Lifestyle: Huawei ရဲ့ City Mission ဓာတ်ပုံပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး Huawei P9 ဆွတ်ခူးနိုင်မည်

, updated

အဆင့်မြင့်ကင်မရာစနစ်ပါဝင်တဲ့ Huawei P9 စမတ်ဖုန်း ဆွတ်ခူးနိုင်မယ့် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို Huawei Mobile Myanmar ကနေပြီး စီစဉ်ကျင်းပလိုက်ပါတယ်။

  play

 

အဆင့်မြင့်ကင်မရာစနစ်ပါဝင်တဲ့ Huawei P9 စမတ်ဖုန်း ဆွတ်ခူးနိုင်မယ့် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို Huawei Mobile Myanmar ကနေပြီး စီစဉ်ကျင်းပလိုက်ပါတယ်။

City Mission လို့အမည်ရတဲ့ ဒီဓာတ်ပုံပြိုင်ပွဲဟာ ဓာတ်ပုံရိုက်ရတာဝါသနာပါသူတွေအတွက်တော့ ကိုယ်ဝါသနာပါရာ ကိုလုပ်ရင်း တန်ဖိုးကြီးစမတ်ဖုန်းကိုဆွတ်ခူးနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။ City Mission ဓာတ်ပုံပြိုင်ပွဲမှာဆိုရင် Theme လေးမျိုးခွဲထားပြီး ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ ကိုယ်နှစ်သက်ရာ Theme ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

အဲဒီ Theme လေးမျိုးကတော့ သဘာဝအလှတရားတွေကို ရိုက်ကူးရမယ့် Beauty of Nature ၊ မြို့ပြအလှတရားတွေကို ရိုက်ကူးရမယ့် Beauty Of City ၊ လူသားတို့ရဲ့ အလှတရားကို ရိုက်ကူးရမယ့် Beauty Of People နဲ့ အရာဝတ္ထုတွေရဲ့အလှတရားကို ရိုက်ကူးရမယ့် Beauty Of Object တို့ပဲဖြစ်ပါတယ်။

အဲဒီလို Theme လေးခုထဲက ကိုယ်ကြိုက်နှစ်သက်ရာ Them နဲ့ကိုက်ညီတဲ့ ဓာတ်ပုံကိုရိုက်ကူးကာ Huawei Mobile Myanmar Facebook ကို Message box ကနေပေးပို့ရမှာ ဖြစ်ပါတယ်။ အဲဒီလို ပေးပို့တဲ့နေရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့တော့ ကိုက်ညီဖို့လိုပါတယ်။ ပြိုင်ပွဲစည်းကမ်းချက်တွေကတော့ -

၁။ Huawei နှင့် Honor ဟန်းဆက်များကိုသာ အသုံးပြုပြီး ရိုက်ကူးထားတဲ့ပုံဖြစ်ရပါမယ်။

၂။ Beauty of City, Beauty of People, Beauty of Objects နှင့် Beauty of Nature ………. theme လေးခုမှ နှစ်သက်ရာ ခေါင်းစဉ်ကို ရွေးချယ်ရိုက်ကူးနိုင်ပါတယ်။

၃။ မိမိ နှစ်သက်ရာ ခေါင်းစဉ် တစ်ခုကိုသာ ရွေးချယ်ပြီး တစ်ပုံသာ ပို့ရပါမယ်။

၎။ ဓာတ်ပုံကို မိမိနှစ်သက်ရာ ဖုန်းတွင်းသုံး App များနှင့် editing လုပ်နိုင်ပါတယ်။ ကွန်ပြူတာသုံး Photoshop နှင့် အခြား ဆော့ဖ်ဝဲများ သုံးခွင့်မရှိပါ။

၅။ မူရင်းဓာတ်ပုံကို ဖုန်းထဲတွင် ချန်ထားပါ။ ဆုရခဲ့သည်ရှိသော် ဆုလာရောက်ထုတ်ယူသည့်အခါ မူရင်း ဓာတ်ပုံကို ဖုန်းထဲမှ ပြသရမှာ ဖြစ်ပါတယ်။ တကယ်လို့ မူရင်းဓာတ်ပုံကို စစ်ဆေးတဲ့အခါ Honor နဲ့ Huawei ဟန်းဆက်ဖြင့် ရိုက်ကူးထားတာမဟုတ်ဘဲ အခြားကင်မရာတွေနဲ့ရိုက်ကူးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် ဆု ရရှိခွင့်မှ ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။

၆။ မြန်မာနိုင်ငံတွင် နေထိုင်သော မည်သူမဆို ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပါတယ်။

၇။ ဓာတ်ပုံကို Huawei Mobile Myanmar (အမှန်ခြစ်ပါသော) Facebook Page ကို Message ပို့ပေးရပါမယ်။ Post လာတင်၍ မရပါ။ Message ပို့ရပါမယ်။ အင်တာနက်လိုင်းကောင်းတဲ့အချိန် ပို့ဖို့ အကြံပြုလိုပါတယ်။ ဒါမှသာ မူရင်းပုံ အရည်အသွေး ကျန်ရှိနိုင်မှာ ဖြစ်လို့ပါ။ ဥပမာ ရိုက်ကူးတဲ့အခါ ပုံ size က 2MB ဝန်းကျင်ရှိနိုင်သော်လည်း Facebook Message က ပို့တဲ့အခါ 500 KB သာ ကျန်ရှိတာမျိုး ဖြစ်နိုင်ပါတယ်။ Size သေးသွားသော်လည်း ပုံအရည်အသွေး မကျပါ။ (မူရင်းပုံကို မိမိ၏ ဖုန်းထဲတွင်လည်း မဖျက်ရပါ။ Huawei မှ စစ်ဆေးရန်အတွက် ဖြစ်ပါတယ်)။

ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲက စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ဓာတ်ပုံတွေကို Huawei Mobile Myanmar ရဲ့ Facebook Page မှာတင်ကာ Color ပုံတွေထဲက Like အများဆုံးရတဲ့ဓာတ်ပုံကို Popular Award ( Color) နဲ့ Black & White ဓာတ်ပုံတွေထဲက Like အများဆုံးရတဲ့ပုံကို Popular Award (B&W) ဆိုပြီး ဆု ၂ ဆု ချီးမြှင့်သွားမှာပါ။

ဒါ့အပြင် နိုင်ငံတကာဆုရ ဓာတ်ပုံပညာရှင်ကိုအောင်ပြည့်စိုးက Huawei ကို ကိုယ်စားပြုပြီး "Huawei Choice Best Color Shot Award" နှင့် "Huawei Choice Best B&W Award" ဆိုပြီးတော့လည်း ဆု ၂ ဆု ထပ်မံရွေးချယ်ပေးသွားဦးမှာ ဖြစ်ပါတယ်။ အဲဒီဆု ၄ ဆုကိုဆွတ်ခူးနိုင်တဲ့သူ ၄ ဦးကို Huawei ကနေပြီးတော့ Huawei P9 တစ်လုံးဆီ ချီးမြှင့်ပေးသွားမှာပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ