AD
AD
AD

play

 

သင့်ရဲ့ညစာကို ဥရောပဆန်ဆန်တမူထူးခြားသွားစေမယ့် အီတလီဝက်အူချောင်းကြက်ဥခေါက်ဆွဲကို သြစတြေးလျရဲ့ နာမည်ကျော် စားဖိုမှူးနဲ့ Food Blogger ဘီလီလောရဲ့နည်းအတိုင်းအိမ်မှာလုပ်စားနိုင်စေဖို့ ဖော်ပြပေးချင်ပါတယ်။ အခုဖော်ပြပေးမှာက အီတလီဝက်အူချောင်းကြက်ဥခေါက်ဆွဲကလုပ်နည်း လူ ၄ ယောက်စာအတွက်ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥခေါက်ဆွဲ - ၁ ထုပ်(၂၅၀ ဂရမ်)

သံလွင်ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း

ဝက်ဆားနယ်ခြောက် - ၂ ခု(ပါးပါးလှီးထားပါ)

ဝက်အူချောင်း - ၂၅၀ ဂရမ် (ခပ်ထူထူလှီးထားပါ)

ကြက်သွန်မြိတ် - ၁ ပင်(ဥ ချည်းသက်သက်)

ကြက်သွန်နီ - ၁ ဥ (လေးထောင့်တုံးသေးသေးလေးတွေတုံးထားပါ)

ကြက်သွန်ဖြူ - ၄ မွှာ ဆား၊ ငရုတ်ကောင်း

ပါးပါးခြစ်ထားတဲ့ချိစ် - ခွက်တစ်ဝက်စာ ( ပြီးသွားတဲ့အခါ အပေါ်ကနေချိစ်ဖြူးချင်ရင် အနည်းငယ်အပိုထားထားပါ)

ချက်ပြုတ်နည်း

၁။ အိုးကြီးကြီးထဲကို ရေထည့်ပြီး မီးပြင်းပြင်းနဲ့ပွက်အောင်တည်ပါ။ ပွက်နေတဲ့ရေထဲကို ဆားအနည်းငယ်ထည့်ပါ။ အဲဒီနောက် ခေါက်ဆွဲလက်တစ်ဆုပ်စာကို ရေနွေးထဲဖြန့်ပြီးထည့်ကာ ၁၀ - ၁၅ မိနစ်လောက်ပြုတ်ပါ။

၂။ တစ်ချိန်တည်းမှာပဲ ဒယ်အိုးပြား (ဒယ်အိုးစောက်) တစ်ခုကိုအပူပေးပြီး သံလွင်ဆီ ၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့ထည့်ကာဆီတွေထွက်ပြီး အနားတွေညိုလာအောင် မိနစ်အနည်းငယ်မွှေပါ။ အဲဒီနောက် ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ထည့်ပြီး ကြက်သွန်နီတွေနူးလာတဲ့အထိ မိနစ်အနည်းငယ်ထပ်မွှေပါ။

 

၃။ ခေါက်ဆွဲကျတ်သွားပြီဆိုရင် ဆယ်ပြီးရေစစ်ပါ။ ရေတစ်ခွက်စာအသင့်ထားပါ။ ခေါက်ဆွဲကိုဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့ရှိတဲ့ဒယ်အိုးပြားထဲထည့်ပြီး နှံ့သွားအောင်နယ်ပေးပါ။ ဆားနဲ့ငရုတ်ကောင်းအနည်းငယ်ဖြူးပါ။ ပြီးရင် မီးပိတ်ထားပါ။ ၄။ ချိစ်ထဲကို ကြက်ဥ ၃ လုံးလောက်ဖောက်ထည့်ပြီး မွှေပါ။ ကြက်ဥနဲ့ချိစ်အနှစ်ကို ခေါက်ဆွဲအားလုံးအပေါ်အုပ်မိတဲ့အထိ အပေါ်ကနေလောင်းထည့်ပါ။ ခေါက်ဆွဲတွေကခြောက်နေတဲ့ပုံပေါ်ရင် ခေါက်ဆွဲပြုတ်ရေအနည်းငယ်လောင်းထည့်လို့ ရပါတယ်။ကြိုက်တတ်ရင် ခြစ်ထားတဲ့ ချိစ်အချောင်းလေးတွေကို အပေါ်ကနေဖြူးနိုင်ပါတယ်။

ဒါဆိုရင် အရသာရှိတဲ့ အီတလီဝက်အူချောင်းကြက်ဥခေါက်ဆွဲကိုရပါပြီ။ Jacob's Creek Reserve Adelaide Hills Chardonnay ဝိုင်နဲ့တွဲဖက်သုံးဆောင်လိုက်ရင်တော့ တကယ့်ကို ဗိုလ်ဆန်တဲ့ ညစာအရသာကို ရရှိမှာပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD