AD
AD
AD

play

 

မြန်မာတွေအကြိုက်ဟင်းလျာတစ်မျိုးဖြစ်တဲ့ ဝက်သုံးထပ်သားဟင်းကို ပုံမှန်မြန်မာချက်မဟုတ်ဘဲ နာမည်ကျော် သြစတြေးလျ Food Blogger နဲ့စားဖိုမှူးတစ်ဦးဖြစ်တဲ့ ဘီလီလောရဲ့နည်းအတိုင်းချက်ပြီး ထူးခြားတဲ့ဟင်းလျာ တစ်ခွက်အဖြစ် ဖန်တီးနိုင်စေဖို့ ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရေ - ၂ လီတာ

ဝက်သားသုံးထပ်သား - ၁ ကီလိုဂရမ် ( ၃ စင်တီမီတာအရွယ်ခန့် အတုံးလေးတွေတုံးထားပါ)

ဂျင်း - လက် ၂ ဆစ်(အခွံနွှာထားပါ)

 ကြက်သွန်ဖြူ - ၁ ဥ ( ပါးပါးလှီးထားပါ)

စမုန်စပါး - အနည်းငယ်

ငရုတ်သီးအကြမ်းဖက် - လဘက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်(အကျဲ) - ၁၀၀ မီလီလီတာ

သကြား - ၁၅၀ ဂရမ်

ကြက်ဥပြု - ၆ လုံး (အခွံနွှာထားပါ)

 

ချက်ပြုတ်နည်း

၁။ ကြွေ၊ သို့မဟုတ် မြေအိုးထဲသို့ ရေထည့်ပြီး ဆူအောင်တည်ပါ။

၂။ တည်ထားတဲ့ရေနွေးထဲကို ဝက်သုံးထပ်သားထည့်ပါ။ ဂျင်း၊ကြက်သွန်ဖြူ နှင့် စမုန်စပါး တို့ထည့်ပါ။ ရေပွက်ပွက်ဆူ အောင်ပြန်တည်ပါ။

၃။ အပူချိန်ကိုပြန်လျှော့ပြီး နွေးရုံလေးနှပ်ထားပါ။ ငရုတ်သီးအကြမ်းဖက်၊ ရှာလကာရည်၊ ပဲငံပြာရည် အပျစ်၊ အကျဲနဲ့ သကြားတို့ ထည့်ပါ။ သကြားတွေပျော်တဲ့ထိ မွှေပေးပါ။ အဲဒီနောက် ပြုတ်ထားပြီးသားကြက်ဥတွေထည့်ပါ။ အဲဒီနောက် အဖုံးအုပ်ပြီး ၂ နာရီခန့်၊ ဒါမှမဟုတ် ဝက်သားတွေနူးတဲ့အထိ နှပ်ထားပါ။ အဲဒီလိုနှပ်ထားတဲ့အချိန်မှာ အိုးကို မကြာ၊မကြာ မွှေပေးပါ။ ဟင်းအနှစ်ပျစ်လာတဲ့အခါ မြည်းကြည့်ပြီး အပေါ့၊အငံ လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်။ ပြီးရင်တော့ ထမင်းနဲ့တွဲစားဖို့ ပုံမှန်နဲ့မတူ ထူးခြားတဲ့ဝက်သုံးထပ်သားဟင်းတစ်ခွက်ကို ရရှိပါပြီ။

ဒီဝက်သုံးထပ်သားဟင်းကို Jacob’s Creek Reserve Barossa Shiraz ဝိုင်နဲ့တွဲဖက်သုံးဆောင်လိုက်မယ်ဆိုရင် ဆွေမျိုးမေ့သွားလောက်အောင် အရသာရှိသွားမှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD