Lifestyle: မှန်ဘီလူးနှစ်ခုနဲ့ ကင်မရာပိုင်း အထူးအဆင့်မြှင့်ထားတဲ့ Huawei P9 ကို ဇွန်လ၊ ၂၅ ရက်နေ့မှာ အထူးအစီအစဉ်တွေနဲ့ စတင်ရောင်းချမယ်

, updated

P9 ၀ယ်တဲ့လူတိုင်းကို Talk Band 3 ၊ Mobile Tripod၊ Selfie Stick၊ Original Leather Cover ၊ Remax Screen Protector စတဲ့ လက်ဆောင်ပစ္စည်းများစွာလည်း ပေးအပ်သွားမှာဖြစ်ပြီး ပထမဆုံးဝယ်ယူတဲ့သူ ၁၀ ယောက်ကို အံ့အားသင့်လောက်စရာ ပေးအပ်သွားဦးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

 

play

 

ကမ္ဘာကျော်ကင်မရာကုမ္ပဏီ Leica နဲ့ နည်းပညာပိုင်းပူးပေါင်းထားလို့ လူအများစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Huawei P9 စမတ်ဖုန်းကို ဇွန်လ၊ ၂၅ ရက်၊ စနေနေ့မှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ အထူးအစီအစဉ်တွေနဲ့ စတင်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ Junction Square နဲ့ မန္တလေးမြို့ SkyWalk Plaza တို့မှာ မနက် ၉ နာရီကနေ ၁၁ နာရီအတွင်း ၅၅၉၀၀၀ ကျပ်နဲ့ ရောင်းချပေးမှာပါ။ စတင်ရောင်းချပွဲမှာတော့ အထူးအစီအစဉ်ဖြစ်တာကြောင့် တစ်ဦးကို တစ်လုံးပဲ ဝယ်ယူခွင့် ပေးထားပါတယ်။ အဲဒီနေ့မှာ P9 ၀ယ်တဲ့လူတိုင်းကို Talk Band 3 ၊ Mobile Tripod၊ Selfie Stick၊ Original Leather Cover ၊ Remax Screen Protector စတဲ့ လက်ဆောင်ပစ္စည်းများစွာလည်း ပေးအပ်သွားမှာဖြစ်ပြီး ပထမဆုံးဝယ်ယူတဲ့သူ ၁၀ ယောက်ကို အံ့အားသင့်လောက်စရာ ပေးအပ်သွားဦးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ကမ္ဘာတ၀န်းက ဓာတ်ပုံပညာရှင်တွေ အထူးနှစ်သက်တဲ့ Leica ကင်မရာနဲ့ နည်းပညာပိုင်းပူးပေါင်းထားတဲ့ Huawei P9 ဟာ နောက်ကျောဘက်မှာ 12MP မှန်ဘီလူးနှစ်ခုပါဝင်ပြီး RGB နဲ့ monochrome ဆင်ဆာနှစ်ခု ပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကိုဖမ်းယူနိုင်မှာပါ။ အခုလို အရောင်နဲ့ဓာတ်ပုံတွေအပြင် အရည်အသွေးမြင့်မားပြီး classic ဆန်တဲ့ အဖြူအမည်းဓာတ်ပုံတွေ ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်ကို လည်း ဓာတ်ပုံဆရာတွေနဲ့ အနုပညာရှင်တွေက အထူးနှစ်သက်တာကိုတွေ့ခဲ့ရပါတယ်။

play

 

Huawei P9 ရဲ့မျက်နှာပြင်က 5.2 လက်မဖြစ်ပြီး Full HD ရုပ်ထွက်ကို ပေးစွမ်းပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် USB Type-C ချိတ်ဆက်မှု၊ Super Hand Free 3.0 တို့လို ထူးခြားတဲ့လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ ဆင်းကတ်အနေနဲ့လည်း ၂ ကတ်ထည့်သွင်း အသုံးပြုနိုင်ပြီး 4G LTE ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ၂၅ ရက်နေ့ စတင်ရောင်းချမှုနဲ့အတူ နောက်ရက်တွေမှာလည်း မိုဘိုင်းဖုန်းဆိုင်များစွာမှာ လွယ်တကူ ဝယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ