Lifestyle: Huawei P9 ဖုန်းတွေမှာ ကင်မရာနည်းပညာပိုင်း ပူးပေါင်းထားတဲ့ LEICA ကင်မရာအကြောင်း

နာမည်သတင်းကြီးတဲ့ ဂျာမနီကင်မရာကုမ္ပဏီ LEICA အကြောင်းကို ဒီနေရာကနေ မိတ်ဆက်ဖော်ပြလိုက်ပါတယ်။

 

play

 

ဒီနေ့ခေတ်မှာ လူတွေဟာ မိုဘိုင်းလ်ဖုန်းနဲ့ ဓာတ်ပုံတွေ ပိုပိုပြီး ရိုက်လာကြ၊ မျှဝေလာကြတာနဲ့အမျှ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီကြီးတွေကလည်း သူတို့ဖုန်းတွေမှာ ပါဝင်တဲ့ ကင်မရာတွေကို အပြိုင်အဆိုင်အဆင့်မြှင့်တင်ဖန်တီးလာကြပါတယ်။

အဲဒီလို အပြိုင်အဆိုင် အဆင့်မြှင့်နေကြတဲ့အချိန်မှာပဲ ကမ္ဘာ့ထိပ်တန်းတရုတ်မိုဘိုင်းလ်ဖုန်းနဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Huawei က သူတို့ရဲ့ အသစ်ထွက် P9 စီးရီးဖုန်းတွေအတွက် ကမ္ဘာ့ထိပ်တန်းဂျာမနီကင်မရာ ကုမ္ပဏီကြီးဖြစ်တဲ့ LEICA နဲ့ နည်းပညာပိုင်းပူးပေါင်းပြီး တခြားသူတွေထက် ခြေတစ်လှမ်းသာအောင် ဆောင်ရွက်လိုက်ပါတယ်။

အဲဒီလို Huawei နဲ့ LEICA တို့ ပူးပေါင်းလိုက်တဲ့သတင်းဟာ နည်းပညာလောကမှာရော၊ ဓာတ်ပုံဝါသနာရှင်တွေ၊ ပညာရှင်တွေကြားမှာပါ အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။ LEICA ဆိုတာကမ္ဘာကျော်ကင်မရာဆိုပေမဲ့ ဓာတ်ပုံပညာရှင် မဟုတ်တဲ့သူတွေ၊ ကင်မရာအကြောင်းကို သိပ်စိတ်မ၀င်စားတဲ့သူတွေအတွက်တော့ LEICA ဆိုတာ ဘာကြီးလဲလို့ မေးစရာဖြစ်နေမှာပါ။ ဒါကြောင့် နာမည်သတင်းကြီးတဲ့ ဂျာမနီကင်မရာကုမ္ပဏီ LEICA အကြောင်းကို ဒီနေရာကနေ မိတ်ဆက်ဖော်ပြလိုက်ပါတယ်။

LEICA ဆိုတာဘာလဲ

LEICA AG ဆိုတာ LEICA အမှတ်တံဆိပ်ကင်မရာတွေကိုထုတ်လုပ်တဲ့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ဂျာမနီ ကင်မရာကုမ္ပဏီကြီး ဖြစ်ပါတယ်။ ကင်မရာတွေအပြင် ဓာတ်ပုံလုပ်ငန်းသုံးမှန်ဘီလူးတွေနဲ့ အခြားအမြင်အာရုံဆိုင်ရာ ပစ္စည်းတွေကိုလည်း ထုတ်လုပ်လျက်ရှိပါတယ်။

LEICA ကင်မရာတွေဟာ ကျစ်လစ်ပေါ့ပါးပြီး အရည်အသွေးမြင့်ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်းရှိတာကြောင့် Street Photographer လို့ခေါ်ကြတဲ့ လမ်းမတွေထက်မှာလျှပ်တစ်ပြက်ပုံရိပ်တွေရိုက်ယူရတာ ၀ါသနာထုံတဲ့ ဓာတ်ပုံသမားတွေ အကြိုက်တွေ့ကြပါတယ်။ ဒါ့အပြင် ကနဦးထုတ်လုပ်ခဲ့တဲ့ LEICA ကင်မရာတွေကို ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ထုတ်လုပ်ခဲ့တာ ဖြစ်တာကြောင့် ခေတ်ဟောင်း LEICA ကင်မရာတွေဟာ ရှေးဟောင်းပစ္စည်းစုဆောင်းသူတွေကြားမှာ ရေပန်းစားတဲ့ ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။

LEICA ဘာကြောင့်နာမည်ကြီးတာလဲ

play

 

LEICA ကင်မရာရဲ့မှန်ဘီလူးတစ်ခုချင်းစီကို ကျွမ်းကျင်ပညာရှင်တွေက လက်နဲ့တစ်ခုချင်း အနုစိတ်ဖန်တီးထားပြီး အရည်အသွေးစစ်ဆေးမှုကိုလည်း အကြိမ်ကြိမ်ပြုလုပ်ထားတာပါ။ ဒါကြောင့်ပဲ ဓာတ်ပုံပညာရှင်တွေလိုချင်တဲ့ အရည် အသွေးနဲ့ တိကျမှုတွေကို ပေးစွမ်းနိုင်ပါတယ်။

ပြီးတော့ LEICA ကင်မရာတွေကိုဖန်တီးတည်ဆောက်တဲ့နေရာမှာ အသုံးပြုမယ့်သူ လိုအပ်နိုင်တဲ့လုပ်ဆောင်ချက်တွေကို ကြိုတင်စဉ်းစားပြီး သူ့နေရာနဲ့သူ အံဝင်ခွင်ကျရှိနေအောင် ဖန်တီးထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ ကင်မရာရဲ့ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကို အာရုံစိုက်မနေရဘဲ ကိုယ်ရိုက်ကူးမယ့် ပုံအပေါ်မှာပဲ အပြည့်အ၀အာရုံစိုက်ထားနိုင်ပါတယ်။

ဒါ့အပြင် LEICA ကင်မရာတွေရဲ့ ဒီဇိုင်းပိုင်းကို အပိုအလိုမရှိ ကွက်တိဖြစ်ဖို့ အာရုံစိုက်ဖန်တီးထားတာကြောင့် ကင်မရာ ကိုယ်ထည်တွေက ရိုးရှင်းကျစ်လစ်ပြီး လှပသေသပ်ကာ သယ်ဆောင်ရတာလည်း လွယ်ကူပေါ့ပါးပါတယ်။ ဒီအချက် ကြောင့်ပဲ LEICA ကင်မရာတွေဟာ Street Photographer တွေကြားမှာရေပန်းစားတာဖြစ်ပါတယ်။ LEICA ကင်မရာတွေဟာ ကင်မရာနည်းပညာပိုင်းမှာ အများနဲ့မတူတဲ့ တီထွင်ဆန်းသစ်မှုတွေကို ရှေ့ဆောင်ဖန်တီးနိုင်ခဲ့မှု ကြောင့် နာမည်ကျော်ဓာတ်ပုံဆရာတွေရဲ့ ကြိုက်နှစ်သက်မှုကိုလည်း အမြဲလိုလိုရရှိခဲ့ကာ LEICA နဲ့ရိုက်ထားတဲ့ ကမ္ဘာကျော် ဓာတ်ပုံတွေလည်း အများအပြားပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။

LEICA ရဲ့ သမိုင်းကြောင်း

play

 

LEICA ကုမ္ပဏီကို ၁၉၁၄ ခုနှစ်မှာ ဂျာမနီနိုင်ငံမှာ Ernst Leitz ကတည်ထောင်ခဲ့ပါတယ် Leitz ရဲ့နာမည် ရှေ့ဆုံး ၃ လုံး LEI နဲ့ camera ဆိုတဲ့စကားလုံးရဲ့ ရှေ့ဆုံးနှစ်လုံး CA တို့ကိုပေါင်းပြီး LEICA လို့အမည်ပေးခဲ့တာလို့ သိရပါတယ်။ ၁၉၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ ကင်မရာတွေဟာ အားလုံးသိတဲ့အတိုင်း ကြီးမားလေးလံလှတာကြောင့် အဲဒီခေတ်မှာ ဓာတ်ပုံသတင်းပညာတို့၊ ရုတ်တရက်ဖြစ်ပေါ်တဲ့ ပုံရိပ်တွေကို လျှပ်တစ်ပြက်ရိုက်ကူးထားတဲ့ ဓာတ်ပုံမျိုးတွေလည်း မရှိနိုင်ခဲ့ ပါဘူး။

အဲဒီလိုအချိန်မှာ ဓာတ်ပုံပညာကို ၀ါသနာပါပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် ကြီးမားလေးလံတဲ့ ကင်မရာ ကြီးတွေကို သယ်ဆောင်ရိုက်ကူးနိုင်ခြင်း မရှိတဲ့ Ernst Leitz ဟာ သွားလေရာ သယ်ဆောင်နိုင်တဲ့ ကင်မရာတစ်ခု ဖန်တီး နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေကြုံတွေခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ လူတိုင်း သွားလေရာ သယ်ဆောင်နိုင်ပြီး အရည်အသွေးကောင်းတဲ့ပုံရိပ်တွေဖမ်းယူပေးနိုင်တဲ့ သေးငယ်ကျစ်လစ်တဲ့ကင်မရာကို ဖန်တီးနိုင်ခဲ့ပါ တော့တယ်။

အဲဒီဖန်တီးနိုင်မှုဟာ ခေတ်ပြောင်းတော်လှန်မှုတစ်ရပ်ဖြစ်ခဲ့ပြီး အခြားအခြားသော ကုမ္ပဏီတွေကပါ အတုယူ လိုက်လံထုတ်လုပ်ရတဲ့အထိ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ LEICA ကင်မရာနဲ့ ရိုက်ကူးထားတဲ့ သမိုင်းဝင်ဓာတ်ပုံတွေပါ ပေါ်ထွက်လာခဲ့ပြီး သြဇာကြီးမားတဲ့ ကင်မရာအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောဖို့ကျန်တာကတော့ LEICA ကင်မရာတွေဟာ နာမည်ကြီးသလို ဈေးနှုန်းကလည်း မြင့်မားလှပြီး တကယ့်ဓာတ်ပုံပညာရှင်တွေ၊ ဓာတ်ပုံပညာကိုဝါသနာပါသူတွေလောက်သာ ၀ယ်ယူကိုင်ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ အခုအခါမှာ Huawei နဲ့ ပူးပေါင်းလိုက်တာကြောင့် စမတ်ဖုန်းနဲ့ဓာတ်ပုံရိုက်ရတာ ၀ါသနာပါသူတွေပါ LEICA ရဲ့ ကင်မရာနည်းပညာကို ထိတွေ့ကိုင်ဆောင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ