မွေးကင်းစကလေးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့မှု ရောဂါဖြစ်ပွားတတ်ပါတယ်။

အာဟာရချို့တဲ့ခြင်းဆိုတာ လူတစ်ဦးတစ်ယောက် လုံလောက်တဲ့အာဟာရဓာတ် မရရှိတဲ့အချိန်မှာ ဖြစ်ပွားတတ်ပါတယ်။ မွေးကင်းစကလေးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့မှု ရောဂါဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေဟာ အာဟာရချို့တဲ့မှုရောဂါ ဖြစ်တဲ့အခါ ထိခိုက်ဆုံးရှုံးမှုကို ပိုမိုခံစားရတတ်ပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ခန္ဓာကိုယ်က ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရကို ပိုမိုလိုအပ်လို့ပါပဲ။ မိမိရဲ့မိသားစုဝင်တွေနဲ့ မိမိကိုယ်တိုင် အာဟာရချို့တဲ့ခြင်း မဖြစ်စေဖို့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကာဘိုဟိုက်ဒရိတ်

01f42acf61d8f23085d599f07f2692c7.png 

ကာဘိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ အပြန်အလှန်ပါပဲ။ ဦးနှောက်ကလည်း စွမ်းအင်ရရှိဖို့အတွက် ကာဘိုဟိုက်ဒရိတ်တွေကို လိုအပ်ပါတယ်။ ကာဘိုဟိုက်ဒရိတ် လျော့ပါးချိန်မှာ ခန္ဓာကိုယ်ထဲမှာ ဖက်တီးအက်ဆစ် ဓာတ်ပြုခြင်းတွေကို ရပ်တန့်သွားစေနိုင်ပါတယ်။ ရလဒ်အနေနဲ့ ပရိုတိန်းဓာတ်တွေ ဆုံးရှုံးရပြီး အာဟာရချို့တဲ့ြ့ခင်းကို ဖြစ်စေနိုင်ပါတယ်။

၂။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ

vegetables-good.jpg 

သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အများစုမှာ dietary fibre လို့ခေါ်တဲ့ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ ပါဝင်ပါတယ်။ နောက်ပြီး လတ်ဆတ်တဲ့ အသီးအရွက်တွေမှ ရရှိတဲ့ ဗိုက်တာမင်ဓာတ်တွေကို ပုံမှန်စားသုံးပေးဖို့လည်း အာဟာရပညာရှင်တွေက တိုက်တွန်းထားပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့အသီးအရွက်တွေကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

၃။ ပရိုတိန်းဓာတ်

protein-rich-food.jpg 

ပရိုတိန်းဓာတ်ဟာ လူ့ခန္ဓာကိုယ်ဆဲလ်တစ်ခုချင်းစီအတွက် အလွန်အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ပရိုတိန်း ဓာတ်တွေဟာ တခြားအာဟာရဓာတ်တွေမှ ရရှိနိုင်ခြင်းမရှိတဲ့ စပယ်ရှယ် နိုက်ထရိုဂျင်ဓာတ် တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ပါတယ်။

ပရိုတိန်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ ph လယ်ဗယ်ထိန်းညှိပေးဖို့အတွက်လည်း အသုံးဝင်ပါသေးတယ်။ ပရိုတိန်းဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တည်ဆောက်ပုံနဲ့ ကိုယ်ခံအားစနစ်အတွက် မရှိမဖြစ်လိုအပ်တော့ ပရိုတိန်းဓာတ် မပြည့်ဝရင် အာဟာရချို့တဲ့တဲ့ လက္ခဏာတွေ ပြမှာ အမှန်ပါပဲ။ ဒါကြောင့် ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ ပဲ၊ ပြောင်းတို့ကို စားပေးသင့်ပါတယ်။

၄။ အဆီဓာတ်

fats.jpg 

အဆီဓာတ်ဟာ အရေပြားနဲ့ဆံပင်ကျန်းမာရေးအတွက် မရှိမဖြစ်နေရာကနေ ပါဝင်လုပ်ဆောင်နေပါတယ်။ အဆီဓာတ်ပြည့်ဝတဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက်တုန်လှုပ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်းနဲ့ ပုံမှန်ဆဲလ်လုပ်ဆောင်မှု ပျက်ယွင်းခြင်းတို့လို ချို့ယွင်းမှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အဆီဓာတ်တွေ ကိုယ်တွင်းစွမ်းအင် သိုလှောင်မှုတွေအတွက်လည်း အရေးပါတဲ့အတွက် အာဟာရချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်

vitamins.jpg 

ဗိုက်တာမင်တွေဟာ ခန္ဓာကိုယ်ထဲက အရေးကြီးလုပ်ဆောင်မှုတွေကို လုပ်ဆောင်ရာမှာ အဓိကနေရာမှ ပါဝင်ပါတယ်။ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်ကြွယ်ဝနေတဲ့ ခန္ဓာကိုယ်ဟာ ကူးစက်ရောဂါနဲ့ တခြားရောဂါတွေမဖြစ်အောင် အလိုလိုခုခံ ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဗိုက်တာမင်ဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးရေး၊ ဇီဝကမ္မလုပ်ဆောင်မှုနဲ့ အညစ်အကြေးပစ္စည်းတွေကို တိုက်ဖျက်ရေးအတွက်လည်း ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်အားနည်းရင်လည်း အာဟာရချို့တဲ့စေနိုင်တဲ့အတွက် အာဟာရပြည့်ဝနေအောင် ဒီနှစ်မျိုးကိုလည်း ဂရုတစိုက် ဖြည့်တင်းပေးသင့်ပါတယ်။

Source: Stylecraze

Share

Loading Next Article...
က္က