Lifestyle: ကင်မရာပိုင်းအထူးအဆင့်မြှင့်ထားသည့် Huawei P9 နှင့် P9 lite မိတ်ဆက်ပွဲ Novotel ဟိုတယ်တွင် ကျင်းပ

ကမ္ဘာ့ထိပ်တန်းမိုဘိုင်းလ်ဖုန်းနဲ့ နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Huawei ဟာ နာမည်ကျော် ဂျာမနီကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်းပြီး ကင်မရာနည်းပညာပိုင်း အထူးအဆင့်မြှင့်တင်ထားတဲ့ P9 နဲ့ P9 lite ဖုန်းမော်ဒယ်လ်အသစ်နှစ်မျိုး မိတ်ဆက်ပွဲနဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ၊ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ Novotel ဟိုတယ်မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

 

play


ကမ္ဘာ့ထိပ်တန်း မိုဘိုင်းလ်ဖုန်းနဲ့ နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Huawei ဟာ နာမည်ကျော် ဂျာမနီကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်းပြီး ကင်မရာနည်းပညာပိုင်း အထူးအဆင့်မြှင့်တင်ထားတဲ့ P9 နဲ့ P9 lite ဖုန်းမော်ဒယ်လ် အသစ်နှစ်မျိုး မိတ်ဆက်ပွဲနဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ၊ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ Novotel ဟိုတယ်မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

play


အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲကို သတင်းဌာနအသီးသီးက မီဒီယာသမားတွေ၊ ဓာတ်ပုံပညာရှင်တွေ၊ Huawei ရဲ့ Brand Ambassador ၀တ်မှုန်ရွှေရည်အပါအ၀င် နာမည်ကျော်အနုပညာရှင်တွေ၊ Huawei နဲ့ Leica မှတာဝန်ရှိသူတွေ၊ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော် တွေ တက်ရောက်ခဲ့ကြပါတယ်။ Huawei P9 နဲ့ P9 lite ဖုန်းတွေကို ဧပြီလအတွင်းက လန်ဒန်မှာ စတင်မိတ်ဆက်ခဲ့ပြီး အခုအခါမှာ မြန်မာနိုင်ငံမှာ မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။

play


မိတ်ဆက်ပွဲအတွင်းမှာ Huawei P9 ကိုကြိုတင်ပြီး စမ်းသပ်သုံးစွဲခွင့်ရထားတဲ့ နာမည်ကျော် ဓာတ်ပုံပညာရှင်တွေနဲ့ အနုပညာရှင်တွေက P9 ရဲ့ ထူးခြားကောင်းမွန်တဲ့ ကင်မရာအရည်အသွေးတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ကိုယ်တွေ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေ ခဲ့ကြပါတယ်။

မိတ်ဆက်ပွဲ နဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ဧည့်သည်တော်တွေကို လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပြီး သတင်းမီဒီယာသမားတွေအတွက် Huawei P9 ၅ လုံးကို ကံစမ်းမဲဖောက်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

play

 

ကမ္ဘာတ၀န်းက ဓာတ်ပုံပညာရှင်တွေ အထူးနှစ်သက်တဲ့ Leica ကင်မရာနဲ့ နည်းပညာပိုင်း ပူးပေါင်းထားတဲ့ Huawei P9 ဟာ နောက်ကျောဘက်မှာ 12MP မှန်ဘီလူးနှစ်ခုပါဝင်ပြီး RGB နဲ့ monochrome ဆင်ဆာ နှစ်ခု ပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာပါ။

ဒါ့အပြင် အရောင်နဲ့ဓာတ်ပုံတွေအပြင် အရည်အသွေးမြင့်မားပြီး classic ဆန်တဲ့ အဖြူအမည်းဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်ကိုလည်း ဓာတ်ပုံဆရာတွေနဲ့ အနုပညာရှင်တွေက အထူးနှစ်သက်တာကိုတွေ့ခဲ့ရပါတယ်။ Huawei P9 ရဲ့မျက်နှာပြင်က 5.2 လက်မဖြစ်ပြီး Full HD ရုပ်ထွက်ကို ပေးစွမ်းမှာပါ။ ဒါ့အပြင် နောက်ဆုံးပေါ် USB Type-C ချိတ်ဆက်မှု၊ Super Hand Free 3.0 တို့လို ထူးခြားတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ ဆင်းကတ်အနေနဲ့လည်း ၂ ကတ်ထည့်သွင်း အသုံးပြုနိုင်ပြီး 4G LTE ချိတ်ဆက်နိုင်မှာပဲ ဖြစ်ပါတယ်။

P9 Lite က P9 လိုပဲ မျက်နှာပြင်အရွယ်အစား 5.2 လက်မနဲ့ FHD ရုပ်ထွက်ကိုပေးစွမ်းမှာဖြစ်ပြီး ဒီဇိုင်းပိုင်းကလည်း စမတ်ကျလှပပါတယ်။ ကင်မရာပိုင်းမှာတော့ P9 လို Leica မှန်ဘီလူးမပါဝင်ပေမဲ့ Sony IMX214 sensor နဲ့ HiSilicon ရဲ့ ISP တို့ပေါင်းစပ်ထားတဲ့ 13MP ကင်မရာက အကောင်းဆုံးပုံရိပ်တွေကို ဖမ်းယူပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားထူးခြားတဲ့ကင်မရာလုပ်ဆောင်ချက်တွေလည်း ပါဝင်ဦးမှာဖြစ်ပြီး ဈေးနှုန်းအရလည်း သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာပါ။

Huawei P9 နဲ့ P9 Lite ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ၊ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့မှာဆိုရင် Junction Square Shopping Centre နဲ့ မန္တလေးမြို့မှာဆိုရင် Sky Walk Shopping Mall တို့မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ P9 ကို ၅၅၉၀၀၀ ကျပ် နဲ့ P9 Lite ကို၂၇၉၀၀၀ ကျပ်တို့နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ Huawei ရဲ့ တရားဝင်သတင်းထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီလို ပထမဆုံးရောင်းချတဲ့ ဇွန်လ၊ ၂၅ ရက်နေ့ မနက် ၉ နာရီ ကနေ ၁၁ နာရီ အတွင်း ၀ယ်ယူတဲ့သူတွေကို Tripod ၊ Selfie Stick တို့ ပါဝင်တဲ့ လက်ဆောင်ဘူး Huawei TalkBand B3၊ သားရေကာဗာ၊ Screen Protector တို့ကို လက်ဆောင်ပေးအပ်သွားမှာဖြစ်ပြီး ပထမဆုံးဝယ်ယူသူ ၁၀ ဦးကတော့ အဲဒီလက်ဆောင်တွေအပြင် အထူးလက်ဆောင်အနေနဲ့ လျှို့ဝှက်လက်ဆောင်တွေပါတဲ့ Mysterious Box ကိုပါ ရရှိမှာ ဖြစ်ကြောင်းလည်း Huawei ကကြေညာသွားခဲ့ပါတယ်။ ဇွန်လ၊ ၂၅ ရက်နေ့နောက်ပိုင်းမှာတော့ P9 နဲ့ P9 Lite တို့ကို ရန်ကုန်နဲ့ မန္တလေးရှိ Huawei နဲ့ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Huawei P9 နဲ့ P9 Lite တို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်ဖို့အတွက် -

Huawei Mobile Myanmar ရဲ့ Facebook Page - https://www.facebook.com/HuaweiDeviceMyanmar

Website - http://consumer.huawei.com/mm

Instagram https://instagram.com/huaweidevicemyanmar တို့မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ