Lifestyle: အင်တာနက်ပေါ်ကနေ ဘဏ်ဝန်ဆောင်မှုအားလုံးရယူနိုင်မယ့် Internet Banking အကြောင်းသိထားသင့်သမျှ

ဘဏ်ကိုသွားနေစရာမလိုဘဲ အင်တာနက်ရှိရုံနဲ့ဆောင်ရွက်နိုင်တာကြောင့် အချိန်ကုန်၊ လူပင်ပန်းသက်သာပြီး ဘဏ်ဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

 

play

 

Internet Banking ဆိုတာကတော့ Internet ကနေတစ်ဆင့် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုအားလုံးကို အချိန်နေရာမရွေး လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်တဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုပဲဖြစ်ပါတယ်။

ဘဏ်ကိုသွားနေစရာမလိုဘဲ အင်တာနက်ရှိရုံနဲ့ဆောင်ရွက်နိုင်တာကြောင့် အချိန်ကုန်၊ လူပင်ပန်းသက်သာပြီး ဘဏ်ဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

iBanking ဟာ Internet ကိုအခြေခံထားတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းတွေအပြင်အခြား လျှပ်စစ်ကိရိယာ တွေကနေတစ်ဆင့်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ iBanking ကိုအသုံးပြုပြီး မိမိကိုယ်ပိုင်ဘဏ်စာရင်းကနေ ငွေလွှဲပို့ခြင်း၊ ငွေလွှဲပြောင်းခြင်း၊ ငွေပေးချေလိုတဲ့သူရဲ့အမည်၊ ဘဏ်စာရင်းနံပါတ်ကို မှတ်ပုံတင်ခြင်းနဲ့စာရင်းလွှဲပြောင်း ငွေပေးချေခြင်း၊ MasterCard/ VISA Card တွေကိုငွေဖြည့်ခြင်း စတာတွေကို ဆောင်ရွက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍပေါင်းစုံ ပြောင်းလဲတိုးတက်လာတာနဲ့အတူ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေလည်း ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်ပါစီးနင်းနိုင်ဖို့အတွက် Internet Banking(iBanking)စနစ်ကို အခုဆိုရင် CB ဘဏ်ကနေ ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။

CB Bank မှာ ဘဏ်စာရင်းတစ်ခုရှိရုံနဲ့ iBanking စနစ်ကို CB Bank Website ကနေတစ်ဆင့် User Name၊ Password တို့နဲ့ဝင်ရောက် ဆောင်ရွက်နိုင်ပြီး ဘဏ်စာရင်း တစ်ခုနှင့်တစ်ခု ငွေကြေးလွှဲပြောင်းလက်ခံမှုတွေဆောင်ရွက်ခြင်းအပြင် အွန်လိုင်းကနေဈေးဝယ်ခြင်း နဲ့ ဘီလ်ပေးချေခြင်း စတာတွေကိုလည်း ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

CB Bank ရဲ့ iBanking ၀န်ဆောင်မှုမှာ နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားတဲ့အပြင် One Time Password (OTP) နှင့် သုံးစွဲရတာဖြစ်တဲ့အတွက် လုံခြုံမှုအဆင့်မြင့်မားစွာနဲ့ စာရင်းပိုင်ရှင်ကို အပြည့်အ၀အကာ အကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။ iBanking ၀န်ဆောင်မှုကို အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို ပျက်ကွက်စရာမလိုဘဲ ငွေကြေးဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲနိုင်ရုံသာမက ကိုယ့်ရဲ့နေ့စဉ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်တွေကိုလည်း အလွယ်တကူစစ်ဆေးနိုင်မှာပဲ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေထပ်မံသိရှိလိုပါက CB Bank ရဲ့ website - http://www.cbbank.com.mm/ နဲ့ Official Facebook page - https://www.facebook.com/CBBankmyanmar/posts/1070300743013249:0 တို့မှာဝင်ရောက်ကြည်ရှု့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ