Lifestyle: IPhone 7 မှာ Huawei P9 ရဲ့ Dual Lens ကင်မရာနည်းပညာ ပါမယ်လို့ သတင်းထွက်

ကမ္ဘာကျော်ကင်မရာကုမ္ပဏီ Leica နဲ့ကင်မရာနည်းပညာပိုင်း ပူးပေါင်းထုတ်လုပ်ထားတဲ့ P9 ဟာ နောက်ကျောဘက်မှာ 12MP ကင်မရာနှစ်လုံးပါဝင်ပါတယ်။

play

 

စက်တင်ဘာလထဲမှာ ထွက်ရှိတော့မယ့် iPhone 7 မှာ Huawei ရဲ့နောက်ဆုံးထွက် ဖုန်းအသစ် P9 မှာပါဝင်တဲ့ Dual Lens ကင်မရာနည်းပညာပါဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကမ္ဘာကျော်ကင်မရာကုမ္ပဏီ Leica နဲ့ကင်မရာနည်းပညာပိုင်း ပူးပေါင်းထုတ်လုပ်ထားတဲ့ P9 ဟာ နောက်ကျောဘက်မှာ 12MP ကင်မရာနှစ်လုံးပါဝင်ပါတယ်။ အဲဒီကင်မရာနှစ်လုံးထဲက တစ်လုံးက ပုံမှန်ကာလာဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပြီး ကျန်တစ်လုံးကတော့ အလင်းအမှောင်မှန်ကန်ကောင်းမွန်မှုကို အဓိကထားတဲ့ အဖြူအမည်းဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင် ပါတယ်။

play

 

ဒါ့အပြင် Huawei P9 ရဲ့ကင်မရာဟာ မှန်ဘီလူးနှစ်ခုနဲ့ရိုက်ကူးတဲ့အတွက် ပုံထွက်အရည်အသွေးကို ထင်ရှားပြတ်သားစေပြီး အထူးကောင်းမွန်တဲ့ ပရိုဖက်ရှင်နယ်ကင်မရာတစ်လုံးနဲ့ ရိုက်ကူးသလိုခံစားရနိုင်ပါတယ်။

လက်ရှိအချိန်မှာ iPhone 7 ထွက်ဖို့အတွက် ၂ လနီးပါး ကျန်ရှိနေသေးပြီး ထွက်လာတဲ့အချိန်မှာ တကယ်ပဲ Huawei P9 လို Dual Lens ကင်မရာပါဝင်လာမလားဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Huawei P9 ကတော့ လက်ရှိအချိန်မှာ ကမ္ဘာတ၀န်းမှာ ရောင်းအားအထူးကောင်းလျက်ရှိနေပြီး မြန်မာနိုင်ငံမှာလည်း ၅၅၉၀၀၀ ကျပ်နဲ့ရောင်းချလျက်ရှိရာ လူကြိုက်များလျက်ရှိပါတယ်။

Huawei P9 ရဲ့မျက်နှာပြင်က 5.2 လက်မဖြစ်ပြီး Full HD ရုပ်ထွက်ဖြစ်ပါတယ် ။ ဒါ့အပြင် နောက်ဆုံးပေါ် USB Type-C ချိတ်ဆက်မှု၊ Super Hand Free 3.0၊ လက်ဗွေလုံခြုံရေးစနစ်တို့လို ထူးခြားတဲ့လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ ဆင်းကတ်အနေနဲ့လည်း ၂ ကတ်ထည့်သွင်း အသုံးပြုနိုင်ပြီး 4G LTE ချိတ်ဆက်နိုင်မှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ