Lifestyle: Huawei Mate 8 Review

Huawei ရဲ့နောက်ဆုံးထုတ် flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mate 8 ကို မီဒီယာပေါင်း ၁၄ ခုက CES ပွဲ မှာ Best Smartphone Award ပေးအပ်ထားပါတယ်။

 

play

 

Huawei ရဲ့နောက်ဆုံးထုတ် flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mate 8 ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မြို့မှာ ကျင်းပတဲ့ CES တွင် စတင်မိတ်ဆက်ခဲ့ပြီး ဇန်န၀ါရီလ ၂၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရှေ့တောင်အာရှနိုင်ငံများကို မိတ်ဆက်ခဲ့ပါတယ်။

CES ပွဲကျင်းပနေစဉ်အတွင်းမှာ နာမည်ကြီး မီဒီယာများဖြစ်ကြတဲ့ Expert Reviews, Chip Chick, TechRador, Engadget, Techlicious, Tom’s Hardware, Android Central, Android Authority အစရှိတဲ့ မီဒီယာပေါင်း ၁၄ ခုက Huawei Mate 8 ကို Best Smartphone Award ပေးအပ်ခဲ့ကြပါတယ်။

ဒါဆိုရင် Huawei Mate 8 က ဘယ်လိုအရည်အချင်းတွေ နဲ့ CES ရဲ့ Best Smartphone Award ရခဲ့လဲဆိုတာ လေ့လာကြည့်ရအောင်။ Mate 8 ရဲ့ဆွဲဆောင်နိုင်မှုအရှိဆုံး အချက်အလက်များကတော့ -

၁။ Metallic Body

play

 

Huawei Mate 8 ရဲ့ ကိုယ်ထည်တစ်ခုလုံးကို လေယာဉ်တည်ဆောက်ရာမှာ အသုံးပြုလေ့ရှိတဲ့ ပေါ့ပါးတောင့်တင်းခိုင်မာတဲ့ သတ္တုနဲ့ အလူမီနီယံတို့ကို နှစ်မျိုးစပ်အသုံးပြုထားပါတယ်။ ဖုန်းရဲ့ ဘေးဘောင်တစ်လျှောက်ကို သတ္တုကြိုးမျှင်တန်း ပုံသဏ္ဌာန်နဲ့ အနားသတ်လိုင်းဖော်ပေးထားပြီး အခုလို ပြောင်ချောတောက်ပပြီး လက်ရာမြောက်လှတဲ့ အနားသတ်ဒီဇိုင်းတို့ပါဝင်တဲ့ ခန့်ခန့်ညားညားဖုန်းကိုယ်ထည်တစ်ခု ဖြစ်လာစေရန် အချိန် (၁၅) ရက် ယူပြီး လုပ်ငန်းအဆင့်ပေါင်း (၅၂) ဆင့်နဲ့ အဆင့်ဆင့် ပြုလုပ်ထားရတာပါ။ ဒါကြောင့် Mate 8 ကို လက်ထဲမှာ ဘယ်နေရာ၊ ဘယ်လိုမျိုးအနေအထားနဲ့ပဲ ကိုင်ကိုင် အဆင့်တန်းမီအရည်အတွေးပြည့်စုံပြီး ဒီဇိုင်းပိုင်းအနေနဲ့လည်း ပြောစရာမရှိလောက်အောင် နှစ်သက်ကျေနပ်ဖွယ်ကောင်းလှပါတယ်။

၂။ Gorgeous Display

play

 

Huawei Mate 8 ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ ၆ လက်မရှိပြီး ရုပ်ထွက်ကြည်လင်ပြတ်သားဖို့အတွက် resolution ပမာဏ 1920x1080 ရှိတဲ့ FHD display ကို အသုံးပြုထားတဲ့အပြင် မျက်နှာပြင်ရဲ့အရောင်စိုစွတ်တောက်ပမှုပမာဏကို NTSC 95% အထိ တိုးမြှင့်ထားပေးတဲ့အတွက် ဖန်သားပြင်ပေါ်မှာဖော်ပြတဲ့ ပုံရိပ်မှန်သမျှကို အလွန်ကြည်လင်တောက်ပတဲ့ အရည်အသွေးနဲ့ ဖော်ပြပေးနိုင်သလို ဖန်သားပြင်ကိုလည်း 2.5D curved screen 4th generation gorilla glass ဖုံးအုပ်ပေးထားတာကြောင့် အမြင်ဆန်းသစ်ပြီး အလွန်ကျစ်လျစ်တောင့်တင်းမှုရှိပါတယ်။

ဖုန်းဖန်သားပြင်အရွယ်အစားကြီးမားသော်လည်း ဖုန်းဖန်းသားပြင်နှင့် ဘေးဘောင်နှစ်ဖက်တို့ရဲ့ အကွာအဝေးဟာ 2.7mm သာ ရှိတဲ့အတွက် ဖုန်းဘေးဘောင်နှင့် ဖန်သားပြင်ရဲ့အကွာအဝေး အပါးလွှာဆုံး စမတ်ဖုန်းတစ်လုံးအဖြစ်ရပ်တည်နေပါတယ်။ ဒါကြောင့် အခြားဖန်သားပြင်အရွယ်အစား ၆ လက်မရှိတဲ့ ဖုန်းများနှင့်နှိုင်းယှဉ်ကြည့်လိုက်ရင်တောင် Mate 8 ကို ပိုမိုသေးငယ်ပါးလွှာပြီး လက်တစ်ဖက်တည်းနဲ့ ကောင်းမွန်စွာဆုပ်ကိုင်ထားနိုင်မှာပါ။

၃။ Ultra-Fast Processor

play

 

Mate 8 ဟာ Huawei ရဲ့ flagship ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ Huawei ကိုယ်ပိုင် Hisilicon ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် Kirin 950 Chipset ကို အသုံးပြုထားပါတယ်။ အသစ်ထွက်ရှိလာတဲ့ Kirin 950 Chipset မှာ Chipset တစ်ခုရဲ့ လုပ်ဆောင်နိုင်စွမ်းကို အဘက်ဘက်က မြှင့်တင်ပေးထားပြီး ပါဝါသုံးစွဲမှုကိုလည်း ချွေတာပေးနိုင်ပါတယ်။

CPU ကို Octa-core processor (ARM Cortex-A72 quad-core 2.3GHz + ARM Cortex-A53 1.8GHz) အသုံးပြုထားပြီး၊ GPU ကိုလည်း နောက်ဆုံးထွက် Mali-T880 အသုံးပြုထားတဲ့အတွက် လုပ်ဆောင်မှုအမြန်နှုန်းအပိုင်းနှင့် graphic မှာ ပြောစရာမလိုလောက်အောင် ကောင်းမွန်လှတာကိုတွေ့မြင်ရမှာပါ။ Semi-conductor နည်းပညာသစ်တစ်ခုဖြစ်တဲ့ FinFET Plus ကို အသုံးပြုထားတဲ့အတွက်လည်း ပါဝါသုံးစွဲမှုပမာဏ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

Mate8 မှာ Mate7 ကဲ့သို့ Co-processor တစ်လုံးပါ ပါဝင်ပြီး Mate7 မှာ i3 co-processor၊ mate8 မှာ i5 co-processor ကို အသုံးပြုထားတာကို တွေ့မြင်နိုင်မှာပါ။ i5 co-processor က i3 co-processor ထက် လုပ်ဆောင်ချက် ၄ ဆ ပိုမိုမြန်ဆန်ပြီး ပါဝါသုံးစွဲမှု ပမာဏကိုလည်း 90mA မှ 6.5mA သို့ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

၎။ Brilliant Camera

play

 

Mate 8 ရဲ့ ကင်မရာကို ရှေ့ကင်မရာ 8 megapixel နှင့် နောက်ကင်မရာ 16 megapixel အသီးသီး အသုံးပြုထားပါတယ်။ နောက်ကင်မရာတွင် SONY ရဲ့ 16megapixel BSI ကင်မရာတပ်ဆင်ထားပြီး အာရုံခံစနစ်အရွယ်အစား ၂၃% ပိုကြီးတဲ့ SONY IMX 298 Chipset အသစ်ကို အသုံးပြုထားတဲ့အတွက် အလွန်ကောင်းမွန်တဲ့ ကင်မရာရိုက်ချက်တွေကို ပေးစွမ်းနိုင်မှာပါ။

OIS 1.5˚ နည်းပညာသစ်က ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရာမှာ လက်တုန်ခါမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ပုံရိပ်ဝေဝါးခြင်းပြဿနာကို ဖြေရှင်းပေးမှာပါ။ Kirin 950 Chipset မှာ ကင်မရာလုပ်ဆောင်ချက်အတွက် Processor နှစ်ခုကို ထပ်မံထည့်သွင်းထားပါတယ်။ Image Signal Processor (ISP) နှင့် Digital Signal Processor (DSP) တို့ဖြစ်ပြီး ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးလုပ်ဆောင်ချက်များကို လုပ်ဆောင်ရာတွင် ပုံမှန်ထက် ၄ ဆ ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။

IMAGE Smart 4.0 နှင့် အပါချာ F2.0 တို့ကို အသုံးပြုထားတဲ့အတွက်လည်း အလင်းနည်းသောနေရာများမှာပင် ကြည်လင်တောက်ပသော ဓာတ်ပုံများကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Hybrid Autofocus နည်းပညာကလဲ ဓာတ်ပုံရိုက်ကူးရာမှာ လျင်မြန်စွာ focus လုပ်နိုင်ပြီး အရောင်အသွေးမျှတတဲ့ ပုံရိပ်များကို ချက်ချင်းဆိုသလို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ကင်မရာလုပ်ဆောင်ချက်အသစ်အနေနဲ့ Professional mode ပါဝင်လာတာကြောင့် Mate 8 ကို DSLR ကင်မရာတစ်လုံးကဲ့သို့ ဆက်တင်များကို လိုအပ်သလိုချိန်ညှိ၍ရိုက်ကူးနိုင်ပါတယ်။ Document re-adjustment mode ဖြင့် စာရွက်စာတန်းများကိုလည်း ရိုက်ကူးပြီးတဲ့နောက်မှာ အတည့်အတိုင်းဖြစ်အောင် အလိုအလျှောက်ချိန်ညှိပေးနိုင်တဲ့အပြင် မိမိလိုအပ်သလိုပါ ပြောင်းလဲချိန်ညှိနိုင်မှာပါ။

Slow-mo mode နှင့် ပုံမှန် ရိုက်ကူးထားတဲ့ ဗီဒီယိုများကို နှေးကွေးစွာပြုလုပ်ပြီး ကြည့်ရှုနိုင်ပါသေးတယ်။ အခြား လုပ်ဆောင်နိုင်မယ့် ကင်မရာရဲ့ လုပ်ဆောင်ချက်များကတော့ Panorama၊ Super Night၊ HDR၊ All-focus၊ Watermark၊ Audio Note နှင့် Perfect Selfe အစရှိတာတို့ဖြစ်ပါတယ်။

၅။ Faster Speed, Bigger Storage

play

 

Mate 8 တွင် RAM 4GB ပါဝင်တဲ့အတွက် အလွန်လျင်မြန်တဲ့ Kirin 950 Chipset ရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စွာ အထောက်အပံ့ပေးနိုင်မှာဖြစ်ပြီး ROM 4GB ပါရှိတဲ့အတွက် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ဖိုင်လ်များကို လုံလောက်စွာ သိမ်းဆည်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် micro SD ကတ်ကို ထည့်သွင်းအသုံးပြုလိုသူများအတွက် 128GB အထိရှိတဲ့ micro SD ကို ထည့်သွင်းနိုင်ပါတယ်။ SD Card Lock နည်းပညာကိုပါ ထည့်သွင်းပေးထားကြောင့် သင့်ရဲ့ SD ကတ်ကို သင့်ဖုန်းတွင်သာ အသုံးပြုနိုင်ပြီး အခြားဖုန်းများတွင် အသုံးပြုလျှင် Password လိုအပ်မှာဖြစ်တဲ့အတွက် micro SD ကတ် ပျောက်ရှခဲ့ရင်တောင် အတွင်းမှာရှိတဲ့ လျှို့ဝှက်အချက်အလက်များ ခိုးယူခံရခြင်း၊ ပျံ့နှံ့ခြင်းကိုပါ ကာကွယ်ပေးနိုင်မှာပါ။

၆။ 2nd Generation Fingerprint Sensor

play

 

Mate 8 ကင်မရာရဲ့ အောက်ဘက်မှာတော့ လုံးဝန်းသပ်ရပ်သောပုံသဏ္ဌာန်ရှိတဲ့ fingerprint sensor ကို ထည့်သွင်းထားပါတယ်။ Mate 8 မှာ အသုံးပြုထားတဲ့ fingerprint 2.0 အာရုံခံစနစ်က ပထမမျိုးဆက်ထက် လော့ခ်ဖွင့်မြန်နှုန်းကို ၁၀၀% တိုးမြှင့်ပေးထားတဲ့အတွက် sensor အပေါ် လက်တင်လိုက်ရင် ၀.၅ စက္ကန့်အတွင်း ဖုန်းကို လော့ခ်ဖွင့်ပေးနိုင်မှာပါ။

Mate 8 ရဲ့ fingerprint sensor ဟာ ဖုန်းလော့ခ်ဖွင့်ရုံသက်သက် အသုံးပြုရန်အတွက်သာ ထည့်သွင်းပေးထားတာမဟုတ်ပါဘူး။ Fingerprint sensor ဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ဖုန်းအဝင်ခေါ်ဆိုမှုလက်ခံခြင်း၊ နှိုးစက်ပိတ်ခြင်း၊ ဖုန်းကို Owner mode နှင့် Visitor mode နှစ်မျိုးခွဲ၍ fingerprint နှစ်ခုဖြင့် ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ ဖိုင်၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် သီချင်းများကိုဖွက်ထားနိုင်ခြင်းနှင့် app များကို fingerprint ဖြင့် lock ချနိုင်ခြင်းစတဲ့ အလွန်အသုံးဝင်သော လုပ်ဆောင်ချက်များကိုလည်း အသုံးပြုနိုင်ပါတယ်။

၇။ Long Lasting Battery

play

 

Mate 8 မှာ 4000mAh ရှိတဲ့ Li-Po ဘက်ထရီထည့်သွင်း အသုံးပြုထားပါတယ်။ Smart Power Saving 4.0 နည်းပညာအသစ်ကြောင့် Mate 8 ကို ပုံမှန်အသုံးပြုရင် ၂.၃၆ ရက်နှင့် အလွန်အမင်း အသုံးပြုပါက ၁.၆၅ ရက် အသုံးခံနိုင်ပါတယ်။

HD ဗီဒီယိုကို ၁၇ နာရီ၊ 4G အင်တာနက်အသုံးပြုရင် နာရီ ၂၀၊ 3G ကွန်ရက်တွင် ဖုန်းပြောရင် ၂၈ နာရီနှင့် သီချင်းနားထောင်ရင် ၉၈ နာရီ ဆက်တိုက် အသုံးပြုနိုင်မှာပါ။ (အထက်ဖော်ပြပါအချက်အလက်များသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ဖုန်းပေါ်တွင်အသုံးပြုသော app အမျိုးအစားနှင့် ဖုန်း background တွင် လုပ်ဆောင်နေသော လုပ်ဆောင်ချက်များအပေါ်မူတည်၍ ဘက်ထရီအားစားနှုန်းကွာခြားနိုင်ပါသည်။)

Mate 8 ဘက်ထရီကို 9V/2A charger နှင့် အားသွင်းမှုကိုထောက်ပံ့ပေးထားတာကြောင့် မိနစ် ၃၀ ခန့် အားသွင်းရုံမျှဖြင့် တစ်နေကုန်ပုံမှန် အသုံးပြုနိုင်မှာဖြစ်ပြီး ၂နာရီခွဲခန့် အားသွင်းလျှင် ဘက်ထရီကို ၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအပြည့် ဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။

၈။ Intelligence Microphone

play

 

Mate 8 တွင် Handfree 3.0 နည်းပညာသစ်ထည့်သွင်းအသုံးပြုထားတာကြောင့် ဖုန်းပြောနေချိန်မှာ speaker ဖွင့်ပြီးပြောမယ်ဆိုရင် ၃ မီတာ အကွာအဝေးမှပြောဆိုတဲ့အသံများကိုပါ ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်မှာဖြစ်တဲ့အပြင် microphone ၏ 120˚ အတွင်းမှ အသံများကိုသာ ဖမ်းယူပေးတာကြောင့် အခြားဘက်မှပြောဆိုတဲ့ မလိုအပ်သောအသံများ၊ ဆူညံသံများရန်မှ ကင်းဝေးစေမှာဖြစ်ပါတယ်။

Meeting နှင့် Lecture room ထဲတွင် recording များ ဖမ်းယူရာတွင်လဲ မလိုအပ်သောအသံများကို အလိုအလျှောက်စစ်ထုတ်၊ လျှော့ချပေးနိုင်တဲ့အပြင် ပြောဆိုနေသူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အသံလာရာလမ်းကြောင်းကို ခွဲခြားသတ်မှတ်ပေးနိုင်ပြီး recording ပြန်လည်နားထောင်ချိန်တွင် မိမိမကြားချင်တဲ့ အသံလမ်းကြောင်းကနေ အသံများကိုဖျောက်ပြီး နားထောင်နိုင်မှာပါ။

၉။ Smart Knuckle Functions

play

 

Mate 8 နှင့် အခြားဖုန်းတွေနဲ့မတူတဲ့ ထူးခြားချက်တစ်ခုကတော့ လက်ဆစ်နဲ့ စခရင်ရှော့ခ်ရယူနိုင်တာပါ။ ဖုန်းမျက်နှာပြင်ပေါ်ကို လက်ဆစ်နဲ့ ၂ ချက်ဆက်တိုက်ခေါက်လိုက်ရင် မျက်နှာပြင်တစ်ခုလုံးကို စခရင်ရှော့ခ်ရိုက်ယူပေးမှာဖြစ်ပြီး၊ မျက်နှာပြင်ပေါ်မှာရှိတဲ့အရာများကို တစ်စိတ်တစ်ပိုင်းကိုသာရိုက်ကူးလိုပါက မျက်နှာပြင်ပေါ်သို့ လက်ဆစ်နဲ့ တစ်ချက်ခေါက်ပြီးတော့ ကိုယ်ကြိုက်နှစ်သက်ရာပုံသဏ္ဌာန်ကိုဖိဆွဲလိုက်ရင် စခရင်ရှော့ခ် တစ်စိတ်တစ်ပိုင်းရိုက်ကူးနိုင်မှာပါ။

ဒါ့အပြင် Facebook ပေါ်မှာရှိတဲ့ post များ သို့မဟုတ် PDF ဖိုင်များကဲ့သို့ အပေါ်အောက်ဆွဲ (scroll) လို့ရတဲ့ အခြေအနေများကို အပိုင်းပိုင်းခွဲပြီး စခရင်ရှော့ခ်ရိုက်စရာမလိုဘဲ မျက်နှာပြင်ပေါ်မှာ လက်ဆစ်နဲ့ တစ်ချက်ခေါက်ပြီး S ပုံစံဆွဲလိုက်တာနဲ့ ရောက်ရှိနေတဲ့နေရာအနေအထားကနေ အောက်ဘက်ကို အလိုအလျှောက် စခရင်ရှော့ခ်ရိုက်ပေးမှာပါ။

အွန်လိုင်းပေါ်က MTV တစ်ခုကို streaming ကြည့်နေတဲ့အခါမျိုးမှာ သိမ်းထားလိုတာပဲဖြစ်ဖြစ်၊ movie တစ်ကားရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ သိမ်းဆည်းထားလိုတာပဲဖြစ်စေ၊ ဖုန်းနဲ့ video tutorial တစ်ခုပြုလုပ်လိုတာပဲဖြစ်ဖြစ် မျက်နှာပြင်ပေါ်ကို လက်ဆစ် ၂ ချောင်းပေါင်းပြီး၊၂ ချက်ဆက်တိုက်ခေါက်လိုက်တာနဲ့ မျက်နှာပြင်ပေါ်မှာ ဖော်ပြနေတဲ့အရာများ၊ ဖုန်းကနေထွက်လာတဲ့အသံများနှင့် ပြင်ပကအသံများကို ကူးယူပြီးတော့ ၅ မိနစ်စာ ဗီဒီယိုတစ်ခုအဖြစ် ဖန်တီးနိုင်မှာပါ။

Mate 8 မျက်နှာပြင်ရဲ့ ဘယ်ဘက်ခြမ်းကနေ ညာဘက်ခြမ်းကိုလည်း လက်ဆစ်နဲ့တစ်ချက်ခေါက်ဆွဲလိုက်ရင် Dual window (ဖန်သားပြင် မြင်ကွင်း ၂ ခု) ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Dual window မှာပါရှိတဲ့ app များကို မျက်နှာပြင်တစ်ခုတည်း အပေါ်အောက်ခွဲပြီး တစ်ပြိုင်နက် အသုံးပြုနိုင်မှာဖြစ်သလို၊ Rcent ကို နည်းနည်းကြာကြာ ဖိထားရုံနဲ့ Dual Window ကိုလည်း ဖော်ပြပေးနိုင်မှာပါ။

Mate 8 တွင် ဘယ်လိုမျိုး app မျိုးကိုမဆို အသုံးပြုနေတဲ့ အခြေအနေမျိုးမှာ လက်ဆစ်နဲ့ခေါက်ပြီး C, M, W, e ပုံသဏ္ဌာန် ဆွဲလိုက်ပါက ကင်မရာ၊ သီချင်း၊ မိုးလေဝသ၊ အင်တာနက် ဘရောက်ဇာ အစရှိတဲ့ app များကို ချက်ချင်းဖွင့်ပေးနိုင်ပါတယ်။ ဖွင့်နိုင်တဲ့ app များကိုလည်း ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။

၁၀။ Global Connectivity

play

 

Mate 8 တွင် Dual 4G ကတ်နှစ်ကတ်ကိုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး international roaming နှင့် နိုင်ငံတစ်ခုချင်းစီ၏ မတူညီသော frequency များသုံးစွဲနိုင်မှုကို ထောက်ပံ့ပေးထားတာကြောင့် နိုင်ငံပေါင်း ၂၁၇ နိုင်ငံသို့ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။

Roaming+ နည်းပညာကြောင့် မိမိနိုင်ငံ၏ SIM ကတ်ဖြင့် အခြားနိုင်ငံမှမိမိနိုင်ငံသို့ခေါ်ဆိုပါက ဖုန်းနံပါတ်ရှေ့တွင် country code ခံစရာမလိုဘဲ ဖုန်းမှအလိုအလျောက် ထည့်သွင်းပေးမှာဖြစ်တဲ့အတွက် ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်တာနဲ့ တိုက်ရိုက်ခေါ်ဆိုမှုများပြုလုပ်နိုင်ပါတယ်။

၁၁။ Latest System

play

 

Huawei Mate 8 ကို နောက်ဆုံးပေါ် Android 6.0 (Marshmallow) နှင့်အတူ Huawei ကုမ္ပဏီပိုင် UI ဖြစ်တဲ့ နောက်ဆုံးပေါ် EMUI 4.0 ကို ထည့်သွင်းအသုံးပြုထားတဲ့အတွက် လုပ်ဆောင်ချက်များဟာစုံလင်လှတဲ့အပြင် လွယ်ကူစွာအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ EMUI 4.0 တွင် မြန်မာစာ (ယူနီကုဒ်) စနစ်ကို ထောက်ပံ့ပေးထားတဲ့အတွက် Google နှင့်ပတ်သက်တဲ့ app များကို မြန်မာစာမှန်ကန်စွာ ဖတ်ရှု အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ထိုကဲ့သို့အဖက်ဖက်ကနေပြည့်စုံတဲ့လုပ်ဆောင်ချက်တွေနှင့်အတူ နောက်ဆုံးပေါ်အရည်အသွေးမြင့်ပစ္စည်းများအသုံးပြုထားတဲ့ Huawei Mate 8 ကို မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေစပြီးတော့ ကျပ် ၅၉၉,၀၀၀ နဲ့ စတင်ရောင်းချပေးနေပြီး အရောင်အနေနှင့် Champagne Gold နှင့် Mocha Gold တို့ထဲက ကိုယ့်စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ