Lifestyle: iPhone များရဲ့ အားနည်းချက် (၅) ခု

အရည်အသွေးသိပ်ကောင်းပါတယ်ဆိုတဲ့ iPhone တွေမှာလည်း အားနည်းချက်တွေ ရှိနေပါသေးတယ်။

play

 

Apple နည်းပညာကုမ္ပဏီရဲ့ iPhone ထုန်ကုန်တွေဟာ အရည်အသွေး ကောင်းမွန်မှုကြောင့် နာမည်ကျော်လှပါတယ်။ ဘယ်အရာမဆို အားနည်းချက်ရှိတဲ့အတိုင်း iPhone တွေမှာလည်း ရှိပါတယ်။ အောက်ဖော်ပြပါ အချက်တွေထဲက တစ်ခုလောက် လုပ်မိလိုက်တာနဲ့ သင့်ရဲ့iPhone ကိုလုံးလုံးပျက်စီးသွားစေ နိုင်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပေါက်ပြဲချွတ်ယွင်းနေသော ကြိုးများသုံးခြင်း

play

 

iPhone သုံးသူအများစု ကြုံရတာက ကြာလာတဲ့အခါ Lightning cable တွေ ပေါက်ပြဲလာခြင်း ဖြစ်ပါတယ်။ အဲဒီအခါ ဆက်သုံးနေရင် ဖုန်းကို အလွန်ထိခိုက်စေပါလိမ့်မယ်။ တစ်ချို့အခြေအနေတွေမှာ ဒီလိုမကောင်းတော့တဲ့ ကြိုးတွေက အားမပြည့်ပဲ အားတောင်လျော့နည်းသွားတက်ပါတယ်။ ဒီလိုဖြစ်လာရင် Lightning cable အသစ်သာ ဝယ်လိုက်ပါ။

၂။ ဘယ်တော့မှ မပိတ်ခြင်း

play

 

တစ်ချို့က ဖုန်းပိတ်ဖို့ မေ့နေကြပါတယ်။ iPhone ပဲသုံးသုံး၊ အခြာဖုန်းပဲ သုံးသုံး သတိရရင် ရသလို ဖုန်းကို ပါဝါပိတ်ပိတ်ပေးရမှာဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ဖုန်းကိုလုံးဝမပိတ်ပဲ သုံးနေရင်တော့ သင့်ဖုန်းရဲ့ ကျန်းမာရေး ကောင်းမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ Airplane mood လောက်လုပ်ထားသင့်ပါတယ်။

၃။ over-charge ဖြစ်ခြင်း

play

 

အိပ်ရာဝင်နီးကျမှ ဖုန်းအားသွင်းမိပြီး တစ်ညလုံးပလပ်မဖြုတ်ပဲ ထားမိတာမျိုး ခဏခဏဖြစ်နေမယ်ဆိုရင် လည်းသင့်ရဲ့ဖုန်း ရေရှည်မှာ စွမ်းဆောင်ရည်ကောင်းဖို့ အာမခံချက် မပေးနိုင်ပါဘူး။

၎။ ရာသီဥတု

play

 

iPhone တွေက ပြင်းထန်တဲ့ ရာသီဥတုတွေနဲ့ အဆင်မပြေကြပါဘူး။ သိပ်ပူလွန်းတဲ့ ရာသီဥတုမှာလည်း အဆင်မပြေသလို သိပ်အေးလွန်းတဲ့ ရာသီဥတုမှာလည်း အဆင်မပြေပြန်ပါဘူး။ အပူချိန် ၃၂ ဒီဂရီအထက်နဲ့ ၉၅ ဒီဂရီဖာရင်ဟိုက်အထက် အပူချိန်တွေမှာ iPhone ကိုမသုံးသင့်ပါဘူး။

၅။ ရေထိခြင်း

play

 

တစ်ချို့က ရေချိုးရင်းနားထောင်ဖို့ ရေချိုးခန်းထဲ iPhone တွေကို ယူသွားတက်ကြပါတယ်။ ရေမှုန်ရေမွှားတွေ ဝင်တက်တာကြောင့် မယူသင့်ပါဘူး။ ဒါမှမဟုတ် ဖုန်းတွေကို ရေချိုးခန်းထဲမှာ သီချင်းဖွင့်ပြီး ရေမစိုအောင် ကာကွယ်ပေးတဲ့ အိတ်တွေရှိပါတယ်။ အဲဒါမျိုး သုံးပါ။

Source : www.youtube.com

Photos : www.lanspeed.com, www.wired.com, www.evasi0n.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ