Lifestyle: Huawei စမတ်ဖုန်းဝယ်ယူရင်း ရွှေဒင်္ဂါးတွေ ကံစမ်းနိုင်မည်

Huawei ရဲ့ P9၊ P9 Lite၊ GR5 နဲ့ GR5 mini စမတ်ဖုန်းတွေကို ၀ယ်ယူရင်း ရွှေဒင်္ဂါးတွေကံစမ်းနိုင်မယ့်အစီအစဉ်တစ်ရပ်ကို ကမ္ဘာကျော်မိုဘိုင်းလ်ဖုန်းနဲ့ နည်းပညာကုမ္ပဏီ Huawei ကကြေညာလိုက်ပါတယ်။

 

play

 

Huawei ရဲ့ P9၊ P9 Lite၊ GR5 နဲ့ GR5 mini စမတ်ဖုန်းတွေကို ၀ယ်ယူရင်း ရွှေဒင်္ဂါးတွေကံစမ်းနိုင်မယ့်အစီအစဉ်တစ်ရပ်ကို ကမ္ဘာကျော်မိုဘိုင်းလ်ဖုန်းနဲ့ နည်းပညာကုမ္ပဏီ Huawei ကကြေညာလိုက်ပါတယ်။

Huawei Gold Touch လို့အမည်ပေးထားတဲ့ အဲဒီကံစမ်းမဲအစီအစဉ်ဟာ သြဂုတ်လ၊ ၆ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ကြာမြင့်မှာပါ။

Huawei Gold Touch အစီအစဉ်မှာ တန်ဖိုး ကျပ် ၅ သိန်းဝန်းကျင်တန်ဖိုးရှိ ရွှေဒင်္ဂါးစုစုပေါင်း ၁၀၀ ခန့် ကို ကံစမ်းမဲ ဖောက်ပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ Huawei Branded ဆိုင်တွေ၊ Huawei နဲ့ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေအပါအ၀င် ဆိုင်ပေါင်း ၅၀၀ ခန့်မှာပါဝင်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Huawei Gold Touch အစီအစဉ်ကာလအတွင်းမှာ P9 ၀ယ်ယူသူတွေအနေနဲ့ ကံစမ်းမဲ ကူပွန် ၂ စောင်၊ P9lite၊ GR5၊ GR5mini တို့ကို ၀ယ်ယူသူတွေအနေနဲ့ ကံစမ်းမဲကူပွန် (၁) စောင်ရရှိမှာဖြစ်ကာ ကံစမ်းမဲကူပွန်မှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ပြီး ကံစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

အဲဒီလို ရွှေဒင်္ဂါးတွေကံထူးနိုင်မယ့် ကံစမ်းမဲအစီအစဉ်အပြင် အထက်ပါ Huawei စမတ်ဖုန်းတွေကို ၀ယ်ယူသူတွေအနေနဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ ဖုန်းအမျိုးအစားအလိုက်ရရှိမယ့် လက်ဆောင်ပစ္စည်းတွေကတော့ P9 ၀ယ်ယူသူတွေအနေနဲ့ Tripod နဲ့ Selfie Stick တို့ ပါဝင်တဲ့ Photography Gift Package၊ P9 lite ၀ယ်ယူသူတွေအနေနဲ့ Bluetooth Selfie Stick နဲ့ GR5၊ GR5mini ၀ယ်ယူသူတွေအနေနဲ့ကတော့ Gift Box တို့ကိုရရှိမှာပဲ ဖြစ်ပါတယ်။

ရွှေဒင်္ဂါးပြားကံစမ်းမဲကို တစ်ကြိမ်လျှင် ရွှေဒင်္ဂါးပြား ၂၅ ပြားအတွက် ကံထူးရှင် ၂၅ ဦးနဲ့ ၄ ကြိမ်၊ စုစုပေါင်း ရွှေဒင်္ဂါးပြား ၁၀၀၊ ကံထူးရှင် ၁၀၀ ကို အောက်ဖော်ပြပါရက်တွေမှာ မဲနှိုက်ကြေညာသွားမှာ ဖြစ်ပါတယ်။

- ပထမအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ သြဂုတ်လ ၂၈ရက်နေ့)

သြဂုတ်လ ၆ရက်နေ့ကနေ သြဂုတ်လ ၂၁ရက်နေ့အတွင်း ၀ယ်ယူသူများအတွက်

- ဒုတိယအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့)

 သြဂုတ်လ ၂၂ရက်နေ့ကနေ စက်တင်ဘာလ ၄ရက်နေ့အတွင်း ၀ယ်ယူသူများအတွက်

- တတိယအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့)

စက်တင်ဘာလ ၅ရက်နေ့ကနေ စက်တင်ဘာလ ၁၈ရက်နေ့ အတွင်း ၀ယ်ယူသူများအတွက်

- စတုတ္ထအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့)

စက်တင်ဘာလ ၁၉ရက်နေ့ကနေ အောက်တိုဘာလ ၂ရက်နေ့ အတွင်း ၀ယ်ယူသူများအတွက်

Huawei Gold Touch ကံစမ်းမဲရှိတဲ့ဆိုင်တွေကို Huawei Mobile Myanmar Facebook စာမျက်နှာမှာ ကြည့်ရှု့နိုင်ပြီး ကံစမ်းမဲ မဲနှိုက်ရွေးချယ်တဲ့အစီအစဉ်နဲ့ ကံထူးရှင်စာရင်းတွေကိုလည်း ယင်း Facebook စာမျက်နှာကနေတိုက်ရိုက် ထုတ်လွှင့်၊ ကြေညာသွားမှာ ဖြစ်ပါတယ်။

Huawei Mobile Myanmar ရဲ့ Facebook စာမျက်နှာကိုတော့ အောက်ပါလင့်ခ်ကနေသွားရောက်ကြည့်ရှု့နိုင်ပါတယ်။

https://www.facebook.com/HuaweiDeviceMyanmar/

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ