Lifestyle: Huawei P9 နဲ့ iPhone 6s စွမ်းဆောင်ရည်ပိုင်း နှိုင်းယှဉ်ချက်

ဖုန်းတစ်လုံး နဲ့ အခြားဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်ပိုင်းကို နှိုင်းယှဉ်ရတာဟာ တကယ်တော့မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖုန်းတွေရဲ့စွမ်းဆောင်ရည်ဆိုတာက ဖုန်းအတွင်းမှာသုံးထားတဲ့ ပရိုဆက်ဆာ(CPU)၊ GPU တို့ရဲ့ စွမ်းဆောင်ရည် အပြင် Operation System, သုံးစွဲတဲ့ APP တွေ စတဲ့အခြားအချက်အလက်တွေအပေါ်လည်း မူတည်နေတာကြောင့်ပါပဲ။

play

 

ဖုန်းတစ်လုံး နဲ့ အခြားဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်ပိုင်းကို နှိုင်းယှဉ်ရတာဟာ တကယ်တော့မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖုန်းတွေရဲ့စွမ်းဆောင်ရည်ဆိုတာက ဖုန်းအတွင်းမှာသုံးထားတဲ့ ပရိုဆက်ဆာ(CPU)၊ GPU တို့ရဲ့ စွမ်းဆောင်ရည် အပြင် Operation System, သုံးစွဲတဲ့ APP တွေ စတဲ့အခြားအချက်အလက်တွေအပေါ်လည်း မူတည်နေတာကြောင့်ပါပဲ။ ဒီနေရာမှာတော့ တရားဝင်ထုတ်ပြန်ထား တဲ့အချက်တွေပေါ်ကနေပဲ တတ်နိုင်သမျှအကောင်းဆုံးနှိုင်းယှဉ်သုံးသပ်သွား မှာပါ။

ပထမဆုံးအနေနဲ့ Operation System ပိုင်းကိုကြည့်မယ်ဆိုရင် Huawei P9 က နောက်ဆုံးထွက် Android Version Marshmallow ကိုအသုံးပြုထားပြီး iPhone 6s ကတော့ ထုံးစံအတိုင်း သူ့ရဲ့ကိုယ်ပိုင် iOS Version အသစ်ကိုပဲအသုံး ပြုထားပါတယ်။

ဒီ OS နှစ်ခုမှာဘယ်သူကပိုကောင်းတယ်ဆိုတာမျိုး နှိုင်းယှဉ်ကြည့်ဖို့မလွယ်ပေမဲ့ Android ကတော့ မြန်မာပြည်က စမတ်ဖုန်းအသုံးပြုသူအများစုနဲ့ ရင်းနှီးပြီးသားဖြစ်နေတာကြောင့် လူအများစုအတွက်အသုံးပြုရတာ ပိုမိုလွယ်ကူမှုရှိနိုင်ပါတယ်။ iPhone 6s ကတော့ အရင်က iPhone အသုံးပြုဖူးသူမဟုတ်ရင် ဖိုင်ရွှေ့ပြောင်းတာကအစ ၊ သီချင်းသွင်းတာအဆုံး လေ့လာနေရဦးမှာပါ။

play

 

CPU ပိုင်းမှာဆိုရင် Huawei က P9 မှာသူ့ရဲ့ကိုယ်ပိုင် Kirin 955 CPU ကို 2.5 GHz Cortex – A72 cores လေးလုံးနဲ့ 1.8 GHz Cortex-A53 cores လေးလုံးတို့နဲ့အတူ အသုံးပြုထားပါတယ်။ Apple ကလည်း iPhone 6s သူ့ရဲ့ကိုယ်ပိုင် A9 CPU ကို 1.84 GHz twister cores လေးလုံးနဲ့အတူ အသုံးပြုထားပါတယ်။ Processer(CPU) အမျိုးအစားကွာခြားမှုကြောင့် အမြန်နှုန်းကိုနှိုင်းယှဉ်ဖို့ မလွယ်ပေမဲ့ ကိန်းဂဏန်းတွေအရ Huawei ရဲ့ P9 ကအနည်းငယ် သာတာကိုတွေ့ရပါတယ်။

ဒါကြောင့် P9 ဟာ အရွယ်အစားအရ iPhone 6s ထက်ကြီးပေမဲ့ သူ့ရဲ့ ရုပ်ထွက်စွမ်းဆောင်ရည်ပိုင်းကို ကောင်းကောင်းထောက်ပံ့နိုင်တဲ့ CPU ကိုပိုင်ဆိုင်ထားပြီး HD ရုပ်ရှင်တွေ ကြည့်တဲ့အချိန်၊ ဂိမ်းတွေဆော့တဲ့အချိန်မျိုးမှာ ဖုန်းလုပ်ဆောင်မှုနှေးကွေးသွားတာမျိုးနဲ့ မကြုံရနိုင်ပါဘူး။

ဒီအချက်တွေအရကြည့်မယ်ဆိုရင် ဒီဖုန်းနှစ်လုံးဟာ စွမ်းဆောင်ရည်ပိုင်းမှာ ကွာခြားမှုမရှိဘဲ အသုံးပြုမှုပိုင်းမှာတော့ Android Operation System ရဲ့ လုပ်ဆောင်ပုံနဲ့ ရင်းနှီးနေတဲ့သူတွေအတွက်ဆိုရင် Huawei P9 ကိုအသုံးပြုရတာက ပိုမိုအဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ