Lifestyle: မျိုးဆက်သစ် iPhone မှာ ပါဝင်လာမယ့် နည်းပညာ အသစ်တွေ

, updated

၂၀၁၆ မှာထွက်ရှိလာမယ့် မျိုးဆက်သစ် iPhone ရဲ့ ဒီဇိုင်းနဲ့ နည်းပညာအသစ်တွေ ပေါက်ကြားလာပါတယ်။

play

လာမယ့် ၂၀၁၆ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် iPhone 7 မျိုးဆက်ဟာ အပြောင်းအလဲများစွာနဲ့  အသုံးပြုသူတွေ လက်ထဲရောက်လာတော့မယ်လို့ ခန့်မှန်းမှုတွေ ထွက်ထားပြီးပါပြီ။ လောလောဆယ်မှာတော့ Apple ကုမ္ပဏီက မတူညီတဲ့ iPhones တွေကို ငါးမျိုးထက်မနည်း စမ်းသပ်နေတယ်လို Gforgames ကဖော်ပြထားပါတယ်။

GforGames ဆိုတာ အစဉ်အဆက် iPhones ရဲ့ရှေ့ပြေးကောလဟာလ သတင်းတွေကို ဖော်ပြခဲ့တာဖြစ်ပြီး မှန်ကန်မှုတွေလည်း ရှိခဲ့ပါတယ်။ ကဲ. . . လာမယ့် iPhone 7 မျိုးဆက်မှာ ဘာတွေ ပြောင်းလဲသွားမလဲ ဆိုတော့…

play

 

၁။ Lightning port လို့ခေါ်တဲ့ အားသွင်းကြိုးတပ်တဲ့နေရာမှာ ဒီဇိုင်းပြောင်းလဲမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် iPhone တွေကို mac တစ်မျိုးတည်းနဲ့သာ ချိတ်ဆက်လို့ရအောင် စီစဉ်ထားတာပါ။

၂။ လာမယ့် iPhone  မျိုးဆက်မှာ ကြိုးမဲ့အားသွင်းစနစ် သေချာပေါက် ပါဝင်တော့မယ်လို့ ဆိုလာပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကို Apple က ကိုယ်ပိုင်ဖန်တီးလုပ်ဆောင်ထားတာလား၊ အရင်ရှိပြီးသား နည်းပညာကိုပဲ အသုံးပြုမှာလားဆိုတာတော့ မသိရသေးပါဘူး။

၃။ 3D touch နည်းပညာလည်း ပါဝင်ဖို့ သေချာသလောက် ရှိနေပြီလို့ ဆိုပါတယ်။ 3D touch နည်းပညာဆိုတာကတော့ ဥပမာ- သင်က လက်နှစ်ချောင်းနဲ့ ဖုန်းမျက်နှာပြင်ကို ထိတဲ့အခါ နောက်ပြန်သွားတဲ့ back key အဖြစ်သတ်မှတ်ထားမယ်ဆိုရင် ဒီလုပ်ဆောင်ချက်ကို အမြဲလုပ်နေမှာပါ။ လက်သုံးချောင်းနဲ့ ထိလိုက်တာအခါ home button ကိုရောက်သွားစေဆိုလည်း သင် သတ်မှတ်စေညွှန်းရာအတိုင်း လုပ်ဆောင်ပေးပါလိမ့်မယ်။

play

 

၎။ နောက်တစ်ခုကတော့ ဖုန်းမျက်နှာပြင်ပေါ်မှာပဲ လက်ဗွေဖတ်နိုင်မယ့် စနစ်ဖြစ်ပါတယ်။ 3D touch နည်းပညာရဲ့ နောက်ဆက်တွဲ ရလဒ်တွေဖြစ်ပါတယ်။ Home Button အတွက်ပေးထားရတဲ့ အောက်ခြေနေရာကိုပါ ဖုန်းရဲ့မျက်နှာပြင် ရောက်ရှိလာဖို့ ရှိနေပါတယ်။

သေချာတာကတော့ လက်ရှိမှာ မတူညီတဲ့ပုံစံ ၅ မျိုးလောက်နဲ့ ဒီဇိုင်းရေးဆွဲနေတာ ဖြစ်တဲ့အတွက် လာမယ့် ၂၀၁၆ မှာ iPhone မျိုးဆက်သစ် မော်ဒယ်ကို အရမ်းကွဲပြားတဲ့ ဒီဇိုင်းနဲ့ တွေ့လိုက်ရရင်လည်း "မအံ့သြကြပါနဲ့" လို့ အကြံပေးပါရစေ။

Source  & Photos : www.forbes.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ