Health: Omega-3 က ကလေးတွေရဲ့ စာဖတ်စွမ်းရည်ကို မြင့်တက်စေနိုင်

, updated

အာရုံစူးစိုက်မှုပြဿနာရှိနေတဲ့ကလေးတွေကို စာဖတ်တဲ့အခါ အကူအညီပေးနိုင်တယ်။

play

 

ငါးတွေရဲ့ အဆီနဲ့ ပင်လယ်စာတွေမှာ ပါရှိတဲ့ အိုမီဂါဖက်တီအက်ဆစ် (Omega-3 fatty acids) ဟာ ကျောင်းနေရွယ်ကလေးတွေရဲ့ စာဖတ်မှုစွမ်းရည်ကို မြင့်တက်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုက ဖော်ပြပါတယ်။ အထူးသဖြင့် Omega-3 fatty acids စားသုံးခြင်းဟာ အာရုံစူးစိုက်မှုပြဿ      နာရှိနေတဲ့ကလေးတွေကို စာဖတ်တဲ့အခါ အကူအညီပေးနိုင်တယ်လို့ သိရပါတယ်။

play

 

သုတေသနကို ဆွီဒင်နိုင်ငံ Gothenburg တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုးနှစ်နဲ့ ဆယ်နှစ်အရွယ် ကလေးပေါင်း ၁၅၄ ယောက်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ ကွန်ပြူတာ အခြေခံပြီး စာဖတ်စွမ်းရည်ကို စစ်ဆေးခဲ့ခြင်းဖြစ်ကာ သုံးလကြာတဲ့အခါမှာ Omega-3 fatty acids သောက်သုံးတဲ့ ကလေးတွေဟာ စာဖတ်ခြင်းစွမ်းရည်မြင့်တက်လာတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ