Lifestyle: Huawei P9 သုံးစွဲသူများအား ဖုန်းပျက်မှာတွေးပူစရာမလိုတဲ့ Diamond Service အထူးအာမခံ ပေးအပ်လျက်ရှိ

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ကနေပြီးတော့ သူတို့ရဲ့ အသစ်ထွက် P9 ဖုန်းသုံးစွဲသူတွေကို Diamond Service လို့ခေါ်တဲ့ ဝယ်ယူခါစမှာတင်ဖုန်းပျက်သွားမှာကို တွေးပူစရာမလိုတော့မယ့် အထူးအာမခံ ဝန်ဆောင်မှုကို ပေးလျက်ရှိပါတယ်။

 

play

 

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ကနေပြီးတော့ သူတို့ရဲ့ အသစ်ထွက် P9 ဖုန်းသုံးစွဲသူတွေကို Diamond Service လို့ခေါ်တဲ့ ဝယ်ယူခါစမှာတင်ဖုန်းပျက်သွားမှာကို တွေးပူစရာမလိုတော့မယ့် အထူးအာမခံ ဝန်ဆောင်မှုကို ပေးလျက်ရှိပါတယ်။

Diamond Service အရ Huawei P9 သုံးစွဲသူတွေဟာ ဝယ်ယူတဲ့နေ့ကနေ ၃ လအတွင်း TP/LCD display ပျက်စီးခဲ့ရင် အခမဲ့ (၁) ကြိမ် ပြုပြင်ခွင့်(ရေဝင်ခြင်း/ရေငွေ့ ရိုက်ခြင်း မှ အပ၊ တစ်ကြိမ် လဲလှယ်ပြီးပါက Warranty ဆက်လက်ခံစားခွင့်မရှိပါ)၊

Hardware Factory Fault ကြောင့်ချို့ယွင်းမှုကြုံတွေ့ရရင် အသစ်တစ်လုံးနဲ့လဲလှယ်နိုင်တဲ့ ခံစားခွင့်၊ အာမခံအတွင်းအကျုံးမဝင်တဲ့ ပြုပြင်မှုတွေအတွက် အပိုပစ္စည်းတွေကို ၅၀ ရာခိုင်နှုန်းနဲ့အထက် အထူးလျှော့ချ ပေးတဲ့ ဝန်ဆောင်မှု၊ Huawei Service Center တွေကို ကိုယ်တိုင်မသွားနိုင်တဲ့ Customer တွေအတွက် အိမ်တိုင်ရာ ရောက် အခမဲ့ သွား/ပြန် ပို့ ဆောင်ပေးမယ့် DOOR to DOOR Service ဝန်ဆောင်မှုကို ခံစားခွင့်၊

One Stop Service အနေနဲ့ အမြန်ဆုံးပြုပြင်ပေးမယ့် Fast Repair Service ကိုခံစားခွင့်၊ Hot-Line (01-9000900) ကိုခေါ်ဆိုပြီး ကြိုတင်ချိန်းဆို Appointment Service ရယူနိုင်တဲ့ခံစားခွင့်၊ ဖုန်းသက်တမ်းတစ်လျှောက်မှာ အခမဲ့ အထွေထွေ ပြုပြင်မှု (2) ကြိမ် ရယူနိုင်ခွင့်၊

ဖုန်း ကို သန့် စင်ပေးခြင်း၊ Software update/Firmware update လုပ်ပေးခြင်း၊ Application များသွင်းပေးခြင်း၊ System Cleaning များ လုပ်ပေးခြင်း လေဆာနဲ့ ဖုန်းနောက်ကျောမှာ အခမဲ့ နာမည်ရေးထိုးပေးခြင်း (ရန်ကုန် Huawei ဆူးလေ Service Center တွင်သာ) ဝန်ဆောင်မှုတွေကိုခံစားခွင့်ရရှိမယ်လို့ Huawei ကကြေညာထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ