Lifestyle: Huawei P9 ရဲ့ ကင်မရာမှာပါဝင်တဲ့ Pro Mode လုပ်ဆောင်ချက်ကို လေ့လာကြည့်ခြင်း

ကမ္ဘာကျော် ကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်းထုတ်လုပ်လိုက်တဲ့ Huawei P9 စမတ်ဖုန်းရဲ့ ကင်မရာဟာ ဓာတ်ပုံရိုက်ဝါသနာပါသူတွေ နဲ့ ဓာတ်ပုံပညာရှင်တွေအတွက်တော့ စိတ်ဝင်စားစရာအပြည့်နဲ့ စမတ်ဖုန်းကင်မရာ ဖြစ်ခဲ့ပါတယ်။

 

play

 

ကမ္ဘာကျော် ကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်းထုတ်လုပ်လိုက်တဲ့ Huawei P9 စမတ်ဖုန်းရဲ့ ကင်မရာဟာ ဓာတ်ပုံရိုက်ဝါသနာပါသူတွေ နဲ့ ဓာတ်ပုံပညာရှင်တွေအတွက်တော့ စိတ်ဝင်စားစရာအပြည့်နဲ့ စမတ်ဖုန်းကင်မရာ ဖြစ်ခဲ့ပါတယ်။

P9 ရဲ့ကင်မရာမှာ အဆင့်မြင့်လုပ်ဆောင်ချက်တွေ အများအပြားပါဝင်တဲ့ထဲကမှ ပရိုဖက်ရှင်နယ်ကင်မရာတစ်လုံးလို ရိုက်ကူးနိုင်တဲ့ Pro Mode ကိုလေ့လာကြည့်ချင်ပါတယ်။ P9 ရဲ့ Pro Mode ကိုသုံးပြီးရိုက်ကူးမယ်ဆိုရင် အသုံးပြုသူဟာ ကင်မရာလုပ်ဆောင်ချက်တွေအားလုံးကို အပြည့်အဝထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီ Pro Mode ကိုအသုံးပြုဖို့အတွက် ကင်မရာလုပ်ဆောင်ချက်ကို ပြောင်းလဲရတာကလည်း အလွန်လွယ်ကူပါတယ်။ ဒါပေမဲ့ Pro Mode နဲ့ရိုက်ကူးမယ်ဆိုရင် ရိုက်ကူးမယ့်သူဟာ ဓာတ်ပုံပညာနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတတွေရှိထားမယ်ဆိုရင် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။ ဓာတ်ပုံပညာနဲ့ ပတ်သက်လို့ အခြေခံဗဟုသုတမရှိဘူးဆိုရင်လည်း P9 ရဲ့ကင်မရာကတော့ အကောင်းဆုံးပုံရိပ်တွေကို ထုတ်လုပ်ပေးနေ ဦးမှာပါပဲ။

play

 

P9 ရဲ့ Pro Mode ကိုအသုံးပြုဖို့အတွက် HDR , Monochrome စတဲ့ အဓိကကင်မရာ Mode တွေထဲက Pro Mode ကို အရင်ရွေးချယ်ရမှာပါ။ အဲဒီလိုရွေးချယ်ပြီးလို့ Pro Mode ထဲကိုရောက်ပီဆိုရင် မျက်နှာပြင်ကို ဘယ်ဘက်ကနေ ညာဘက် ကို ပွတ်ဆွဲလိုက်ရင် Focal Point ၊ ISO ၊ Shutter Speed ၊ Exposure Value ၊ Auto/Manual Focus နဲ့ White Balance တို့ကို စိတ်ကြိုက်ချိန်ညှိနိုင်မယ့် မြင်ကွင်းကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

P9 ရဲ့ Pro Mode ကပေးစွမ်းနိုင်တဲ့နောက်ထပ် အထူးခြားဆုံးလုပ်ဆောင်ချက်ကတော့ ပရိုဖက်ရှင်နယ်ဓာတ်ပုံသမားတွေ တောင်အကြိုက်တွေ့မယ့် Raw Format နဲ့သိမ်းဆည်းနိုင်တဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် P9 ရဲ့ကင်မရာဟာ စမတ်ဖုန်းကင်မရာတစ်လုံးရဲ့အဆင့်ကိုကျော်လွန်ပြီး DSLR ကင်မရာတစ်လုံးအဆင့်ထိရောက်ရှိသွားသလို ပါပဲ။ ဘာကြောင့်လဲဆိုတော့ Raw Format နဲ့သိမ်းဆည်းထားတဲ့ ဓာတ်ပုံတွေကို Photoshop လိုဓာတ်ပုံပြုပြင်ဆော့ဖ်ဝဲတွေ နဲ့ ပိုမိုအဆင်ပြေကောင်းမွန်စွာ တည်းဖြတ်မှုတွေလုပ်လို့ရနိုင်လို့ပဲ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်တွေအပြင် P9 ရဲ့ကင်မရာမှာ အခြားပြင်ပဆော့ဖ်ဝဲအကူအညီမလိုဘဲ ပရိုဖက်ရှင်နယ်အဆင့် ဓာတ်ပုံတစ်ပုံဖြစ်တဲ့အထိ တည်းဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ ဒီလို စမတ်ဖုန်းကင်မရာ တစ်လုံးရဲ့လုပ်ဆောင်ချက်တွေထက် များစွာသာလွန်ပြီး ပရိုဖက်ရှင်နယ်ကင်မရာတစ်လုံးအလား စွမ်းဆောင်နိုင်တဲ့ P9 ရဲ့ Dual Lens နဲ့ Leica ကင်မရာရဲ့အစွမ်းဟာ သုံးစွဲကြည့်မိသူတိုင်း အကြိုက်တွေ့မှာသေချာလျက် ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ