Lifestyle: Huawei P9 ရဲ့ မျက်နှာပြင်အရည်အသွေးသုံးသပ်ချက်

, updated

Huawei P9 ရဲ့ မျက်နှာပြင်အရည်အသွေးသုံးသပ်ချက်

 

play

 

Huawei ရဲ့ အသစ်ထွက်ဖုန်းမော်ဒယ် P9 အကြောင်းပြောကြတဲ့အခါ ကမ္ဘာကျော်ကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်း ဖန်တီးထားတဲ့ Dual Lens ကင်မရာအကြောင်းကိုပဲ အာရုံစိုက်မိလေ့ရှိကြပါတယ်။ ဒါပေမဲ့ P9 မှာ ကင်မရာနည်းပညာပိုင်း အပြင် အခြားအားသာချက်တွေလည်း များစွာရှိနေပါသေးတယ်။

အဲဒီလိုအားသာချက်တွေထဲကတစ်ခုကတော့ ထူးခြား တောက်ပလှတဲ့ မျက်နှာပြင်ရုပ်ထွက်အရည်အသွေးပါပဲ။ P9 ရဲ့ ၅ ဒသမ ၂ လက်မ မျက်နှာပြင်ဟာ 1080p ရှိပါတယ်။ 1080p ဆိုတာ ဒီဘက်ခေတ် စမတ်ဖုန်းဈေးကွက်မှာ ဘာမှမထူးဆန်းဘူးလို့ ထင်စရာရှိပေမဲ့ တစ်လက်မမှာရှိတဲ့ Pixel သိပ်သည်းဆ PPI က 423ppi ဆိုတာကတော့ ထိပ်တန်းအဆင့်လို့ပြောလို့ရပါတယ်။ ဒီလို PPI မြင့်မားမှုရဲ့ ရလဒ်အနေနဲ့ ဖုန်းရဲ့ရုပ်ထွက်ဟာ ချောမွေ့ပြီး ပြတ်သားမှုရှိနေမှာပဲ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် P9 မှာ IPS-NEO LCD panel ကိုအသုံးပြုထားပါတယ်။ JDI ကထုတ်လုပ်တဲ့ IPS-NEO LCD panel ဟာ နက်မှောင်နေတဲ့နောက်ခံကို ပေးစွမ်းနိုင်တဲ့အတွက် ပုံမှန် IPS LCD တွေထက်ကြည်လင်တောက်ပတဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင်ပါတယ်။ P9 ရဲ့မျက်နှာပြင်ဟာ အမြင့်ဆုံး 500 nits အထိတောက်ပမှုကို ပေးစွမ်းနိုင်မယ်လို့ Huawei ကကြေညာခဲ့ပြီး နည်းပညာ ၀က်ဘ်ဆိုက်တွေနဲ့ ကျွမ်းကျင်သူတွေရဲ့ တိုင်းတာချက်တွေအရလည်း တကယ် 500 nits အထိ တောက်ပမှုကိုပေးနိုင်တာ တွေ့ခဲ့ရပါတယ်။

ဒီလိုမြင့်မားတဲ့တောက်ပမှုနဲ့ IPS-NEO LCD ရဲ့ နက်မှောင်တဲ့နောက်ခံတို့ ပေါင်းစပ်လိုက်တဲ့အခါ အကောင်းဆုံးဆိုတဲ့ ရုပ်ထွက်အရည်အသွေးကိုမြင်တွေ့ကြရတာပဲ ဖြစ်ပါတယ်။

အရောင်အရည်အသွေးအတွက်ဆိုရင်လည်း P9 မှာ Color temperatures mode တွေ Built in အနေနဲ့ ပါဝင်တဲ့အတွက် ကိုယ့်စိတ်ကြိုက် Color Temperature ကိုချိန်ညှိယူလို့ရပါတယ်။ P9 ရဲ့မျက်နှာပြင်ဟာ နေရောင်အောက်မှာကြည့်တဲ့အခါမှာလည်း အားစိုက်စရာမလိုဘဲ အလွယ်တကူကြည့်ရှု့နိုင်တာကို တွေ့ရပါတယ်။

ဒီအချက်တွေကိုကြည့်ချင်းအားဖြင့် Huawei ရဲ့ P9 ဟာ လက်ရှိရုပ်ထွက်အကောင်းဆုံးဆိုတဲ့ စမတ်ဖုန်းတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တယ်လို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ