Lifestyle: Huawei မှ မက်ဆီအား တစ်ကမ္ဘာလုံးဆိုင်ရာ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခဲ့

ကမ္ဘာ့ထိပ်တန်းဆက်သွယ်ရေးနည်းပညာဆိုင်ရာ ထုတ်ကုန်နှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီကြီး Huawei သည် ၂၀၁၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က လီယိုနယ်မက်ဆီ ကို တစ်ကမ္ဘာလုံးဆိုင်ရာ သံတမန် (Global Brand Ambassador) အဖြစ် ခန့်အပ်ခဲ့ပါတယ်။

play

 

ကမ္ဘာ့ထိပ်တန်းဆက်သွယ်ရေးနည်းပညာဆိုင်ရာ ထုတ်ကုန်နှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီကြီး Huawei သည် ၂၀၁၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က လီယိုနယ်မက်ဆီ ကို တစ်ကမ္ဘာလုံးဆိုင်ရာ သံတမန် (Global Brand Ambassador) အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဒီလိုမျိုးပူးပေါင်းဆောင်ရွက်တာဟာ Huawei ရဲ့ ပြည်သူနှင့်တသားတည်းကျပြီး ကောင်းမွန်တဲ့ ဆက်သွယ်မှုများကို ဆက်သွယ်ပေးလိုတဲ့ ဆန္ဒကို ဖော်ပြလိုက်တာပါပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ချစ်ခင်လိုလားတဲ့အရာတွေကို ပိုင်ဆိုင်ရယူလိုစိတ်ကို စိန်ခေါ်မှုတွေက စမ်းသပ်တတ်ပါတယ်။ ကျွန်တော်တို့ဟာ ယနေ့ရောက်ရှိနေသောနေရာသို့ ရောက်ရှိလာရန်အတွက် ကျွန်တော်တို့ ဘ၀၏တစ်စိတ်တစ်ပိုင်းအဖြစ် ဖြတ်ကျော်လာခဲ့ရတဲ့ ကြီးပြင်းမှု၊ သင်ယူလေ့လာမှု၊ အတွေ့အကြုံများနှင့် ရုန်းကန်ခဲ့ရမှုများကို တန်ဖိုးထားရမှာပါ။ အခုလိုနားလည်ထားမှသာလျှင် အောင်မြင်မှုနောက်သို့ မလိုက်ဘဲ စိန်ခေါ်မှုများကိုသာ ရှာဖွေရင်း မိမိကိုယ်ကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်သွားနိုင်မည်ဖြစ်ပါတယ်။ ထိုအကြောင်းအရာက Huawei နှင့် မက်ဆီကို တစ်သားတည်းကျသွားစေရန် ပို့ဆောင်ပေးလိုက်သော အချက်တစ်ချက်ပါ။ Huawei Consumer BG၊ လက်ကိုင်ဖုန်းဌာနခွဲ (Handset Business) ၏ ဥက္ကဋ္ဌ Mr. Kevin Ho မှ “ Huawei က အထူးအလေးအနက်ထားပြီး မြှုပ်နှံမှုပြုလုပ်နေတဲ့ ဥရောပ၊ အာရှနဲ့ လက်တင်အမေရိကနိုင်ငံတွေက နိုင်ငံသားတွေကို အာရုံစူးစိုက်ဖို့၊ ဇွဲလုံ့လ၀ီရိယတို့နဲ့ မဆုတ်မနစ်ကြိုးစားဖို့တို့ကို တွန်းအားပေးကာ အခက်အခဲတွေကို ကျော်လွန်ပြီး ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်မှုတွေ ရရှိစေဖို့အတွက် မက်ဆီက ကူညီပေးပါလိမ့်မယ်။ ကျွန်တော်တို့နှစ်ဦးစလုံး (Huawei နဲ့ မက်ဆီ) ဟာ လက်ရှိနေရာထိ လျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းကို အလွန်တန်ဖိုးထားသလို စိန်ခေါ်မှုအသစ် တွေကိုလည်း တန်ဖိုးထားပြီး အောင်မြင်မှုလမ်းကြောင်းကို ရအောင်ရှာဖို့စွမ်းအားသစ်တွေ တိုးပွားလာခဲ့ကြပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ Huawei ရဲ့ အယူအဆဟာ မက်ဆီရဲ့ ဘ၀နှင့် အသက်မွေးဝမ်းကြောင်းကိုလည်း ထင်ဟပ်နေပါတယ်။ မက်ဆီရဲ့ ဘဝမှာ သူအစဉ်အမြဲရည်မှန်းပြီးတော့ အိပ်မက်မက်ခဲ့ရတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူနှင့်အတူ သူ့မိသားစုဟာ ၎င်းတို့တတ်နိုင်သမျှ (မွေးရပ်မြေကို စွန့်ခွာခဲ့ရတဲ့အထိ) အစွမ်းကုန်ကြိုးပမ်းခဲ့ရတာပါ။ လီယိုနယ် မက်ဆီက “သင့်အိပ်မက်ကို အကောင်အထည်ပေါ်လာချင်ရင် တိုက်ခိုက်ကြိုးပမ်းမှ ရမှာပေါ့။ ကြီးမြတ်ခြင်းကို ရယူဖို့မျှော်လင့်ရင်းနဲ့ စွန့်လွှတ်ရတာတွေလဲရှိမယ်။ တိုးတက်ဖို့အတွက် လုပ်ဆောင်စရာတွေ မရှိတော့ဘူးလို့ တွေးမိတဲ့တစ်နေ့မှာ တခြားအောင်မြင်မှုတွေကို ရရှိဖို့အတွက် ဆက်လက်လုပ်ဆောင်နေရဦးမှာပါ။” ဟု သူကပြောပါတယ်။

Huawei လက်တင်အမေရိက၊ Consumer Business Group ၏ CEO Mr. Tyrone Liu မှ “ကမ္ဘာတစ်ဝန်းက လူသားတွေကို သူတို့ရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေအကောင်အထည်ပေါ်လာအောင် ကြိုးစားလိုစိတ်ကို လှုံ့ဆော်ပေးနေတဲ့ ထူးခြားလှတဲ့လူတစ်ယောက်နဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ရတာကို ၀မ်းမြောက်ဝမ်းသာစွာ ကြေညာလိုပါတယ်။ မက်ဆီဟာ Huawei အမှတ်တံဆိပ်နဲ့အတူ အဖိုးတန်လှတဲ့အရာတွေကို မျှဝေပေးမှာဖြစ်ပါတယ်။ သူဟာ ကောင်းမွန်မှုတွေကို ရရှိဖို့အတွက် အခွင့်အလမ်းတွေကို အမြဲရှာဖွေနေသူတစ်ယောက်လည်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

အားကစားဟာ လူသားတို့ရဲ့ဘ၀ကို အနှစ်သာရပြည့်ဝစေတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ယုံကြည်ထားတာကြောင့် Huawei က အားကစား (အထူးသဖြင့် ဘောလုံးအားကစား)မှာ အထောက်အကူပြုလျက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်များကစပြီး América, Santa Fe, Sporting Cristal, Arsenal, Atlético de Madrid နှင့် AC Milan ကဲ့သို့သော ကမ္ဘာတစ်ဝန်းမှာ လွှမ်းမိုးလျက်ရှိသောအသင်းများကို ထောက်ပံ့ပေးခဲ့သလို၊ Huawei အမှတ်တံဆိပ်တန်ဖိုးကို မြင့်တက်စေနိုင်ဖို့အတွက် နာမည်ကျော်ဘောလုံးသမားတွေဖြစ်တဲ့ Robert Lewandowski၊ Alexis Sánchez နှင့် ယခု Lionel Messi ကဲ့သို့သော အားကစားသမားများနှင့်ပါ လက်တွဲခဲ့ပါတယ်။ Huawei ဟာ ကမ္ဘာ့နံပါတ် ၃ စမတ်ဖုန်းထုတ်လုပ်သူဖြစ်လာဖို့ ဆန်းသစ်တီထွင်ရန်နှင့် အကောင်းဆုံးပေးဆပ်ရန် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရပါတယ်။ အထူးသဖြင့် Mate, P နှင့် G series မှ ဖုန်းများဟာ သာလွန်တဲ့ စွမ်းဆောင်ရည်နှင့် သပ်ရပ်သားနားတဲ့ ပုံစံတွေကြောင့် ဖုန်းအမြင့်ဈေးကွက်တွင် လူကြိုက်အများဆုံး ဖုန်းများဖြစ်ကြပါတယ်။ Mate 8 ဟာ ပုံစံသစ် လိုလားတဲ့ စီးပွားရေးလောကသားများအတွက် အထူးစီစဉ်ထားတဲ့ဖုန်းဖြစ်ပြီး ၎င်းကို စတင်ရောင်းချခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်နေ့ စတင်ရောင်းချတဲ့အချိန်မှ ယနေ့ထက်အထိ အလုံးရေ သုံးသန်းခန့်ရောင်းခဲ့ရပြီးဖြစ်ပါတယ်။

Huawei Consumer လုပ်ငန်းစုအကြောင်း

Huawei ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများသည် တတိယလူသုံးအများဆုံးအဖြစ် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်ကို လွှမ်းမိုးထားပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့မိုဘိုင်းလ်ဖုန်းဈေးကွက်တွင် တတိယအဆင့်၌ ရပ်တည်လျက်ရှိသည်။ သုတေသနစင်တာ (၁၆)ခုကို အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှ၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏လုပ်ငန်းစု ၃ ခုတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး စမတ်ဖုန်း၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ၊ အိမ်သုံးပစ္စည်းများ၊ အင်တာနက်သိုလှောင်ခြင်းဝန်ဆောင်မှု စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။ Huawei ၏တစ်ကမ္ဘာလုံး ဆိုင်ရာကွန်ရက်ကို အနှစ်၂၀ကျော်သက်တမ်းရှိပြီး အထူးကျွမ်းကျင်သော ဆက်သွယ်ရေးလုပ်ငန်းပေါ်တွင် အခြေခံထားပြီး တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများထံ အဆင့်မြင့် နောက်ဆုံးပေါ်နည်းပညာများကို ဖြန့်ဝေပေးရန် ရည်ရွယ်ပါသည်။

Huawei နဲ့ပတ်သက်ပြီးတော့ အောက်ဖော်ပြပါများမှတဆင့် သွားရောက်လေ့လာနိုင်ပါတယ်။

Huawei Mobile Myanmar Facebook Page - https://www.facebook.com/HuaweiDeviceMyanmar

Website - http://consumer.huawei.com/mm

Instagram - https://www.instagram.com/huaweidevicemyanmar

အသေးစိတ်သိရှိလိုပါက အောက်ဖြော်ပပါသို့ ဆက်သွယ်နိုင်ပါတယ်။

Huawei Technologies (Yangon)

Name: Ms. May Barani Zaw, PR Manager, Device Business Dept.

Tel No. : 09-79961-0293

Email: may.barani.zaw@huawei.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ