Lifestyle: Huawei P9 နဲ့ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့တဲ့အခါ

Huawei ရဲ့ P9 ဟာ လက်ရှိဈေးကွက်ထဲက စမတ်ဖုန်းတွေထဲမှာ ကင်မရာစွမ်းဆောင်ရည် အကောင်းဆုံးဖုန်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ P9 ဟာ ကင်မရာစွမ်းဆောင်ရည်တစ်မျိုးတည်းကောင်းတာမဟုတ်ပါဘူး။ တခြားကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေလည်း အများကြီးပါဝင်နေပါတယ်။ ဒါကြောင့် ဒီနေရာမှာ P9 နဲ့ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့တဲ့အခါ ဘယ်လို အားသာချက်တွေ ရနိုင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

 

play

 

Huawei ရဲ့ အသစ်ထွက် P9 ဖုန်းလို့ပြောလိုက်ရင် ကမ္ဘာကျော်ကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်းထားပြီး မှန်ဘီလူး ၂ ခုပါတဲ့ ကင်မရာရဲ့အစွမ်းကိုပဲ လူအများစုကအာရုံရောက်တတ်ကြပါတယ်။ မှန်ပါတယ်။ Huawei ရဲ့ P9 ဟာ လက်ရှိဈေးကွက်ထဲက စမတ်ဖုန်းတွေထဲမှာ ကင်မရာစွမ်းဆောင်ရည် အကောင်းဆုံးဖုန်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ P9 ဟာ ကင်မရာစွမ်းဆောင်ရည်တစ်မျိုးတည်းကောင်းတာမဟုတ်ပါဘူး။ တခြားကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေလည်း အများကြီးပါဝင်နေပါတယ်။ ဒါကြောင့် ဒီနေရာမှာ P9 နဲ့ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့တဲ့အခါ ဘယ်လို အားသာချက်တွေ ရနိုင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

သီချင်းနားထောင်ခြင်း

play

 

P9 မှာစွမ်းဆောင်ရည်ပြည့်ဝတဲ့ ကျောဘက် စပီကာ ၂ လုံးပါဝင်ပါတယ်။ ဒီစပီကာတွေဟာ စပီကာဖွင့်ပြီးသီချင်းနားထောင် တဲ့အချိန်မှာ အရည်အသွေးပြည့်ဝတဲ့အသံတွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဖုန်းရဲ့အောက်ခြေ USB Type-C ပေါက်ရဲ့ ဘယ်ဘက်ဘေးမှာ 3.5 mm နားကြပ်ပေါက်ပါဝင်ပြီး အရည်အသွေးမြင့်တဲ့နားကြပ်တွေနဲ့တွဲကာ ကိုယ့်စိတ်ကြိုက်သီချင်း တွေကို အကောင်းဆုံးခံစားနားဆင်နိုင်ပါတယ်။ ဒါ့အပြင် ကြိုးမဲ့ Bluetooth နားကြပ်တွေနဲ့လည်း အဆင်ပြေလွယ်ကူစွာ ချိတ်ဆက်နိုင်တာကို တွေ့ရပါတယ်။ P9 မှာပါဝင်တဲ့ Huawei ရဲ့ Music App ဟာ ကိုယ့်အကြိုက်သီချင်းတွေကို လိုအပ် သလို Play list ထားနိုင်ပြီး သီချင်းတွေ စီစဉ်တဲ့နေရာမှာလည်း လွယ်ကူအဆင်ပြေပါတယ်။

ရုပ်ရှင်ကြည့်ခြင်း

Huawei P9 ရဲ့မျက်နှာပြင်အရွယ်အစားက ၅ ဒသမ ၂ လက်မဖြစ်ပြီး ဈေးကွက်ထဲမှာ မျက်နှာပြင်အကြီးဆုံးဖုန်း မဟုတ်ပေမဲ့ ရုပ်ထွက်အရည်အသွေးကောင်းမွန်မှုကြောင့် ရုပ်ရှင်ကြည့်ရတာ အဆင်ပြေကောင်းမွန်လှပါတယ်။ 1080p အရည်အသွေးရှိဖုန်းတွေထဲမှာ ရုပ်ထွက်အရည်အသွေးအကောင်းဆုံးလို့တောင် သတ်မှတ်ရမှာဖြစ်ပြီး Video App ကလည်း ရိုးရှင်းကာ အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေအများအပြားပါဝင်ပါတယ်။ ဗီဒီယိုဖိုင်အမျိုးအစားအတော်များများ ကိုလည်း ဖွင့်လှစ်ပေးနိုင်ပါတယ်။

ဂိမ်းဆော့ခြင်း

play

 

Huawei ရဲ့ P9 မှာက အထင်ကြီးအားကျစရာအကောင်းဆုံးက ပရိုဆက်ဆာပါ။ ဈေးကွက်ထဲက တန်ဖိုးအကြီးဆုံးဆိုတဲ့ စမတ်ဖုန်းတွေနဲ့တောင် ယှဉ်နိုင်တဲ့စွမ်းဆောင်ရည်မျိုးရှိပါတယ်။ ဒီအထင်ကြီးလောက်စရာ ပရိုဆက်ဆာရဲ့ အစွမ်းရယ်၊ ဂရပ်ဖစ်စွမ်းဆောင်ရည်ရယ်၊ ရုပ်ထွက်အရည်အသွေးရယ်ကိုပေါင်းစပ်လိုက်တဲ့အခါ လက်ရှိထွက်ထားသမျှ မိုဘိုင်းဖုန်း ဂိမ်းတွေထဲက အရည်အသွေးမြင့်မားတဲ့ဂိမ်းတွေအားလုံးကို ချောချောမွေ့မွေ့အဆင်ပြေပြေဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Huawei P9 ဟာ ကင်မရာစွမ်းဆောင်ရည် တစ်ခုတည်းမြင့်မားတာမဟုတ်ဘဲ ကျန်စွမ်းဆောင်ရည်တွေ လည်း မြင့်မားတဲ့ စမတ်ဖုန်းတစ်လုံးဆိုတာ သတိပြုမိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ