Lifestyle: ကိုင်ရတာသက်သောင့်သက်သာရှိသလို အသွင်အပြင်အရလည်းသားနားတဲ့ Huawei P9 ရဲ့ ဒီဇိုင်းသုံးသပ်ချက်

ကမ္ဘာကျော် Leica ကင်မရာကုမ္ပဏီနဲ့ ကင်မရာနည်းပညာပိုင်းပူးပေါင်းတည်ဆောက်ထားတဲ့ Huawei ရဲ့ P9 ဖုန်းဟာ ဒီဇိုင်းအခြေခံအရ သူ့ရှေ့ကထွက်ထားတဲ့ P8 နဲ့တူညီပေမယ့် ကိုင်ရတာပိုပြီးသက်သောင့်သက်သာရှိအောင် အထူးတလည်ဖန်တီးထားပါတယ်။

play

 

ကမ္ဘာကျော် Leica ကင်မရာကုမ္ပဏီနဲ့ ကင်မရာနည်းပညာပိုင်းပူးပေါင်းတည်ဆောက်ထားတဲ့ Huawei ရဲ့ P9 ဖုန်းဟာ ဒီဇိုင်းအခြေခံအရ သူ့ရှေ့ကထွက်ထားတဲ့ P8 နဲ့တူညီပေမယ့် ကိုင်ရတာပိုပြီးသက်သောင့်သက်သာရှိအောင် အထူးတလည်ဖန်တီးထားပါတယ်။

P9 ရဲ့မျက်နှာပြင်က ၅.၂ လက်မရှိပြီး iPhone 6s က ၄.၇ လက်မဆိုပေမယ့် ကျန်အချိုးအစားတွေမှာတော့ P9 နဲ့ iPhone 6s ကတူညီပါတယ်။ ဒါကြောင့် P9 ရဲ့အချိုးဟာ ကိုင်တွယ်ရအဆင်ပြေသလို မျက်နှာပြင်မြင်ကွင်းကလည်းပိုကြီးမားတဲ့ အားသာချက်ရှိပါတယ်။ ပြီးတော့ Huawei ရဲ့ Hardware ထည့်သွင်းမှုနည်းပညာတွေတိုးတက်လာမှုကြောင့် P9 ဟာ တကယ့်ကို ပါးလွှာပြီးပေါ့ပါးပါတယ်။

play

 

P9 ရဲ့ကျောဘက်မျက်နှာပြင်က အလူမီနီယံဘော်ဒီဖြစ်ပြီး unibody ဖြစ်တာကြောင့် ကြည့်လိုက်ရုံနဲ့ တန်ဖိုးကြီး ဖုန်းအသွင်ပေါ်လွင်နေပါတယ်။ ဒါ့အပြင်အနားတွေကို ကွေးထားတဲ့ဒီဇိုင်းကြောင့် P9 ဟာ အမှန်တကယ်ပါးလွှာတာထက်ပိုပြီး ပါးလွှာတဲ့ပုံမျိုးပေါက်ပြီး သားနားတဲ့ပုံမျိုးပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။

ဖုန်းရဲ့ညာဘက်ဘောင်မှာ အသံအတိုး၊အကျယ် ခလုတ်နဲ့ ပါဝါခလုတ်ရှိပြီး Finger Print scanner ကတော့ ကျောဘက်မှာပါ။ ဒီခလုတ်တွေကို နေရာချထားပုံကလည်း အချိုးကျပြီး ဖုန်းကိုကိုင်ထားတဲ့အချိန်မှာ အဲဒီခလုတ်တွေကို သက်သောင့်သက်သာနဲ့ ထိတွေ့လို့ရတာကိုတွေ့ရပါတယ်။

play

 

ကျောဘက်ဒီဇိုင်းမှာ Finger Print နဲ့ Dual Camera တို့ရဲ့အတွဲအစပ်ကလည်း အချိုးကျအဆင်ပြေပြီး ကြည့်ကောင်းပါတယ်။ အရောင်အနေနဲ့ကတော့ P9 ကို ရွှေရောင်၊ငွေရောင် နဲ့ မီးခိုးဆိုပြီး ၃ ရောင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်တွေကိုကြည့်မယ်ဆိုရင် Huawei P9 ဟာ အမြင်လှပခမ်းနားရုံတင်မဟုတ်ဘဲ အသုံးပြုတဲ့သူတွေကိုင်တွယ်ရတာ သက်သောင့်သက်သာရှိဖို့နဲ့ အဆင်ပြေဖို့ကိုပါ အထူးအလေးပေးတည်ဆောက်ထားတယ်ဆိုတာကို သိနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ