ဆာရိုတိုနင် (Serotonin) ဆိုတာ အာရုံကြောလှုံ့ဆော်ပစ္စည်းလေး တစ်မျိုးဖြစ်ပြီး trytophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာပါတယ်။

ဆာရိုတိုနင် (Serotonin) ကို ခန္ဓာကိုယ်ရဲ့ သဘာဝ ခံစားချက်ကောင်းတွေကို ပေးစွမ်းနိုင်တဲ့ ဟော်မုန်းတွေလို့ လူသိများပါတယ်။ တကယ်တော့ ဆာရိုတိုနင် (Serotonin) ဆိုတာ အာရုံကြောလှုံ့ဆော်ပစ္စည်းလေး တစ်မျိုးဖြစ်ပြီး trytophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာပါတယ်။ သွေးထဲမှာ trytophan ဓာတ် များလေလေ၊ ဆာရိုတိုနင်ဟော်မုန်း ပိုမိုထုတ်လုပ်နိုင်စွမ်း ရှိလေလေလို့လည်း ယုံကြည်ထားကြပါတယ်။



 

တစ်နည်းအားဖြင့် ဆာရိုတိုနင်ထုတ်လုပ်မှုဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ စိတ်ကြည်မကြည် ဆိုတဲ့ စိတ်အတက်အကျတွေ၊ သောကရောက်ခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေနဲ့ ဆက်နွယ်နေပါတယ်။ ဆာရိုတိုနင်ဟော်မုန်း များများစားစားရှိခြင်းက ကျန်းမာရေးကိုလည်း ဘယ်လိုအကျိုးပြုနိုင်လဲဆိုတော့....

၁။ နှလုံးကျန်းမာရေး

101.jpg 

ဆာရိုတိုနင်ဟာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်လေငန်းရောဂါတို့လို နှလုံးပြဿနာတွေကို လျော့နည်းအောင် ကူညီပေးနိုင်တယ်လို့ ထင်ရှားပါတယ်။ နောက်ပြီး ဆာရိုတိုနင်လျော့နည်းခြင်းက နှလုံးခုန်နှုန်း အပြောင်းအလဲကိုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ ဦးနှောက်ရင့်ကျက်မှု

ဆာရိုတိုနင်ဟော်မုန်းရဲ့ အရေးအကြီးဆုံး လုပ်ဆောင်မှုကတော့ ဦးနှောက်ဖွံ့ဖြိုးမှု ပိုင်းဆိုင်ရာပါပဲ။ ဆာရိုတိုနင်ဟော်မုန်း လျော့နည်းမှုက autism တို့၊ ဒေါင်းဆင်ဒရုမ်းရောဂါတို့လို ဦးနှောက်အာရုံကြောနဲ့ဆိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

၃။ အရေပြားအကျိုးကျေးဇူး

69.jpg 

ဆာရိုတိုနင်ဟော်မုန်းက စိတ်ဖိစီးမှု၊ စိတ်သောကတို့ကို ဖယ်ရှားပေးနိုင်ပြီး လူတစ်ယောက်ရဲ့ စိတ်ကို ငြိမ်သက်စေနိုင်တဲ့အတွက် အရေပြားအတွက် အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဆာရိုတိုနင်ဟော်မုန်းဟာ antidepressant (စိတ်ကျရောဂါ တိုက်ဖျက်ဆေး) တစ်ခုလိုလည်း လုပ်ဆောင်နိုင်ပြီး အရေပြားကို သဘာဝအတိုင်း ဝင်းလက်တောက်ပနေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

၄။ ဆိတ်ငြိမ်အေးချမ်းစေတယ်

ဆာရိုတိုနင်ဟော်မုန်းကို သဘာဝရဲ့ ခံစားမှုကောင်းမွန်စေတဲ့ ဟော်မုန်းတွေလို့လည်း လူသိများပါတယ်။ ဒါကြောင့် ဒီဟော်မုန်းလေးတွေဟာ သင့်ရဲ့ မငြိမ်သက်တဲ့ စိတ်အလျင်ကို ဆိတ်ငြိမ်အေးချမ်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဆာရိုတိုနင်ဟော်မုန်း အားနည်းခြင်းက ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ပင်ပန်းခြင်းနဲ့ လေးလံထိုင်းမှိုင်းခြင်းတို့ကို ဖြစ်စေနိုင်တဲ့အတွက် သတိထားသင့်ပါတယ်။

၅။ အိပ်ပျက်ရောဂါကို တိုက်ဖျက်ပေးတယ်

sleepy-story_647_070616040742.jpg 

Insomnia လို့ခေါ်တဲ့ အိပ်ပျက်ရောဂါဟာ ဆာရိုတိုနင်ဟော်မုန်း လျော့နည်းခြင်းနဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်။ ဒါကြောင့် အိပ်ပျက်ရောဂါကို တိုက်ဖျက်ချင်တယ်ဆိုရင် ခန္ဓာကိုယ်ထဲက ဆာရိုတိုနင် ဟော်မုန်းကို မြင့်တက်လာစေနိုင်တဲ့ ဆေးဝါးတွေကို မှီဝဲပေးလိုက်ရုံပါပဲ။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က