AD
AD
AD
play

 

Huawei ကနေ နောက်ဆုံး စမတ်ဖုန်းအမျိုးအစားအသစ်ဖြစ်တဲ့ Huawei GR5 ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါပြီ။

ဒီ Huawei GR5 ရဲ့ တည်ဆောက်ထားပုံဟာဆိုရင် ဆွဲဆောင်မှုရှိသလို၊ ပေါ့ပါး လျင်မြန်ပြီး၊ အရည်သွေးကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖန်တီးပေးသွားမှာဆိုရင်လည်း မမှားပါဘူး။

Huawei GR5 ရဲ့ အားသာချက်တွေထဲက နောက်တစ်ခုကတော့ သူရဲ့ နောက်ကြောဘက်မှာပါရှိတဲ့ Fingerprint စနစ်ပါ။ အသုံးပြုသူတွေကတော့ သူတို့ရဲ့ အမှတ်တရ Selfie ပုံရိပ်လေးတွေကို မြန်မြန်ဆန်ဆန် အရည်အသွေး ကောင်းကောင်းမွန်မွန် ဖန်တီးနိုင်ပါပြီ။

play

 

“ကျွန်မက Huawei GR5 ရဲ့ အရောင်လေးကို စတွေ့ကတည်းက နှစ်သက်ခဲ့တာပါ၊ ကျွန်မ အကြိုက်ဆုံး အရောင်လေးလည်းဖြစ်နေပါတယ်။ နောက်ဘက်မှာ fingerprint နဲ့ ဓာတ်ပုံရိုက်လို့ရအောင် လုပ်ပေးထားတဲ့အတွက် ၊ Selfie ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း လွယ်ကူပါတယ်။ အထူးသဖြင့် နောက်ဘက်မှာပါတဲ့ fingerprint က လက်မှာရေစိုနေတာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို  ရိုက်လို့ရပါတယ်။ လုပ်ဆောင်မှုတွေကလည်း မြန်ဆန်ပြီး၊ ရုပ်ထွက်လည်းကောင်းတဲ့အပြင် မိန်းကလေးတစ်ယောက်အတွက် စမတ်ဖြစ်ပြီး သင့်တော်မှုရှိတယ်လို့ မြင်ပါတယ်” လို့ Huawei ဖုန်းတွေကို ဝယ်ယူအားပေးတဲ့ နာမည်ကြီး အဆိုတော် အိမ့်ချစ်ကပြောပါတယ်။

Huawei GR5 ရဲ့ ပေါ့ပါးလျှင်မြန်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ အံ့မခန်းထူးခြားတဲ့ လုပ်ဆောင်ချက်တွေက သုံးစွဲသူအားလုံးကို စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမှာအမှန်ပါ။

“ဖုန်းရဲ့ Resolution နဲ့ လုပ်ဆောင်မှုက မြန်ပါတယ်။ ကျွန်တော်အရင်တုန်းက fingerprint ပါတဲ့ ဖုန်းတွေကိုင်ဖူးပေမဲ့ အဲဒီဖုန်းတွေက သူငယ်ချင်းတွေနဲ့ ကမ်းခြေတို့မှာ ဓာတ်ပုံတွေရိုက်ရင် အခက်အခဲကြုံရပါတယ်။ Huawei GR5 ကတော့ အဲဒီလိုမဟုတ်ပါဘူး။ နောက်ကြောဘက်က fingerprint စနစ်နဲ့ အလွယ်တကူ ရိုက်လို့ရတဲ့အတွက် ဒီဖုန်းကိုတော့ “Awesome” ပါလို့ ပြောချင်ပါတယ်။” လို့ အင်းစိန်မှာ နေတဲ့ ကိုကျော်က ပြောပါတယ်။

play

 

Huawei GR5 ရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုဖြစ်တဲ့ HD resolution ဟာဆိုရင်လည်း ဂိမ်းဆော့ရတာ နှစ်သက်တဲ့သူတွေနဲ့ ဖျော်ဖြေရေးအတွက် အသုံးပြုချင်တဲ့သူတွေအနေနဲ့ အထူးကျေနပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Net Guide Journal က ကိုပြည့်ဖြိုးကတော့ ဒီ Huawei GR5 ရဲ့ ရုပ်ထွက်ဟာ Full HD ဖြစ်တာကြောင့် ဂိမ်းနဲ့ ဖျော်ဖြေတင်ဆက်မှုတွေအတွက် အထူးကောင်းမွန်မှုရှိတဲ့အတွက် “Awesome” ပါလို့ သူကပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD