AD
AD
AD
play

 

Mulled Wine ဆိုတာက ဝိုင်ကိုအမွှေးအကြိုင်တွေ၊ အသီးအနှံတွေထည့်ပြီး အပူပေးထားတာဖြစ်ပြီး အနောက်နိုင်ငံတွေမှာ ဆောင်းတွင်းဘက် ရာသီဥတုအေးတဲ့အချိန်မှာသောက်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ရာသီဥတုအေးတဲ့အချိန် နဲ့လိုက်ဖက်မှာဖြစ်ပြီး မိသားစုဝင်တွေအားလုံးပျော်ပျော်ပါးပါးသောက်နိုင်မှာဖြစ်လို့ လုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

၁။ ဝိုင် (အနီ၊ သို့မဟုတ် အဖြူ)

၂။ လိမ္မော်သီး (အခွံ နှင့် အသီးဖက် နှစ်ခုလုံး)

၃။ သံပုရာခွံ

၎။ သစ်ကြံပိုးခေါက်

play

 

ပြုလုပ်ပုံ

၁။ လိမ္မော်ခွံ၊သံပုရာခွံ ၊ သစ်ကြံပိုးခေါက် နဲ့ သကြားတို့ကို အိုးတစ်လုံးထဲထည့်ပါ။

၂။ ပါဝင်ပစ္စည်းတွေမြုပ်ရုံလောက် ဝိုင်ကိုလောင်းထည့်ပါ။ ဝိုင်အားလုံးကုန်အောင်မထည့်လိုက်ပါနဲ့ဦး။ ပြီးရင် အနည်းငယ်လောက်ပွက်တဲ့အထိအပူပေးပါ။

၃။ အနည်းငယ်ပွက်ပြီး ပါဝင်ပစ္စည်းတွေလည်း နူးပြီး သမသွားပြီဆိုရင် မီးအပူချိန်ကိုလျှော့ပြီး ကျန်တဲ့ဝိုင်အားလုံးထည့်ပါ။

၎။ အပူချိန်အနည်းငယ်သာပေးပြီး မွှေပေးနေပါ။ မပွက်ပါစေနဲ့။

၅။ လိမ္မော်သီးဖက်တွေကို အရည်ညှစ်ထားတဲ့လိမ္မော်ရည်အပါအဝင်ကိုယ်နှစ်သက်ရာ တခြားဖျော်ရည်၊သစ်သီးတို့ကိုလည်း ထပ်ထည့်လို့ရပါတယ်။

၆။ ခပ်နွေးနွေးအနေအထားနဲ့ ပါဝင်ပစ္စည်းတွေ သမသွားပြီဆိုရင် သုံးဆောင်လို့ရပါပြီ။

Mulled Wine လုပ်ဖို့အသင့်လျော်ဆုံးဝိုင်ကတော့ မက်မွန်သီးရနံ့နဲ့ Jacob’s Creek Classic Shiraz နဲ့ ချယ်ရီရနံ့နဲ့ Jacob’s Creek Reserve Pinot Noir ဝိုင်တို့ပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD