Lifestyle: Huawei P9 ရဲ့ Dual Camera နဲ့ iPhone 7 Plus ရဲ့ Dual-Camera ဘယ်လိုကွာသလဲ

Huawei ကုမ္ပဏီက ၂၀၁၆ ခုနှစ်၊ ဧပြီလထဲတုန်းကထွက်ရှိခဲ့တဲ့ သူတို့ရဲ့ အသစ်ထွက်ဖုန်းမော်ဒယ်လ် P9 မှာ Dual- Camera နည်းပညာကိုထည့်သွင်းပြီး မိုဘိုင်းဖုန်းကင်မရာတွေရဲ့စွမ်းဆောင်ရည်ကို အဆင့်တစ်ဆင့်ထပ်မံမြှင့်တင်လိုက်ပြီး Apple ကုမ္ပဏီကနေ စက်တင်ဘာလ၊ ၇ ရက်နေ့မှာမိတ်ဆက်လာတဲ့ မျိုးဆက်သစ် iPhone တွေထဲက iPhone 7 Plus မှာလည်း Dual Camera နည်းပညာပါဝင်လာတာကိုတွေ့ခဲ့ကြရပါတယ်။

play

 

Huawei ကုမ္ပဏီက ၂၀၁၆ ခုနှစ်၊ ဧပြီလထဲတုန်းကထွက်ရှိခဲ့တဲ့ သူတို့ရဲ့ အသစ်ထွက်ဖုန်းမော်ဒယ်လ် P9 မှာ Dual- Camera နည်းပညာကိုထည့်သွင်းပြီး မိုဘိုင်းဖုန်းကင်မရာတွေရဲ့စွမ်းဆောင်ရည်ကို အဆင့်တစ်ဆင့်ထပ်မံမြှင့်တင်လိုက်ပြီး Apple ကုမ္ပဏီကနေ စက်တင်ဘာလ၊ ၇ ရက်နေ့မှာမိတ်ဆက်လာတဲ့ မျိုးဆက်သစ် iPhone တွေထဲက iPhone 7 Plus မှာလည်း Dual Camera နည်းပညာပါဝင်လာတာကိုတွေ့ခဲ့ကြရပါတယ်။ လက်ရှိအချိန်မှာ ဈေးကွက်ထဲမှာ ဒီဖုန်းနှစ်မျိုးအပြင် Dual Camera ပါဝင်တဲ့တခြားဖုန်းအမှတ်တံဆိပ်တွေလည်း ရှိနေသေးပြီး ဖုန်းတစ်မျိုးနဲ့ တစ်မျိုးရဲ့ Dual Camera လုပ်ဆောင်ပုံချင်း၊ စွမ်းဆောင်ရည်ချင်းတော့ ကွာခြားမှုတွေရှိနေပါတယ်။ ဒီနေရာမှာတော့ Huawei P9 နဲ့ iPhone 7 Plus တို့ရဲ့ Dual Camera တွေရဲ့ကွာခြားချက်တွေကို ဖော်ပြပေးသွားပါမယ်။

Huawei P9 ရဲ့ Dual Camera Huawei ဟာ P9 ရဲ့ ကင်မရာနည်းပညာအတွက် ကမ္ဘာကျော်ကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်းပြီး Dual Camera ကိုပါထည့်သွင်းခဲ့တာဟာ မိုဘိုင်းဖုန်းကင်မရာနည်းပညာကို အဆင့်တစ်ဆင့်မြှင့်တင်ပေးတဲ့လုပ်ဆောင်ချက် ဖြစ်ခဲ့ပါတယ်။ P9 ရဲ့ Dual ကင်မရာဟာ ကင်မရာတစ်ခုစီက 12MP စီရှိပြီး LED flash လည်းနှစ်ခုပါဝင်ကာ Laser Autofocus လည်း ပါဝင်ပါတယ်။ P9 ရဲ့ Dual Camera ဟာ DSLR ကင်မရာတစ်လုံးလို ပုံရိပ်တွေဖမ်းယူနိုင်စွမ်းရှိတဲ့အထိ အဆင့်မြင့်မားပါ တယ်။ နောက်ပြီး ပရိုဖက်ရှင်နယ်ကင်မရာတွေနဲ့သာ ရိုက်ယူလို့ရတဲ့ Bokeh Effect ပုံရိပ်တွေကိုလည်း ရိုက်ကူး နိုင်စွမ်းရှိတဲ့ ပထမဆုံးဖုန်းကင်မရာလည်း ဖြစ်ပါတယ်။ Bokeh Effect ဆိုတာက ယေဘုယျအားဖြင့် နောက်ခံ ပုံရိပ်တွေက ဝါးနေပြီး Focus ထားတဲ့အဓိကပုံရိပ်ကို ကြည်လင်ပြတ်သားစွာ ဖမ်းယူထားတဲ့ပုံရိပ်မျိုးတွေကို ခေါ်တာပါ။ အရင်တုန်းက ဆိုရင် ဖုန်းကင်မရာမှာ ဒီလိုပုံရိပ်မျိုးတွေကို ဆော့ဖ်ဝဲအကူအညီနဲ့ ပြင်ဆင်တည်းဖြတ်ပြီးမှသာရရှိနိုင်တာဖြစ်ပြီး အဲဒီလို ပြင်ဆင်တည်းဖြတ်ထားတဲ့ပုံတွေကလည်း တကယ့် Bokeh Effect ပုံတွေနဲ့ဘယ်လိုမှမတူညီနိုင်ပါဘူး။

P9 ရဲ့ Dual Camera မှာပါဝင်တဲ့ ကင်မရာနှစ်ခုဟာ တစ်ခုက ပုံမှန် RGB ကာလာပုံရိပ်တွေကိုဖမ်းယူပြီး ကျန်တစ်ခုကတော့ Black & White ပုံရိပ်တွေကို ဖမ်းယူပေးတာပါ။ ဒီလို ကင်မရာနှစ်ခုက မတူညီတဲ့ လုပ်ဆောင်ချက်နှစ်ခုကို တစ်ပြိုင်နက်လုပ်ဆောင်ခြင်းဖြင့် ပိုမိုတိကျပြတ်သားပြီးအရောင်မှန်တဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်းရှိသွားသလို ၊ ခေတ်ဟောင်းပုံစံ အဖြူအမည်းဓာတ်ပုံတွေကိုလည်း ဖမ်းယူနိုင်စွမ်းရှိသွားပါတယ်။

play

 

iPhone 7 Plus ရဲ့ Dual Camera Apple ကုမ္ပဏီကလည်း သူတို့ရဲ့ မျိုးဆက်သစ် iPhone ဖြစ်တဲ့ iPhone 7 Plus မှာ Dual Camera နည်းပညာကို ထည့်သွင်းပြီး ဈေးကွက်ထဲမှာရှိနေနှင့်တဲ့ Dual Camera နဲ့ Android ဖုန်းတွေကို ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမဲ့ iPhone 7 Plus ရဲ့ Dual Camera က P9 ရဲ့ Dual Camera နဲ့လုပ်ဆောင်ပုံချင်းနဲ့ ရည်ရွယ်ချက်ချင်း မတူညီပါဘူး။ iPhone 7 Plus ရဲ့ Dual Camera က မှန်ဘီလူးတစ်ခုစီက 12MP စီပဲဖြစ်ပြီး အလင်းများများဝင်နိုင်ပြီး အလင်းရောင်အားနည်းတဲ့နေရာတွေမှာ ပုံရိပ်တွေဖမ်းယူနိုင်ဖို့ကို ပိုမိုအသားပေးထားပါတယ်။ ဒါပေမဲ့ Flash Light ကတော့ LED true tone flash တစ်ခုပဲပါဝင်ပါတယ်။ iPhone 7 Plus နဲ့ဓာတ်ပုံရိုက်ကူးတဲ့အခါ သာမန်အချိန်မှာ ရိုက်ကူးတဲ့ ပုံရိပ်တွေဟာ အခြားကင်မရာတစ်ခုပဲပါဝင်တဲ့ iPhone တွေဖြစ်တဲ့ iPhone 7 ၊ iPhone 6s တို့နဲ့ သိပ်ပြီး ကွာခြားမှုမရှိဘဲ အလင်းရောင်အားနည်းတဲ့နေရာတွေမှာ ရိုက်ကူးတဲ့ပုံရိပ်တွေနဲ့ Zoom ဆွဲပြီးရိုက်ကူးတဲ့ပုံရိပ်တွေမှာ ကွဲပြားခြားနားမှုကို သိသိသာသာမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့သုံးသပ်ရရင် Huawei P9 ရဲ့ Dual Camera က အနုပညာမြောက်တဲ့ပုံရိပ်တွေကို ဖမ်းယူလိုတဲ့ ဓာတ်ပုံ ဝါသနာရှင်တွေအတွက် သာမန်စမတ်ဖုန်းတွေနဲ့ သိသိသာသာကွဲပြားခြားနားတဲ့ပုံရိပ်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပြီး iPhone 7 Plus ရဲ့ Dual Camera ကတော့ ယခင်ကစမတ်ဖုန်းနဲ့ ရိုက်ကူးတဲ့ဓာတ်ပုံတွေထက် အရည်အသွေးပိုကောင်းမွန် တဲ့ပုံရိပ်တွေကိုပေးစွမ်းနိုင်ဖို့သာ အဓိကထားကြောင်း တင်ပြလိုက်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ