Lifestyle: ၂၀၁၇ မှာထွက်မယ့် iPhone ကိုသာ စောင့်ပြီး ဝယ်ယူသင့်တဲ့ အကြောင်းပြချက် (၇) ခု

iPhone တွေစတင်ထုတ်လုပ်ခဲ့တာ ၂၀၁၇ ခုနှစ်ဆိုရင် ဆယ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

play

 

လာမယ့် ၂၀၁၇ ခုနှစ်မှာ အိုင်ဖုန်းစတင်ထုတ်လုပ်မှု ဆယ်နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Apple ထုတ်ကုန်တွေ ကျွမ်းကျင်သူကတော့ ၂၀၁၇ ခုနှစ်မှာ အသစ်ထွက်ရှိလာမယ့် iPhone ဟာ သာမန်ထက်ကိုပိုပြီး ထူးခြားကောင်းမွန်နေလိမ့်မယ်လို့ ဆိုထားကြပါတယ်။

အခုနောက်ဆုံးထွက်ရှိားတဲ့ iPhone 7 ကို ဝယ်ယူခြင်းထက် လာမယ့်နှစ်မှာ ထွက်ရှိလာမယ့် iPhone မော်ဒယ်အသစ်ကို စောင့်စား ဝယ်ယူသင့်တယ်ဆိုတဲ့ အကြောင်းပြချက် ၇ ခုရှိပါတယ်။

၁။ S မော်ဒယ်ဖြစ်လာမည်မဟုတ်

play

 

iPhone ရဲ့ထုံးစံအတိုင်း 5s, 6s တို့ရဲ့ အစဉ်အလာကို ချိုးဖျက်ပြီးလာမယ့်နှစ်မှာ iPhone 7s ကိုထုတ်လုပ်မှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။

iPhone စတင်ထုတ်လုပ်ခဲ့တာ ဆယ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက် iPhone သဘောမျိုး ဖြစ်လာနိုင်ပါတယ်။

၂။ ဘေးဘောင် မပါတော့ခြင်း

play

 

ဖန်သားမျက်နှာပြင်ဘေးက ဘေးဘောင်တွေကို ဖုန်းရဲ့ကိုယ်ထည်မှာထည့်သွင်းတော့မှာ မဟုတ်ဘူးလို့လည်း ကောလာဟလ ထွက်လျက်ရှိပါတယ်။

၃။ ဖန်သားကျောပြင်

play

 

နောက်ကျောဘက်ဟာ အလူမီနီယံ ရစ်ပတ်ထားတဲ့ဖန်သားကျောပြင် (iPhone 4s ကဲ့သို့)ဖြစ်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

၎။ Home button

play

 

့လက်ဗွေဖတ်တဲ့ Home button ဟာလည်း ပျောက်ကွယ်သွားပြီး ဖန်သားပြင်ထဲမှာပဲ လက်ဗွေဖတ်တဲ့စနစ်ကို မြှုပ်ထားမယ်လို့ ဆိုပါတယ်။

၅။ မျက်နှာပြင်

play

 

iPhone မော်ဒယ်အသစ်ရဲ့ မျက်နှာပြင်ဟာ အခုလို LCD မသုံးတော့ဘဲ AMOLED မျက်နှာပြင်ကို အသုံးပြုဖွယ် ရှိပါတယ်။

၆။ ကြိုးမဲ့အားသွင်းစနစ်

play

 

အတော်လေး သေချာနေတာကတော့ အိုင်ဖုန်းရဲ့ ကြိုးမဲ့အားသွင်းစနစ်ဟာ လာမယ့်မော်ဒယ်အသစ်မှာ ပါလာဖွယ်ရှိတယ်လို့ Apple ထုတ်ကုန်တွေကို အမြဲကြိုတင်ခန့်မှန်းတဲ့ MacRumors ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

၇။ နားကြပ်

play

 

အခု အသစ်ထွက်ထားတဲ့ iPhone 7 မှာလည်း ကြိုးမဲ့နားကြပ်စနစ် အသုံးပြုနိုင်ပေမဲ့ သီးသန့်ဝယ်ယူရမှာဖြစ်ပါတယ်။ ဆယ်နှစ်ပြည့်မှာ ထုတ်လုပ်မယ့် iPhone မှာတော့ ကြိုးမဲ့ ear pod တစ်ပါတည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

Source : Tech Insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ