AD
AD
AD

play

 

Installment Payment Plan (အရစ်ကျငွေပေးချေမှုစနစ်)ဆိုတာ Credit Card ကိုင်ဆောင်အသုံး ပြုသူတွေ အနေနဲ့ ဘဏ်နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျပေးချေမှုပြုလုပ်နိုင်တဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု တစ်မျိုးပဲ ဖြစ်ပါတယ်။

သက်ဆိုင်ရာဘဏ်က ထုတ်ဝေထားတဲ့ Credit Card ကိုကိုင်ဆောင်ထားသူတွေအနေနဲ့ အဆိုပါ အကြွေးဝယ်ကတ်လက်ခံတဲ့ ဘယ်ဆိုင်မှာမဆို IPP စနစ်နဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ IPP စနစ်နဲ့ ပရိဘောဂပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ ၊ မိုဘိုင်းဖုန်း ၊ တူရိယာပစ္စည်းများဝယ်ယူနိုင်သလို ထိမ်းမြားမင်္ဂလာ ၊ ပညာရေး ၊ ကျန်းမာရေးတို့လို့ ဝန်ဆောင်မှုတွေအတွက် ကုန်ကျစရိတ်တွေကိုလည်း ပေးချေနိုင်ပါတယ်။

အဲဒီလိုပေးချေတဲ့နေရာမှာ အကြွေးဝယ်ကတ်ကိုင်ဆောင်ထားသူဟာ သူရရှိထားတဲ့ အကြွေးသုံးစွဲနိုင်ခွင့်ပမာဏ (Credit Limit) အတိုင်းဝယ်ယူ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ IPP စနစ်နဲ့ဝယ်ယူခြင်းကြောင့် လက်ငင်းငွေပေးချေရန် မလိုဘဲ ကိုယ်လိုအပ်တဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုကိုသတ်မှတ်ထားတဲ့ ပမာဏအတိုင်းအရစ်ကျ ပေးချေပြီးဝယ်ယူနိုင်တဲ့အခွင့်အရေးကောင်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

CB Bank ရဲ့ Credit Card ကိုင်ဆောင်ထားတဲ့ customer တွေအတွက် အရစ်ကျစနစ် (Installment Payment Plan) ကို CB Bank မှဝန်ဆောင်မှုပေးနေပါတယ်။ CB Bank Credit Card ဟာကိုင်ဆောင်သူရဲ့ ၀င်ငွေပေါ်မူတည်ပြီးအနည်း ဆုံးကျပ်နှစ်သိန်းမှ အများဆုံးကျပ်သိန်းငါးဆယ်ထိ အသုံးပြုခွင့်ပေးထားပါတယ်။ ဒါကြောင့် CB Bank customer တွေအနေနဲ့ ဘ၀နေထိုင်မှုအတွက်လိုအပ်တဲ့ ကုန်ပစ္စည်းတွေအပြင် ပညာရေးနဲ့ပတ်သက်ပြီး လေ့လာဆည်းပူးသင်ယူဖို့အတွက် သင်ကြားရေးဆိုင်ရာဝန်ဆောင်မှုတွေကို လည်းရယူနိုင်မှာဖြစ်ပါတယ်။ CB Bank Credit Card လက်ခံတဲ့ဘယ်နေရာမှာမဆို အရစ်ကျစနစ် ၀န်ဆောင်မှုစနစ်ကို ရယူနိုင်မှာဖြစ်ပါတယ်။ CB Bank Credit Card ကိုင်ဆောင်ထားသူတွေဟာ Installment Payment Plan ကိုခြောက်လ နဲ့ တစ်နှစ် ဆိုပြီးပေးချေမှု ပုံစံ (၂ )မျိုးထဲက ကိုယ်နှစ်သက်အဆင်ပြေရာ တစ်မျိုးကိုရွေးချယ်နိုင်ခွင့်လည်းရှိပါတယ်။ ၆လအရစ်ကျ ၀န်ဆောင်မှုရယူခြင်းအတွက် Handling Fee – ၁၀၀၀၀ ကျပ်ကို(၁ ကြိမ်သာ) ပေးသွင်းရန်လိုအပ်ပြီး ၀ယ်ယူတဲ့တန်ဖိုးပေါ်မှာလစဉ် အတိုး ၁ ရာခိုင်နှုန်းကိုပေးဆောင်ရမှာ ဖြစ်ပါတယ်။ ၁၂ လအရစ်ကျစနစ်ဆိုရင်တော့ Handling Fee – ၂၀၀၀၀ ကျပ် (၁ ကြိမ်သာ) နဲ့ လစဉ်အတိုး ၁ ဒသမ ၂ ရာခိုင်နှုန်း သာပေးဆောင်ရမှာပါ။

Installement Payment Plan ကို We PLAN လို့လည်းသတ်မှတ်ခေါ်ဆိုနိုင်သလို အရောင်းဆိုင်တွေမှာ We PLAN နဲ့ပေးမယ်လို့ပြောရင်ပဲ အရစ်ကျဝယ်ယူလို့ရပါပြီ။ CB Credit Card ကိုင်ဆောင်သူများ အတွက်သာ We PLAN နဲ့ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် We PLAN နဲ့ရောင်းပေးတဲ့ဆိုင်များကိုလည်း CB Bank website မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် CB Bank ရဲ့ Credit Card ကို နီးစပ်ရာ CB Bank ခွဲများမှာလျှောက်ထားရယူပြီး Installment Payment Plan (We PLAN) ဝန်ဆောင်မှုကိုရယူခြင်းဖြင့် ကိုယ့်ရဲ့ဝင်ငွေကို စနစ်တကျစီမံခန့်ခွဲပြီးအကျိုးရှိစွာ အသုံးချနိုင်တဲ့ အခွင့်အလမ်းကောင်းကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေထပ်မံသိရှိလိုပါက CB Bank ရဲ့ website - http://www.cbbank.com.mm/ နဲ့ Official Facebook page - https://www.facebook.com/CBBankmyanmar/posts/1132552716788051:0 တို့မှာဝင်ရောက်ကြည်ရှု့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD