Lifestyle: Huawei P9 နဲ့ iPhone 6s ဒီဇိုင်းပိုင်း နှိုင်းယှဉ်ချက်

P9 နဲ့ iPhone 6s ဟာ ဒီဇိုင်းချင်းချွတ်စွပ်တူတဲ့ဖုန်းနှစ်လုံးမဟုတ်ပေမဲ့ ကိုယ်ထည်အတွက် သုံးထားတဲ့သတ္ထုနဲ့ ဒီဇိုင်းအခြေခံကတော့ တူပါတယ်။ အနုစိပ်ဖန်တီးထားတဲ့ အလူမီနီယမ်ကိုယ်ထည်၊ ရွေးချယ်စရာ လှပတဲ့အရောင်တွေ ရှိတာတွေလည်း တူကြပါတယ်။

play

 

Huawei ရဲ့ အသစ်ထွက်ဖုန်းမော်ဒယ်လ် P9 နဲ့ iPhone 6s တို့ကြားမှာ တူညီတဲ့အချက်တွေရော၊ မတူညီတဲ့အချက်တွေ ရော ရှိနေပြီး အဲဒီအချက်တွေကလည်း နှိုင်းယှဉ်ကြည့်ချင်စရာကောင်းနေပါတယ်။

အဲဒီလို နှိုင်းယှဉ်ကြည့်ချင်စရာကောင်း တဲ့အချက်တွေထဲကမှ ဒီနေရာမှာ ဒီဇိုင်းနဲ့ တည်ဆောက်ပုံပိုင်းကို နှိုင်းယှဉ်ကြည့်ချင်ပါတယ်။ P9 နဲ့ iPhone 6s ဟာ ဒီဇိုင်းချင်းချွတ်စွပ်တူတဲ့ဖုန်းနှစ်လုံးမဟုတ်ပေမဲ့ ကိုယ်ထည်အတွက် သုံးထားတဲ့သတ္ထုနဲ့ ဒီဇိုင်းအခြေခံကတော့ တူပါတယ်။ အနုစိပ်ဖန်တီးထားတဲ့ အလူမီနီယမ်ကိုယ်ထည်၊ ရွေးချယ်စရာ လှပတဲ့အရောင်တွေ ရှိတာတွေလည်း တူကြပါတယ်။

ဒီဇိုင်းပိုင်းအဓိကကွာခြားချက်အနေနဲ့ P9 ရဲ့ Finger Print Sensor ကဖုန်းရဲ့ကျောဘက်မှာ ဖြစ်ပြီး iPhone 6s ကတော့ အားလုံးသိတဲ့အတိုင်း သူ့ရဲ့ Home Key ခလုတ်ပေါ်မှာပါ။ ဒီ ဒီဇိုင်းကွာခြားချက်မှာ ဘယ်သူက အားသာသလဲဆိုတာ အတိအကျဆုံးဖြတ်ရခက်ပေမဲ့ လူအများစုအတွက်တော့ Home Key ပေါ်ကို လက်မတင်ရတာထက်၊ နောက်ကျောဘက်ကို လက်ညှိုးနဲ့နှိပ်ရတာက ပိုပြီးအဆင်ပြေစေပါတယ်။ ဖုန်းကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားတဲ့အချိန်မှာ Home Key ပေါ်ကိုလက်မတင်ရတာက ဖုန်းလွတ်ကျနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

play

 

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ ပါးလွှာမှုပါပဲ။ P9 ရဲ့ ပါးလွှာမှုက အထင်ကြီးလောက်စရာ ဖြစ်ပြီး 6.95 mm ပဲရှိပါတယ်။ iPhone 6s ကတော့ အနည်းငယ်ပိုထူပြီး 7.1 mm ရှိပါတယ်။ ဒါပေမဲ့ P9 ရဲ့မျက်နှာပြင်က ၅. ၂ လက်မဖြစ်ပြီး iPhone 6s ကတော့ ၄.၇ လက်မဖြစ်တာကြောင့် အလေးချိန်ပိုင်းမှာတော့ iPhone 6s ကအနည်းငယ် ပိုပေါ့ပါးပါတယ်။ အလေးချိန်ကွာခြားချက်က ၁ ဂရမ်ဖြစ်ပြီး iPhone 6s က ၁၄၄ ဂရမ်ဖြစ်ကာ P9 ကတော့ ၁၄၃ ဂရမ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် Huawei P9 က iPhone 6s ထက်မျက်နှာပြင်အရွယ်အစား ပိုကြီးပြီး၊ ပိုပါးလွှာတဲ့အားသာချက်နဲ့ Finger Print ကို Home Key ပေါ်လက်မ တင်စရာမလိုဘဲ နောက်ကျောဘက်ကို လက်ညှိုးနဲ့အလွယ်တကူထိတွေ့နိုင်ခြင်းဆိုတဲ့ အားသာချက်တွေကို ပိုင်ဆိုင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ