Lifestyle: ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တဲ့ Huawei GR5 mini နဲ့ Samsung Galaxy J7 2016 တို့ကို နှိုင်းယှဉ်ကြည့်ခြင်း

, updated

၂၀၁၆ ခုနှစ်ထွက် စမတ်ဖုန်းတွေထဲက ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းနှစ်မျိုး ဖြစ်တဲ့ Huawei ရဲ့ GR 5 mini နဲ့ Samsung ရဲ့ Galaxy J7 ဖုန်းတို့ရဲ့ အဓိကစွမ်းဆောင်ရည်နဲ့ အချက်အလက်အချို့ကို နှိုင်းယှဉ်ကြည့် ချင်ပါတယ်။

 

play
play

 

၂၀၁၆ ခုနှစ်ထွက် စမတ်ဖုန်းတွေထဲက ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းနှစ်မျိုး ဖြစ်တဲ့ Huawei ရဲ့ GR 5 mini နဲ့ Samsung ရဲ့ Galaxy J7 ဖုန်းတို့ရဲ့ အဓိကစွမ်းဆောင်ရည်နဲ့ အချက်အလက်အချို့ကို နှိုင်းယှဉ်ကြည့် ချင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်အရည်အသွေး

Huawei GR 5 ရဲ့ mini ဗားရှင်းဖြစ်တဲ့ GR 5 Mini ဟာ GR 5 လိုပဲ သတ္ထုကိုယ်ထည်နဲ့ဖြစ်ပြီး ဘေးဘောင်က ခပ်ဝိုင်းဝိုင်းပုံစံချိုးထားပါတယ်။ နောက်ကာဗာမှာ GR5 mini က ပြောင်ချောချောမဟုတ်ဘဲ ကြောင်ခြစ်လို အစင်းကြောင်းပုံစံနဲ့ဖြစ်တာကြောင့် အမြင်အရသားနားပြီး ကိုင်ရတာလည်း လက်ထဲမှာ မြဲမြဲမြံမြံနဲ့ သက်သောင့်သက်သာ ရှိပါတယ်။ GR 5 mini ရဲ့ မျက်နှာပြင်က ၅ ဒသမ ၂ လက်မ ရှိပြီး Full HD (1920 x 1080 ) resolution ရှိပြီး Pixel သိပ်သည်းဆ 424 ppi ရှိတာကြောင့် ကြည်လင်ပြတ်သား ပြီးတောက်ပ တဲ့ပုံရိပ်တွေ ဖော်ပြပေးနိုင်တာကို တွေ့ရပါတယ်။

Samsung Galaxy J7 ကလည်း သတ္ထုကိုယ်ထည်နဲ့ပဲဖြစ်ပြီး မျက်နှာပြင်ကတော့ ၅ ဒသမ ၅ လက်မရှိပါတယ်။ ရုပ်ထွက်အရည်အသွေးကတော့ 720 x 1080 resolution ရှိပြီး ရုပ်ထွက်နည်းပညာက ဆမ်ဆောင်းရဲ့ကိုယ်ပိုင် Super Amoled နည်းပညာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

Huawei GR5 mini မှာ Huawei ရဲ့ ကိုယ်ပိုင် chipset အသစ်ဖြစ်တဲ့ Kirin 650 ကို သုံးထားပါတယ်။ ချွေတာပေး နိုင်ပါတယ်။ Kirin 650 ဟာ 16nm FF+ နည်းပညာနဲ့ တည်ဆောက်ထားပြီး 64bit Octa-core 2.0GHz processor ပါဝင်တာကြောင့် လုပ်ဆောင်ချက်များ အလွန်လျှင်မြန်ပြီး ပါဝါသုံးစွဲမှုကိုလည်း လျှော့ချပေးပါတယ်။ DDR3 RAM၊ 933MHz အမြန်နှုန်းရှိတဲ့ 2GB RAM နဲ့ Internal Memory 16 GB ပါဝင်ကာ မန်မိုရီကတ်ထပ်စိုက်ပြီး 128 GB ထိ တိုးမြှင့်နိုင်ပါတယ်။

Samsung Galaxy J7 2106 ရဲ့ Chipset ကတော့ Qualcomm MSM8952 Snapdragon 617 ဖြစ်ပြီး CPU က Octa-core 1.6 GHz Cortex-A53 ဖြစ်ပါတယ်။ RAM က 2 GB ဖြစ်ပြီး Internal Memory က 16 GB ဖြစ်ကာ မန်မိုရီကတ် ထပ်စိုက်လို့ရပါတယ်။

ကင်မရာ

play
play

 

GR5 mini မှာ အလင်းဝင်ပေါက် F2.0 နှင့် 7cm micro view တို့ရိုက်ကူးနိုင်သော 13 megapixel ကင်မရာကို ထည့်သွင်းအသုံးပြုထားပါတယ်။ BSI sensor နှင့်အတူ ImageSmart Engine 2.0 တို့လည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် အလင်းရောင်နည်းပါးတဲ့နေရာတွေမှာ ရိုက်ကူးရင်တောင် ရုပ်ထွက်ကောင်းမွန်နေမှာပါ။ ရှေ့ကင်မရာမှာလည်း အလင်းဝင်ပေါက် F2.0 နှင့် 77˚ wide angel lens တို့ပေါင်းစပ်ထားသော 8 megapixel ကင်မရာပါဝင်တာကြောင့် Full HD ဗီဒီယိုတွေပါ ရိုက်ကူးနိုင်စွမ်းရှိပါတယ်။

Samsung Galaxy J7 ရဲ့နောက်ဘက် အဓိကကင်မရာက အလင်းဝင်ပေါက် f 1.9 , 28mm ရှိတဲ့ 13 MP ကင်မရာ ဖြစ်ပါတယ်။ ဒီကင်မရာက 1080p အရည်အသွေးရှိ ဗီဒီယိုတွေကို 30fps နဲ့ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာကတော့ f1.9 ရှိတဲ့ 5MP ကင်မရာဖြစ်ပြီး LED flash light ပါဝင်ပါတယ်။

ဘက်ထရီ

GR5 mini မှာ 3000mAh ပမာဏရှိတဲ့ ဘက်ထရီကို အသုံးပြုထားတဲ့အပြင် ပါဝါစားသက်သာတဲ့ 16nm CPU, i5 coprocessor, Android 6.0 နဲ့ စွမ်းအင်ချွေတာရေး နည်းပညာတို့နဲ့ ပေါင်းစပ်ထားတာကြောင့် အသုံးပြုပုံပေါ် မူတည်ပြီး ဘက်ထရီအပြည့် သွင်းထားလျှင် အများဆုံး ၂ရက်အထိ တောင်သုံးနိုင်တာကို တွေ့ရပါတယ်။

Galaxy J7 မှာတော့ ဖြုတ်လို့ရတဲ့ 3300 mAh ဘက်ထရီပါဝင်ပြီး 3G Network မှာ ၂၃ နာရီကြာဖုန်းပြောနိုင်မယ်လို့ ဆိုထားပါတယ်။

Operation System

GR5 mini မှာ google ရဲ့ နောက်ဆုံးထွက် Android 6.0 နဲ့ Huawei မူပိုင် EMUI4.1 တို့ကို ထည့်သွင်းအသုံးပြုထားပြီး အသုံးပြုရလွယ်ကူအဆင်ပြေပါတယ်။ EMUI4.1 မှာ မြန်မာစာကို ဇော်ဂျီနဲ့ရော ယူနီကုဒ်နဲ့ပါအဆင်ပြေစွာ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Network ထောက်ပံ့မှုအနေနဲ့လည်း 4G LTE အထိထောက်ပံ့ပေးနိုင်ပါတယ်။

Galaxy J7 ကလည်း နောက်ဆုံးထွက် Android 6.0 နဲ့ပဲဖြစ်ပြီး မြန်မာစာနဲ့ Google Service တွေအဆင်ပြေပြေအသုံးပြုနိုင်စွမ်းရှိ ပါတယ်။ Nerwork ပိုင်းမှာလည်း 4G LTE ထိထောက်ပံ့နိုင်ပါတယ်။

Fingerprint Sensor

kGR 5 mini မှာ ဖုန်းလော့ခ်ကို 0.5 စက္ကန့်အတွင်းဖွင့်ပေးနိုင်တဲ့အပြင် ဓာတ်ပုံရိုက်တာအပါအဝင် ဖုန်းလုပ်ဆောင်ချက် အများအပြားကိုပါ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ဒုတိယမျိုးဆက် Fingerprint Sensor ပါဝင်ပါတယ်။

Samsung ရဲ့ Galaxy J7 မှာတော့ Fingerprint Sensor ပါဝင်ခြင်း မရှိပါဘူး။

ဈေးနှုန်း

Huawei ရဲ့ GR5 mini ကို ၂၁၉,၀၀၀ ကျပ်နဲ့ အဖြူ နဲ့ ရွှေရောင် တို့ဝယ်ယူရရှိနိုင်ပြီး Samsung Galaxy J7 2016 ကိုတော့ ၃ သိန်းကျပ်ဝန်းကျင်နဲ့ အနက်၊ ရွှေ နဲ့ ငွေရောင် တို့ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ