Lifestyle: Huawei ကကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အွန်လိုင်းမိုဘိုင်း ဖုန်းဓာတ်ပုံပြိုင်ပွဲမှာ ဆုတွေ တိုးချဲ့ ချီးမြှင့်မယ်

Huawei Mobile Myanmar ကနေကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အွန်လိုင်းမိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲ ဖြစ်ခဲ့တဲ့ City Mission ဓာတ်ပုံပြိုင်ပွဲကို ကျင်းပပြီးစီးသွားပြီ ဖြစ်ပြီး မကြာမီဆုတွေချီးမြှင့်သွားမှာဖြစ်ကာ မူလကချီးမြှင့်ဖို့ သတ်မှတ်ထားတဲ့ ဆုအရေအတွက်ထက်ပိုပြီး တိုးချဲ့ချီးမြှင့်သွားမယ်လို့ Huawei Myanmar ကနေကြေညာလိုက်ပါတယ်။

 

play

 

Huawei Mobile Myanmar ကနေကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အွန်လိုင်းမိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲ ဖြစ်ခဲ့တဲ့ City Mission ဓာတ်ပုံပြိုင်ပွဲကို ကျင်းပပြီးစီးသွားပြီ ဖြစ်ပြီး မကြာမီဆုတွေချီးမြှင့်သွားမှာဖြစ်ကာ မူလကချီးမြှင့်ဖို့ သတ်မှတ်ထားတဲ့ ဆုအရေအတွက်ထက်ပိုပြီး တိုးချဲ့ချီးမြှင့်သွားမယ်လို့ Huawei Myanmar ကနေကြေညာလိုက်ပါတယ်။

မူလတုန်းက Huawei Mobile Myanmar ရဲ့ Facebook Page မှာတင်ထားတဲ့ပြိုင်ပွဲဝင် ဓာတ်ပုံတွေထဲက Like အများဆုံးရတဲ့ ကာလဓာတ်ပုံတစ်ပုံကို Popular Award (Color) ဆိုပြီး ဆုတစ်ဆု ၊ Like အများဆုံးရတဲ့ အဖြူအမည်းဓာတ်ပုံတစ်ပုံကို Popular Award ( Black & White ) ဆိုပြီး ဆုတစ်ဆု၊ ပြီးတော့ နိုင်ငံတကာဆုရ ဓာတ်ပုံပညာရှင်ကိုအောင်ပြည့်စိုးက Huawei ကို ကိုယ်စားပြုပြီး ရွေးချယ်တဲ့ "Huawei Choice Best Color Shot Award" နဲ့ "Huawei Choice Best B&W Award" ဆိုပြီးတော့ ဆု ၂ ဆု ၊ စုစုပေါင်း ဆု ၄ ဆုချီးမြှင့်မယ်လို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Huawei အနေနဲ့ အဲဒီလိုကြေညာထားပြီးသားဖြစ်တာကြောင့် Like အများဆုံးရတဲ့သူတွေကို ချီးမြှင့်မယ့် ဆု ၂ ဆုကို ပြောင်းလဲသတ်မှတ်သွားဖို့မရှိဘဲ ဆုရရှိတဲ့ဓာတ်ပုံရှင်က ပြိုင်ပွဲစည်းကမ်းနဲ့ညီရင် မူလအစီအစဉ်အတိုင်းချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း Like အများဆုံးရတဲ့ ဓာတ်ပုံတွေကို ရွေးချယ်ဆုချီးမြှင့်တာနဲ့ပတ်သက်ပြီး ပြိုင်ပွဲဝင်တွေရဲ့ ခံစားချက်ကို သတိပြုစာနာနားလည်မိတဲ့အတွက် Huawei ကနေပြီးတော့ မူလသတ်မှတ်ထားတဲ့ဆုအရေအတွက် ထက်တိုးပြီး ချီးမြှင့်ဖို့ စီစဉ်ခဲ့ပါတယ်။

ဒါကြောင့် မူလက Popular Award ဆု ၂ ဆုအပြင် Huawei Choice Best Color Shot Award နဲ့ Huawei Choice Best B&W Award ဆိုပြီး ဆု ၂ ဆုသာချီးမြှင့်မယ့်နေရာမှာ နောက်ဆုံးအဆင့်ဆန်ခါတင် ကာလာပုံ ၁၁ ပုံနဲ့ အဖြူအမည်းပုံ ၁၁ ပုံထဲကနေ အကောင်းဆုံး ကာလာ ဓာတ်ပုံဆု (Huawei Choice Best Color Shot Award ) ၂ ဆု နဲ့ အကောင်းဆုံး အဖြူအမည်း ဓာတ်ပုံဆု (Huawei Choice Best B&W Award) ၂ ဆု ဆိုပြီး တိုးမြှင့် ပေးအပ်သွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် City Mission ဓာတ်ပုံပြိုင်ပွဲမှာ စုစုပေါင်းချီးမြှင့်မယ့် ဆုအရေအတွက်က ၆ ဆုအထိ ဖြစ်သွားပါတယ်။ ဒါ့အပြင် နောက်ဆုံးအဆင့် ဆန်ခါတင်စာရင်းဝင်ပုံတွေထဲက ဆုမရရှိဘဲ ကျန်ရှိတဲ့ ဓာတ်ပုံ ၁၈ ပုံအတွက်လည်း P9 Photography gift box ၊ Headphone နဲ့ Powerbank စုစုပေါင်း သုံးမျိုးပါဝင်တဲ့ တန်ဖိုးကြီး လက်ဆောင် package တွေကို ပေးအပ်သွားမယ်လို့လည်း Huawei ကကြေညာခဲ့ပါသေးတယ်။

လက်ရှိကျင်းပပြုလုပ်နေတဲ့ Huawei ရဲ့ City Mission ဓာတ်ပုံပြိုင်ပွဲကို ပါဝင်သူပေါင်း ၁၆၀၀ ကျော်ရှိတဲ့အထိ စိတ်ဝင်စားခဲ့ကြကာ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အွန်လိုင်းမိုဘိုင်းဓာတ်ပုံပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်ထပ် City Mission ဓာတ်ပုံပြိုင်ပွဲတစ်ခုကို မကြာမီထပ်မံကျင်းပပေးသွားမယ်လို့လည်း Huawei ကကြေညာ ထားပြီး နောက်ထပ်တစ်ကြိမ်ကျင်းပတဲ့အခါမှာ Popular Award နဲ့ပတ်သက်လို့ အခုတစ်ကြိမ်လို အငြင်းပွားစရာ တွေမရှိဘဲ Huawei ကိုသစ္စာရှိရှိသုံးတဲ့၊ ဓာတ်ပုံအရည်အချင်းပြည့်ဝတဲ့သူတွေ မနစ်နာရအောင် ပြင်ဆင်မှုတွေ သေချာလုပ်သွားမယ်လို့ Huawei Myanmar ကဆိုထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ