Lifestyle: နာမည်ကျော်အနုပညာရှင်တွေရိုက်ကူးတဲ့ ဓါတ်ပုံတွေကိုကြည့်ရှု့ခံစားရင်း ကိုယ်တိုင် Huawei P9 ဖုန်း ကံထူးနိုင်မယ့် Huawei P9 Worldfie Game

Huawei P9 Worldfie Game ဆိုတာကတော့ နာမည်ကျော် အနုပညာတွေ၊ ဓါတ်ပုံဆရာတွေပါဝင်တဲ့ ဂိမ်း ဖြစ်ပါတယ်။ အဖွဲ့နှစ်ဖွဲ့က Huawei ရဲ့ Huawei P9 ဖုန်းနဲ့ သူတို့စိတ်ကြိုက် ဓါတ်ပုံတွေရိုက်ကူးပြီး Facebook ကနေတဆင့် ပရိသတ်တွေနဲ့အတူတူ ပြန်လည်မျှဝေ သွားမယ့်အစီအစဉ်ပဲ ဖြစ်ပါတယ်။

play

 

နာမည်ကျော်အနုပညာရှင်တွေရိုက်ကူးတဲ့ ဓါတ်ပုံတွေကိုကြည့်ရှု့ခံစားရင်း ကိုယ်တိုင် Huawei P9 ဖုန်း ကံထူးနိုင်မယ့် Huawei P9 Worldfie Game Huawei P9 Worldfie Game ဆိုတာကတော့ နာမည်ကျော် အနုပညာတွေ၊ ဓါတ်ပုံဆရာတွေပါဝင်တဲ့ ဂိမ်း ဖြစ်ပါတယ်။

အဖွဲ့နှစ်ဖွဲ့က Huawei ရဲ့ Huawei P9 ဖုန်းနဲ့ သူတို့စိတ်ကြိုက် ဓါတ်ပုံတွေရိုက်ကူးပြီး Facebook ကနေတဆင့် ပရိသတ်တွေနဲ့အတူတူ ပြန်လည်မျှဝေ သွားမယ့်အစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာဆိုရင် Team Color နဲ့ Team Black & White ဆိုတဲ့အဖွဲ့နှစ်ဖွဲ့က ဓါတ်ပုံတွေ ပျော်ပျော်ပါးပါးရိုက်ကူးသွား မှာပါ။ Team Color မှာ အေရီယယ်လ်သုတ၊ မိုးပိုက်စိုး၊ ဂျေဆင် နဲ့ အောင်သန်းတိုး တို့ ပါဝင်မှာဖြစ်ပြီး Team B&W မှာတော့ အမ်ဆိုင်းလူ၊ ထက်အောင်ကျော် နဲ့ အောင်ပြည်စိုး တို့ပါဝင်မှာ ဖြစ်ပါတယ်။

Team Color နဲ့ Team Black & White တို့က P9 ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို Album အဖြစ်ဖန်တီးပြီး Huawei Mobile Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာကနေ ပရိသတ်တွေကို တင်ဆက်ပေးသွားမှာပါ။

play

 

ပရိသတ်တွေအနေနဲ့လည်း Huawei P9 ရဲ့ Worldfie Game မှာကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပြီး P9 ဖုန်းအပါအ၀င် ဆုလက် ဆောင်ပစ္စည်းတွေကို ဆွတ်ခူးနိုင်ဦးမှာ ဖြစ်ပါတယ်။ Huawei P9 Worldfie Game မှာပါဝင်ဆင်နွှဲဖို့ လုပ်ရမယ့်နည်းလမ်းကလည်း မခက်ခဲပါဘူး။

Huawei Mobile Myanmar ရဲ့ တရားဝင် Facebook Page ကို Like လုပ်ပါ။ ကိုယ်ကြိုက်တဲ့ Album ကို ကိုယ့်ရဲ့ wall မှာ Share ပါ။ အဲဒီလို Share ထားတာကို Screen Shot ဖမ်းပြီး Screen Shot ပုံကို Worldfie Game ပို့စ်ရဲ့အောက်မှာ comment ပေးထားခဲ့ရုံပါပဲ။

ကံထူးရှင်တွေကိုတော့ Huawei Myanmar က ရွေးချယ်ကြော်ငြာပေးသွားမှာပါ။ အထူးဆုအနေနဲ့ Huawei P9 ကိုကံထူးနိုင်ပြီး အခြားဆုလက်ဆောင်ပစ္စည်းတွေလည်း အများအပြားပါဝင်ဦးမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဖို့အတွက် Huawei Mobile Myanmar Facebook Page ကို သွားရောက်လေ့လာ နိုင်ပါတယ်။ လိပ်စာကတော့ -

www.facebook.com/HuaweiDeviceMyanmar ဖြစ်ပါတယ်။

ကမ္ဘာတ၀န်းက ဓာတ်ပုံပညာရှင်တွေအထူးနှစ်သက်တဲ့ Leica ကင်မရာနဲ့ နည်းပညာပိုင်းပူးပေါင်းထားတဲ့ Huawei P9 ဟာ နောက်ကျောဘက်မှာ 12MP မှန်ဘီလူးနှစ်ခုပါဝင်ပြီး RGB နဲ့ monochrome ဆင်ဆာ နှစ်ခု ပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုဖမ်းယူနိုင်ပါတယ် ။

အရောင်နဲ့ဓာတ်ပုံတွေအပြင် အရည်အသွေးမြင့်မားပြီး classic ဆန်တဲ့ အဖြူအမည်းဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ Huawei P9 ရဲ့မျက်နှာပြင်က 5.2 လက်မဖြစ်ပြီး Full HD ရုပ်ထွက်ကို ပေးစွမ်းမှာပါ။ ဒါ့အပြင် နောက်ဆုံးပေါ် USB Type-C ချိတ်ဆက်မှု၊ Super Hand Free 3.0 တို့လိုထူးခြားတဲ့ လုပ်ဆောင်ချက်တွေလည်းပါဝင်ပြီး Finger Print လုပ်ဆောင်လို အဆင့်မြင့်လုပ်ဆောင်ချက်တွေလည်း ပါဝင် ပါသေးတယ်။ ဆင်းကတ်အနေနဲ့လည်း ၂ ကတ်ထည့်သွင်း အသုံးပြုနိုင်ပြီး 4G LTE ထိချိတ်ဆက်နိုင်စွမ်းပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ