Lifestyle: ဆန်းသစ်ပြီးဆွဲဆောင်မှုရှိတဲ့အရောင်နဲ့အကောင်းဆုံး ကင်မရာဖုန်းHuawei P9 Rose Gold

စမတ်ဖုန်းတစ်လုံးဟာ အဘက်ဘက်က စွမ်းဆောင်ရည်တွေကောင်းမွန်ဖို့လိုသလို အရောင်နဲ့ဒီဇိုင်း ကလည်း ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိနေမှသာ သုံးစွဲသူကို စိတ်ကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်မှာပါ။

 

play

 

စမတ်ဖုန်းတစ်လုံးဟာ အဘက်ဘက်က စွမ်းဆောင်ရည်တွေကောင်းမွန်ဖို့လိုသလို အရောင်နဲ့ဒီဇိုင်းကလည်း ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိနေမှသာ သုံးစွဲသူကို စိတ်ကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်မှာပါ။

ဒါကြောင့်ပဲ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ Huawei ဟာ အကောင်းဆုံးကင်မရာဖုန်းလို့တင်စားရ အောင် ကင်မရာစွမ်းဆောင်ရည်ကောင်းမွန်ပြီး မျက်နှာပြင်ရုပ်ထွက်အရည်အသွေး၊ ဘက်ထရီ၊ လက်ဗွေစနစ် စတဲ့ စွမ်းဆောင်ရည်တွေလည်းထိပ်တန်းအဆင့်မှာရှိနေတဲ့ သူတို့ရဲ့ဖုန်းမော်ဒယ်လ် P9 ကို သုံးစွဲသူတွေစိတ်ကျေနပ်မှု ပိုမိုရရှိစေဖို့အတွက်အတွက် လှပဆန်းသစ်တဲ့အရောင်တစ်မျိုးဖြစ်တဲ့ Rose Gold နဲ့ပါတိုးချဲ့ထုတ်လုပ်ခဲ့ပါတယ်။

ကမ္ဘာကျော် Leica ကင်မရာနဲ့နည်းပညာပိုင်းပူးပေါင်းထားပြီး နောက်ဘက်ကင်မရာနှစ်ခုပါဝင်ကာ ပရိုဖက်ရှင်နယ်သုံး ကင်မရာတစ်လုံးလို ဓာတ်ပုံတွေရိုက်ကူးနိုင်စွမ်းရှိတဲ့ P9 ကို မူလကထုတ်လုပ်ထားတဲ့လှပတဲ့အရောင်တွေအပြင် အခုအခါမှာ Rose Gold လို့ခေါ်တဲ့ဆန်းသစ်တဲ့အရောင်နဲ့လည်း မြန်မာနိုင်ငံမှာ ရရှိနိုင်နေပြီ ဖြစ်ပါတယ်။

Huawei ဟာ P9 Rose Gold ကို အောက်တိုဘာလ၊ ၇ ရက်နေ့ကမြန်မာနိုင်ငံမှာ အထူးမိတ်ဆက်ရောင်းချပွဲတစ်ရပ် ကျင်းပကာ စတင်ရောင်းချခဲ့တာဖြစ်ပြီး အခုဆိုရင်အနယ်နယ်အရပ်ရပ်က မိုဘိုင်းလ်ဖုန်းဆိုင်တွေမှာလည်း P9 Rose Gold ကိုဝယ်ယူရရှိနိုင်နေပါပြီ။ ရန်ကုန်မြို့၊ မြန်မာပလာဇာမှာ ကျင်းပသွားခဲ့တဲ့ P9 Rose Gold မိတ်ဆက်ရောင်းချပွဲကို နာမည်ကျော် အနုပညာရှင်တွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး အဲဒီမိတ်ဆက်ပွဲနေ့မှာပဲ အမှတ်တရဓာတ်ပုံပြိုင်ပွဲတစ်ခုကိုလည်း Huawei ကကျင်းပပေး ခဲ့ပါသေးတယ်။

play

 

ဒါ့အပြင် အဲဒီနေ့မှာပဲ Huawei သုံးစွဲသူများကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ City Mission ဓာတ်ပုံပြိုင်ပွဲမှာ ဆုရရှိသူတွေကို ဆုချီးမြှင့်သွားခဲ့တယ်လို့လည်း သိရပါတယ်။ ကမ္ဘာတစ်ဝန်းက ဓာတ်ပုံပညာရှင်တွေအထူးနှစ်သက်တဲ့ Leica ကင်မရာနဲ့ နည်းပညာပိုင်းပူးပေါင်းထားတဲ့ Huawei P9 ဟာ နောက်ကျောဘက်မှာ 12MP မှန်ဘီလူးနှစ်ခုပါဝင်ပြီး RGB နဲ့ monochrome ဆင်ဆာ နှစ်ခု ပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုဖမ်းယူနိုင်မှာပါ။

အရောင်နဲ့ဓာတ်ပုံတွေအပြင် အရည်အသွေးမြင့်မားပြီး classic ဆန်တဲ့ အဖြူအမည်း ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်ကိုလည်း ဓာတ်ပုံဆရာတွေနဲ့ အနုပညာရှင် တွေက အထူးနှစ်သက်တာကိုတွေ့ခဲ့ရပါတယ်။ Huawei P9 ရဲ့မျက်နှာပြင်က 5.2 လက်မဖြစ်ပြီး Full HD ရုပ်ထွက်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် USB Type-C ချိတ်ဆက်မှု၊ Super Hand Free 3.0 တို့လိုထူးခြားတဲ့လုပ်ဆောင်ချက်တွေ လည်းပါဝင်ပါသေးတယ်။ ဆင်းကတ်အနေနဲ့လည်း ၂ ကတ်ထည့်သွင်း အသုံးပြုနိုင်ပြီး 4G LTE ထိချိတ်ဆက်နိုင်ပါတယ်။ Huawei P9 ကို Ram 3GB မှာ သိုလှောင်မှုပမာဏ 32 GB နဲ့ Ram 4 GB မှာဆိုရင် 64 GB ဆိုပြီးနှစ်မျိုး ရရှိနိုင်မှာပါ။ ဒါပေမဲ့လိုအပ်ရင် မန်မိုရီကတ်ထည့်ပြီး သိုလှောင်မှုပမာဏကို 128 GB အထိတိုးမြှင့်နိုင်ပါတယ်။ Huawei P9 ရဲ့ ဘက်ထရီက 3000 mAh ဖြစ်ပြီး ဘက်ထရီကိုအချိန်တိုအတွင်း လျှင်လျှင်မြန်မြန်အားသွင်းပေးနိုင်တဲ့ Quick Charging စနစ်ပါဝင်ပါတယ်။

ဒီလိုအဘက်ဘက်က စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဒီဇိုင်းနဲ့အရောင်အရလည်း လှပပြီးဆန်းသစ်တဲ့ Huawei ရဲ့ P9 Rose Gold ဟာ လက်မလွှတ်သင့်တဲ့ စမတ်ဖုန်းကောင်းတစ်လုံးပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ