ်ဉာဏ်အားကောင်းချင်ရင် တတ်နိုင်သမျှ ရှောင်ရှားနိုင်တဲ့၊ မရှောင်နိုင်ရင်လည်း ပမာဏနည်းနည်းပဲ စားသုံးသင့်တဲ့ အစားအစာတွေ ရှိနေပါသေးတယ်။

မှတ်ဉာဏ်အားကောင်းခြင်းက ကျောင်းသားလူငယ်တွေ အတွက်သာမက လုပ်ငန်းခွင်ဝင်နေတဲ့ လူကြီးတွေအတွက်လည်း အသုံးဝင်ပါတယ်။ အရာရာကို မှတ်မှတ်သားသား ရှိခြင်းဟာ မိမိရဲ့လုပ်ငန်းခွင်မှာ လုပ်ရည်ကိုင်ရည် ပိုတက်စေနိုင်သလို လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမှတ်ပေးခြင်းကိုလည်း ရရှိစေနိုင်မှာပါ။



 

မှတ်ဉာဏ်အားကောင်းချင်ရင် တတ်နိုင်သမျှ ရှောင်ရှားနိုင်တဲ့၊ မရှောင်နိုင်ရင်လည်း ပမာဏနည်းနည်းပဲ စားသုံးသင့်တဲ့ အစားအစာတွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့....

၁။ တူနာငါး

seared-tuna-with-baby-spinach-and-avocado-recipe_620x350_41509603291.jpg 

တူနာငါးထဲမှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထူးအကျိုး ဖြစ်ထွန်းစေနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာလည်း ပမာဏနည်းနည်းနဲ့ ချင့်ချိန်စားသုံးတတ်မှပါ။ လူတစ်ယောက်မှာ တစ်ပတ်မှာ (၂) ကြိမ်ခန့်ပဲ စားသုံးပေး သင့်ပါတယ်။ တူနာငါးကို အလွန်အကျွံစားသုံးမိမယ်ဆိုရင် မာကျူရီဓာတ် များပြားမှုကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပြီး မှတ်ဉာဏ်အားနည်းစေနိုင်ပါတယ်။

၂။ ပဲပုပ်

soy-sauce_625x350_71515755129.jpg 

ပဲပုပ်နဲ့ပြုလုပ်တဲ့ တို့ဟူး၊ ပဲပြား၊ ပဲငံပြာရည်၊ ပဲငပိ စတာတွေဟာ သင့်အတွက်ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပိုဖြစ်စေနိုင်ပါတယ်။ ပဲပုပ်ထဲမှာ ဆိုဒီယမ်နဲ့ ဆား ပမာဏများစွာ ပါဝင်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ပဲပုပ်ကို အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးတိုးရောဂါလည်း ဖြစ်စေနိုင်ပြီး ဦးနှောက်ထဲကို သွေးနဲ့အောက်ဆီဂျင်တွေ စီးဆင်းမှုကို ပိတ်ပင်တားဆီး နိုင်တဲ့အတွက် မှတ်ဉာဏ်ဆုံးရှုံးခြင်းလိုမျိုး၊ စဉ်းစားချင့်ချိန်နိုင်စွမ်း လျော့ကျခြင်းလိုမျိုး ပြဿနာတွေကို ကြုံတွေ့နိုင်ပါတယ်။

၃။ အရက်

alcohol-620_620x350_41478178370.jpg 

အရက်သောက်ခြင်းဟာ ဦးနှောက်ပေါ်ကို ရေရှည်အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အရက်ကို ပမာဏတစ်ခုနဲ့ ချင့်ချိန်သောက်သုံးခြင်းကတောင် ဦးနှောက်ဆဲလ်တွေကို အားနည်းစေနိုင်ပြီး မှတ်ဉာဏ်ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကလည်း အရက်သေစာသောက်သုံးခြင်းကို ရှောင်ရှားပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုမှာ နေထိုင်တတ်စေဖို့အတွက် အကြောင်းပြချက်တစ်ခုပါပဲ။

၄။ ဆေးသကြားများတဲ့ အချိုရည်တွေ

အသင့်ဖျော်စပ် သောက်သုံးနိုင်တဲ့ အချိုရည်တွေမှာ အချိုဓာတ်နဲ့ ဆေးသကြားပါဝင်မှု အလွန်များပြားပါတယ်။ အဲဒီအချိုဓာတ်တွေဟာ ဆီးချိုရောဂါတစ်ခုတည်းကို ဖြစ်စေနိုင်တာ မဟုတ်ပါဘူး။ သွေးတွင်း အချိုဓာတ်များခြင်းဟာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ လွဲချော်မှုတွေကို ဖြစ်စေနိုင်ပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို ချမိစေနိုင်ပါတယ်။ နောက်ပြီး ချင့်ချိန်တွေးခေါ်နိုင်စွမ်းနဲ့ စနစ်တကျ အလုပ်လုပ်ကိုင်နိုင်စွမ်းကိုလည်း ဆုံးရှုံးစေပါတယ်။

၅။ ထမင်းဖြူ

white-rice_625x350_41435898950.jpg

လူအများစုကတော့ အံ့သြသွားကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အဓိကစားသုံးကုန်ဖြစ်တဲ့ ထမင်းဖြူဟာ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝပြီး ဦးနှောက်ရဲ့ မှတ်ဉာဏ်အပိုင်းကို အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် ထမင်းချက်စားရင် ဆန်ညိုထမင်းကိုလည်း ရောနှောစားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ထမင်းဖြူက စိတ်ကျရောဂါနဲ့လည်း ဆက်နွယ်နေနိုင်ပါသေးတယ်။ တစ်နေ့ အစား (၃) နပ်မှာ ညစာနဲ့ မနက်စာကို ထမင်းဖြူ စားသုံးမှုကို တတ်နိုင်သမျှ ရှောင်ရှားခြင်းဖြင့် မှတ်ဉာဏ်အားကို တိုးတက်စေနိုင်ပါတယ်။

Source: Food.ndtv


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က