Lifestyle: Huawei P9 နဲ့ iPhone 6s တို့ရဲ့ ဘက်ထရီ နဲ့ သိုလှောင်မှု စွမ်းဆောင်ရည်နှိုင်းယှဉ်ချက်

, updated

ဖုန်းတစ်လုံးဝယ်ယူဖို့စဉ်းစားတဲ့အခါ ဖုန်းရဲ့ဘက်ထရီ က ဘယ်လောက်ထိ အချိန်ကြာကြာ အသုံးခံလဲဆိုတာနဲ့ မှတ်ဉာဏ် သိုလှောင်မှုပမာဏတို့ဟာလည်း မဖြစ်မနေထည့်သွင်း စဉ်းစားရတဲ့အချက်ပါပဲ။ ဒီနေရာမှာတော့ Huawei P9 နဲ့ iPhone 6s တို့ရဲ့ ဘက်ထရီနဲ့ မှတ်ဉာဏ်သိုလှောင်မှု စွမ်းဆောင်ရည်တို့ကို နှိုင်းယှဉ်ကြည့်ချင်ပါတယ်။

 

play

 

ဖုန်းတစ်လုံးဝယ်ယူဖို့ စဉ်းစားတဲ့အခါ ဖုန်းရဲ့ဘက်ထရီ က ဘယ်လောက်ထိ အချိန်ကြာကြာအသုံးခံလဲဆိုတာနဲ့ မှတ်ဉာဏ် သိုလှောင်မှုပမာဏတို့ဟာလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရတဲ့ အချက်ပါပဲ။ ဒီနေရာမှာတော့ Huawei P9 နဲ့ iPhone 6s တို့ရဲ့ ဘက်ထရီနဲ့ မှတ်ဉာဏ်သိုလှောင်မှု စွမ်းဆောင်ရည်တို့ကို နှိုင်းယှဉ်ကြည့်ချင်ပါတယ်။

Huawei P9 ကို Ram 3GB မှာ သိုလှောင်မှုပမာဏ 32 GB နဲ့ Ram 4 GB မှာဆိုရင် 64 GB ဆိုပြီးနှစ်မျိုး ရရှိနိုင်မှာပါ။

iPhone 6s ကိုတော့ Ram 2GB နဲ့ သိုလှောင်မှုပမာဏက 16 GB, 64 GB နဲ့ 128 GB ဆိုပြီး ၃ မျိုး ရရှိနိုင်ပါတယ်။

ဒါပေမဲ့ Huawei P9 က မန်မိုရီကတ်ထည့်ပြီး သိုလှောင်မှုပမာဏကို 128 GB အထိ တိုးမြှင့်နိုင်ပြီး iPhone 6s ကတော့ သူ့ရဲ့ထုံးစံအတိုင်း အဲဒီလို သိုလှောင်မှု တိုးမြှင့်တာမျိုး ထည့်သွင်းမထားပါဘူး။

play

 

ဒါကြောင့် Huawei P9 ကို ဝယ်ယူတဲ့သူအနေနဲ့ သိုလှောင်မှုပမာဏနည်းပြီး ဈေးသက်သာတဲ့ အမျိုးအစားကို ဝယ်ယူကာ နောက်ပိုင်းမှ မန်မိုရီကတ်နဲ့ သိုလှောင်မှုပမာဏကို တိုးယူလို့ရနိုင်ပေမယ့် iPhone ကိုင်ဆောင်သူတွေကတော့ သိုလှောင်မှုပမာဏ များများလိုချင်ရင် အစကတည်းက ဈေးကြီးပြီး သိုလှောင်နိုင်မှုများတဲ့ အမျိုးအစားကိုသာ ဝယ်ယူထားရမှာ ဖြစ်ပါတယ်။

play

 

ဘက်ထရီပိုင်းမှာတော့ Huawei P9 နဲ့ iPhone 6s နှစ်မျိုးလုံး ဘက်ထရီကို အသေတပ်ဆင်ထားဆင်ကြပါတယ်။

ဒါပေမဲ့ Huawei P9 ရဲ့ ဘက်ထရီက 3000 mAh ဖြစ်ပြီး iPhone 6s ကတော့ 1715mAh ပါ။ ဒါ့အပြင် Huawei P9 မှာက ဘက်ထရီကိုအချိန်တိုအတွင်း လျင်လျင်မြန်မြန်အားသွင်းပေးနိုင်တဲ့ Quick Charging စနစ်ပါဝင်ပါတယ်။

အစောပိုင်း စမ်းသပ်ချက်တွေအရ Huawei P9 ဟာ 3G နက်ဝပ်မှာ ဖုန်းပြောမယ်ဆိုရင် ၁၅ နာရီဝန်းကျင် ဆက်တိုက်ပြော နိုင်ပြီး iPhone 6s ကတော့ ၁၄ နာရီဝန်းကျင် ဆက်တိုက်ပြောနိုင်တာကို တွေ့ရှိထားရပါတယ်။

ဒီအချက်တွေကိုကြည့်မယ်ဆိုရင် ဘက်ထရီ သိုလှောင်နိုင်မှုအရရော ၊ လျင်လျင်မြန်မြန်အားသွင်းနိုင်မှုအပိုင်းမှာပါ Huawei P9 က iPhone 6s ထက် သာလွန်နေတာကိုတွေ့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ